သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်ာ္ဂ်ီယာမွာ ျပန္က်င္းပတဲ့ ေ႐ြးေကာက္ပြဲနဲ႔ ျမန္မာႏြယ္ဖြားတိုင္းရင္းသား အျမင္မ်ား


ေဂ်ာ္ဂ်ီယာမွာ ေရြးေကာက္ခံ သမၼတ ဂ်ိဳးဘိုင္ဒန္ပါ လာေရာက္မဲဆြယ္ေပးေန

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု အထက္လႊတ္ေတာ္မွာ ဘယ္ပါတီက လႊမ္းမိုးမလဲဆိုတာ အေျဖေပးမယ့္ ေဂ်ာ္ဂ်ီယာျပည္နယ္က ျပန္လည္က်င္းပတဲ့ ေရြးေကာက္ပဲြေတြမွာ မဲေပးမယ့္သူေတြ၊ မဲမေပးမယ့္ ျမန္မာ တိုင္းရင္းသား ႏြယ္ဖြားေတြလည္းရွိေနၾကပါတယ္။ အဂၤါေန႔မွာ က်င္းပမယ့္ ေဂ်ာ္ဂ်ီျပည္နယ္ ေရြးေကာက္ပဲြ ထူးျခားခ်က္ေတြနဲ႔ ပတ္သက္လို႔ ကိုေအာင္ျမတ္သူက ဆက္သြယ္ေမးျမန္း တင္ျပမွာပါ။

ေဂ်ာ္ဂ်ီယာျပည္နယ္ ဥပေဒအရ ၿပီးခဲ့တဲ့ ႏို၀င္ဘာေရြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ အထက္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြဟာသတ္မွတ္ထားတဲ့ မဲရာခိုင္ႏႈန္း ၅၀% ထိ ဘယ္သူမွ မေရာက္ခဲ့တာေၾကာင့္ အခုလို ေနာက္တၾကိမ္ ျပန္လည္ ယွဥ္ျပိဳင္ၾကတာျဖစ္ပါတယ္။ လက္ရွိ ဆီးနိတ္အထက္လႊတ္ေတာ္မွာ ရီပက္ဘလစ္ကန္အမတ္ ၅၀ ရွိျပီး ဒီမိုကရက္က ၄၆ ဦး၊ တသီးပုဂၢလအမတ္က ၂ ဦး ရွိေနတာမို ့ က်န္ရွိေနတဲ့ ေဂ်ာ္ဂ်ီယာျပည္နယ္အတြက္ အထက္လႊတ္ေတာ္အမတ္ ၂ ေနရာရဖို႔ ပါတီႏွစ္ခု အၾကိတ္အနွယ္ ယွဥ္ျပိဳင္ေနၾကတာျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္က လက္ရွိ ေရြးေကာက္ပဲြမွာ ႀကိဳတင္မဲေပးထားၿပီသာျဖစ္တဲ့ ျမန္မာႏြယ္ဖြား ကိုစြမ္းကေတာ့ ပါတီႏွစ္ခု အၿပိဳင္အဆိုင္ ေနာက္ဆံုး မဲဆြယ္ေနတဲ့အေျခအေနကို ဗီြအိုေအကို အခုလိုေျပာပါတယ္။

" က်ေနာ့အျမင္ေျပာရင္ေတာ့ ဒီစနစ္ ေရြးပြဲမွာေတာ့ အေရးၾကီးတာေပါ့ေနာ္။ ေအာက္လႊႊတ္ေတာ္မွာဆိုရင္ သူတို ့ဒီမိုကရက္တစ္က အားလံုးနိုင္ျပီးသားဆိုေတာ့ အထက္လႊတ္ေတာ္မွာသူတို ့နိုင္တယ္ဆိုရင္ ဒီမိုကရက္တစ္က သူတို ့စိတ္ႀကိဳက္လုပ္လို ့ရတာေပါ့ေနာ္။ အဲဒါေၾကာင့္ သူတို ့ဆီးနိတ္မွာ အျပိဳင္အဆိုင္ သူတို ့လုပ္ေနၾကတယ္ ထင္ပါတယ္။ "

ေမး။ ။ ကိုစြမ္းကိုယ္တိုင္ ရီပါပလင္ကန္ေတြႀကီးစိုးတဲ့ ေဂ်ာ္ဂ်ီယာမွာေနတာ ၁၀ႏွစ္ေလာက္ရွိၿပီဆိုေတာ့ အခုလို ေရြးေကာက္ပြဲ ျပန္ၿပီးက်င္းပတဲ့ ထူးျခားခ်က္ ေျပာျပပါ။

ေျဖ။ ။ ဟုတ္တယ္။ ၿပီးခဲ့တဲ့ နွစ္ ၂၀ ဆိုရင္ ရီပါပလင္ကန္ေတြ ႀကီးစိုးတဲ့ ေနရာေပါ့။ ထူးျခားခ်က္အေနနဲ ့ကေတာ့ ဒီမိုကရက္ ဘက္ကေတာ့ ေတာ္ေတာ္ေလးႀကိဳးစားတယ္ေပါ့ေနာ္။ အျပင္မွာ စည္းရံုးတာတို ့၊ ဖုန္းနဲ ့ Text Message ပို ့တာတို ့၊ ဖုန္းေခၚတာတို ့ ေတာ္ေတာ္ေလးလုပ္ၾကတယ္။ ရီပက္ဘလစ္ကန္ဘက္မွာေတာ့ အဲလို သိပ္လုပ္တာမ်ိဳးမရွိပါဘူး။

ေမး။ ။ လက္ရွိေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေတြပိုမ်ားလား။ ေရြးေကာက္ပဲြေန႔မွာ မဲရံုေတြမွာ သြားထည့္မယ့္ သူေတြမ်ားမလား။

ေျဖ။ ။ ျပီးခဲ့တဲ့ နို၀င္ဘာ ၃ ေရြးေကာက္ပြဲတုန္းကဆုိရင္ ၾကိဳတင္မဲပိုမ်ားတယ္။ တကယ့္ ေရြးေကာက္ပြဲက်ေတာ့ လူမရွိေတာ့ဘူး။ ဒါေပမယ့္ ဒီတေခါက္ေတာ့ ဘယ္လိုလာမလဲ က်ေနာ္လည္း မေျပာတတ္ဘူး။”

ေဂ်ာ္ဂ်ီယာျပည္နယ္ ေရြးေကာက္ပဲြမွာ မဲဆႏၵရွင္ အမ်ားစုကႀကိဳတင္မဲေတြေပးခဲ့ၾကသလို ဒီကေန႔မွာလည္း မဲရံုးေတြမွာ မဲသြားေပးမယ့္သူေတြလည္းရွိေနပါတယ္။ ဒါေပမယ့္ Stone mountain မွာေနထိုင္တဲ့ ကရင္တိုင္းရင္းသား Pah Dah ကေတာ့ သူမဲသြားေပးဖို႔ မရွိတဲ့အေၾကာင္း ဗီြအိုေအကို အခုလိုေျပာပါတယ္။

ကရင္တိုင္းရင္းသား Pah Dah ။ ။ က်ေနာ္ကေတာ့ မဲသြားထည့္ဖို ့ စိတ္မရွိေတာ့ဘူး။ ဘယ္လိုေျပာရမလဲ စိတ္ဆႏၵမရွိေတာ့ဘူးေပါ့ေနာ္။ ဘာျဖစ္လို ့လဲဆိုေတာ့ ပထမတခါတုန္းကက်ေတာ့ စိတ္ရွည္လက္ရွည္နဲ ့ၾကိဳးစားျပီးေတာ့ သြားထည့္ၾကတယ္။ ေနာက္ဆံုးေတာ့ ဘယ္လိုေျပာမလဲဆိုေတာ့ ရႈပ္ေထြးမႈေတြလည္း ျဖစ္တာေတြအမ်ားၾကီးျဖစ္ျပီး အခုေတာင္မွ မဲလိမ္ညာမွု မဟုတ္မမွန္လုပ္တာေတြ အမ်ားၾကီးရွိတယ္။ အဲလိုမ်ိဴးျဖစ္တဲ့ခါက်ေတာ့ ဘယ္လိုေျပာမလဲ အထူးသျဖင့္ က်ေနာ္တို ့ တိုင္းရင္းသားေတြပဲျဖစ္ျဖစ္ က်ေနာ္ကိုယ္တိုင္ပဲ ျဖစ္ျဖစ္ အခုက်ေတာ့ မဲသြားမထည့္ဘူးလို႔ က်ေနာ္တို ့ဆံုးျဖတ္တယ္။

အခု ျပန္က်င္းပမယ့္ ေရြးေကာက္ပြဲအတြက္ ရီပက္ဘလစ္ကန္ပါတီက လက္ရွိအထက္လြွတ္ေတာ္အမတ္ Mr. Perdue နဲ ့ဒီမိုကရက္ဘက္ေတာ့ အသက္ ၃၃ ႏွစ္အရြယ္ သတင္းသမားေဟာင္း Jon Ossoff တို႔ ယွဥ္ၿပိဳင္ၾကမွာျဖစ္သလို၊ အထက္လႊတ္ေတာ္ ေနာက္တေနရာအတြက္ ယွဥ္ၿပိုင္မယ့္ သူေတြကေတာ့ ရီပါပလင္ကန္ဘက္က လုပ္ငန္းရွင္ အမ်ဳိးသမီး Kelly Loeffler နဲ႔ ဒီမိုကရက္ဘက္ကေတာ့ တရားေဟာဆရာတဦးျဖစ္တဲ့ Rev Raphael Warnock တို ့ယွဥ္ၿပိဳင္ ၾကမွာျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္မွာ အခုက်င္းပမယ့္ အထက္လႊတ္ေတာ္ေရြးေကာက္ပြဲဟာ ရီပါပလင္ကန္နဲ႔ ဒီမိုကရက္ ႏွစ္ပါတီလံုးအတြက္ အေရးႀကီးတဲ့ ေရြးေကာက္ပြဲျဖစ္တာမို ့ သမၼတထရန္ ့ ေရာ၊ ေရြးေကာက္ခံ သမၼတ ဂ်ိဳးဘိုင္ဒန္ပါ လာေရာက္မဲဆြယ္ေပးေနၾကပါတယ္။ ရီပက္ဘလစ္ကန္ေတြကပဲ ဆီးနိတ္ကို ဆက္လက္ စိုးမိုးထားမလား၊ ဆယ္စုနွစ္ေပါင္းမ်ားစြာ အထက္လႊတ္ေတာ္မွာ ေအာင္ပြဲနဲ ့ေ၀းကြာေနတဲ့ ဒီမိုကရက္ေတြပဲ နိုင္သြားမလားဆိုတာ စိတ္၀င္စားစရာပါ။ ဒီထက္ပိုအေရးၾကီးတာက ဆီးနိတ္အထက္လႊတ္ေတာ္ကို ဘယ္ပါတီကစိုးမိုးမလဲ အခုတဖန္ျပန္လည္က်င္းပမယ့္ ေဂ်ာ္ဂ်ီယာျပည္နယ္ အထက္လြွတ္ေတာ္ေရြးေကာက္ပြဲက စကားေျပာေနတာမို ့ အားလံုးရဲ႕ မ်က္လံုးေတြက ဒီေရြးေကာက္ပြဲကို ေရာက္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဂျော်ဂျီယာမှာ ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ မြန်မာနွယ်ဖွားတိုင်းရင်းသား အမြင်များ

(Unicode)

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ ဘယ်ပါတီက လွှမ်းမိုးမလဲဆိုတာ အဖြေပေးမယ့် ဂျော်ဂျီယာပြည်နယ်က ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးမယ့်သူတွေ၊ မဲမပေးမယ့် မြန်မာ တိုင်းရင်းသား နွယ်ဖွားတွေလည်းရှိနေကြပါတယ်။ အင်္ဂါနေ့မှာ ကျင်းပမယ့် ဂျော်ဂျီပြည်နယ် ရွေးကောက်ပွဲ ထူးခြားချက်တွေနဲ့ ပတ်သက်လို့ ကိုအောင်မြတ်သူက ဆက်သွယ်မေးမြန်း တင်ပြမှာပါ။

ဂျော်ဂျီယာပြည်နယ် ဥပဒေအရ ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာသတ်မှတ်ထားတဲ့ မဲရာခိုင်နှုန်း ၅၀% ထိ ဘယ်သူမှ မရောက်ခဲ့တာကြောင့် အခုလို နောက်တကြိမ် ပြန်လည် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ လက်ရှိ ဆီးနိတ်အထက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်အမတ် ၅၀ ရှိပြီး ဒီမိုကရက်က ၄၆ ဦး၊ တသီးပုဂ္ဂလအမတ်က ၂ ဦး ရှိနေတာမို့ ကျန်ရှိနေတဲ့ ဂျော်ဂျီယာပြည်နယ်အတွက် အထက်လွှတ်တော်အမတ် ၂ နေရာရဖို့ ပါတီနှစ်ခု အကြိတ်အနှယ် ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ်က လက်ရှိ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးထားပြီသာဖြစ်တဲ့ မြန်မာနွယ်ဖွား ကိုစွမ်းကတော့ ပါတီနှစ်ခု အပြိုင်အဆိုင် နောက်ဆုံး မဲဆွယ်နေတဲ့အခြေအနေကို ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျနော့အမြင်ပြောရင်တော့ ဒီစနစ် ရွေးပွဲမှာတော့ အရေးကြီးတာပေါ့နော်။ အောက်လွှွှတ်တော်မှာဆိုရင် သူတို့ဒီမိုကရက်တစ်က အားလုံးနိုင်ပြီးသားဆိုတော့ အထက်လွှတ်တော်မှာသူတို့နိုင်တယ်ဆိုရင် ဒီမိုကရက်တစ်က သူတို့စိတ်ကြိုက်လုပ်လို့ရတာပေါ့နော်။ အဲဒါကြောင့် သူတို့ဆီးနိတ်မှာ အပြိုင်အဆိုင် သူတို့လုပ်နေကြတယ် ထင်ပါတယ်။ "

မေး။ ။ ကိုစွမ်းကိုယ်တိုင် ရီပါပလင်ကန်တွေကြီးစိုးတဲ့ ဂျော်ဂျီယာမှာနေတာ ၁၀နှစ်လောက်ရှိပြီဆိုတော့ အခုလို ရွေးကောက်ပွဲ ပြန်ပြီးကျင်းပတဲ့ ထူးခြားချက် ပြောပြပါ။

ဖြေ။ ။ ဟုတ်တယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ ဆိုရင် ရီပါပလင်ကန်တွေ ကြီးစိုးတဲ့ နေရာပေါ့။ ထူးခြားချက်အနေနဲ့ကတော့ ဒီမိုကရက် ဘက်ကတော့ တော်တော်လေးကြိုးစားတယ်ပေါ့နော်။ အပြင်မှာ စည်းရုံးတာတို့၊ ဖုန်းနဲ့ Text Message ပို့တာတို့၊ ဖုန်းခေါ်တာတို့ တော်တော်လေးလုပ်ကြတယ်။ ရီပက်ဘလစ်ကန်ဘက်မှာတော့ အဲလို သိပ်လုပ်တာမျိုးမရှိပါဘူး။

မေး။ ။ လက်ရှိရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေပိုများလား။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာ သွားထည့်မယ့် သူတွေများမလား။

ဖြေ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရွေးကောက်ပွဲတုန်းကဆိုရင် ကြိုတင်မဲပိုများတယ်။ တကယ့် ရွေးကောက်ပွဲကျတော့ လူမရှိတော့ဘူး။ ဒါပေမယ့် ဒီတခေါက်တော့ ဘယ်လိုလာမလဲ ကျနော်လည်း မပြောတတ်ဘူး။”

ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် အများစုကကြိုတင်မဲတွေပေးခဲ့ကြသလို ဒီကနေ့မှာလည်း မဲရုံးတွေမှာ မဲသွားပေးမယ့်သူတွေလည်းရှိနေပါတယ်။ ဒါပေမယ့် Stone mountain မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသား Pah Dah ကတော့ သူမဲသွားပေးဖို့ မရှိတဲ့အကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

ကရင်တိုင်းရင်းသား Pah Dah ။ ။ ကျနော်ကတော့ မဲသွားထည့်ဖို့ စိတ်မရှိတော့ဘူး။ ဘယ်လိုပြောရမလဲ စိတ်ဆန္ဒမရှိတော့ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတခါတုန်းကကျတော့ စိတ်ရှည်လက်ရှည်နဲ့ကြိုးစားပြီးတော့ သွားထည့်ကြတယ်။ နောက်ဆုံးတော့ ဘယ်လိုပြောမလဲဆိုတော့ ရှုပ်ထွေးမှုတွေလည်း ဖြစ်တာတွေအများကြီးဖြစ်ပြီး အခုတောင်မှ မဲလိမ်ညာမှု မဟုတ်မမှန်လုပ်တာတွေ အများကြီးရှိတယ်။ အဲလိုမျိူးဖြစ်တဲ့ခါကျတော့ ဘယ်လိုပြောမလဲ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားတွေပဲဖြစ်ဖြစ် ကျနော်ကိုယ်တိုင်ပဲ ဖြစ်ဖြစ် အခုကျတော့ မဲသွားမထည့်ဘူးလို့ ကျနော်တို့ဆုံးဖြတ်တယ်။

အခု ပြန်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရီပက်ဘလစ်ကန်ပါတီက လက်ရှိအထက်လွှတ်တော်အမတ် Mr. Perdue နဲ့ဒီမိုကရက်ဘက်တော့ အသက် ၃၃ နှစ်အရွယ် သတင်းသမားဟောင်း Jon Ossoff တို့ ယှဉ်ပြိုင်ကြမှာဖြစ်သလို၊ အထက်လွှတ်တော် နောက်တနေရာအတွက် ယှဉ်ပြိုင်မယ့် သူတွေကတော့ ရီပါပလင်ကန်ဘက်က လုပ်ငန်းရှင် အမျိုးသမီး Kelly Loeffler နဲ့ ဒီမိုကရက်ဘက်ကတော့ တရားဟောဆရာတဦးဖြစ်တဲ့ Rev Raphael Warnock တို့ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ အခုကျင်းပမယ့် အထက်လွှတ်တော်ရွေးကောက်ပွဲဟာ ရီပါပလင်ကန်နဲ့ ဒီမိုကရက် နှစ်ပါတီလုံးအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တာမို့ သမ္မတထရန့် ရော၊ ရွေးကောက်ခံ သမတ ဂျိုးဘိုင်ဒန်ပါ လာရောက်မဲဆွယ်ပေးနေကြပါတယ်။ ရီပက်ဘလစ်ကန်တွေကပဲ ဆီးနိတ်ကို ဆက်လက် စိုးမိုးထားမလား၊ ဆယ်စုနှစ်ပေါင်းများစွာ အထက်လွှတ်တော်မှာ အောင်ပွဲနဲ့ဝေးကွာနေတဲ့ ဒီမိုကရက်တွေပဲ နိုင်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒီထက်ပိုအရေးကြီးတာက ဆီးနိတ်အထက်လွှတ်တော်ကို ဘယ်ပါတီကစိုးမိုးမလဲ အခုတဖန်ပြန်လည်ကျင်းပမယ့် ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော်ရွေးကောက်ပွဲက စကားပြောနေတာမို့ အားလုံးရဲ့ မျက်လုံးတွေက ဒီရွေးကောက်ပွဲကို ရောက်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG