သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော် ထိန်းချုပ်ရေးအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲ Joe Biden နဲ့ Donald Trump တို့ သွားရောက်မဲဆွယ်မည်


(Zawgyi/Unicode)

လာမယ့် အင်္ဂါနေ့ ပြန်လည်ကျင်းပဖို့ ရှိတဲ့ ၊ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ အမေရိကန်သမ္မတနဲ့ ဒုသမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Joe Biden နဲ့ Kamala Harris ရော၊ ရာထူးက ထွက်ခွာတော့မယ် သမ္မတ ဒေါ်နယ်ထရမ့်ပါ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်ကို သ ွားရောက်ဖို့ စီစဉ် နေကြပါတယ်။

Kamala Harris ကတော့ တနင်္ဂနွေနေ့ကျရင် ဒီမိုကရက်ပါတီက ယှဉ်ပြိုင်မယ့် ဘက်ပတစ် တရားဟောဆရာ Raphael Warnock နဲ့ ရုပ်သံမှတ်တမ်း ရိုက်ကူးသူ Jon Ossoffတို့အတွက် အက်တလန်တစ်ကမ်းခြေ Savannah မြို့မှာ လူထုတရားပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ Rev. Raphael Warnock ဟာ လက်ရှိ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Kelly Loeffler နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ၊ Jon Ossoff ကတော့ လက်ရှိ အထက်လွှတ်တော်အမတ် David Perdue နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဂျိုး ဘိုင်ဒန်ဟာ အဲဒီ ဒီမိုကရက် အမတ်လောင်း နှစ်ဦးနဲ့အတူ ဂျော်ဂျီယာပြည်နယ်ရဲ့ အကြီးဆုံး Atlanta မြို့မှာ လူထုတရားပွဲ ကျင်းပမှာ ဖြစ်သလို ၊ ဒေါ်နယ်ထရမ့်က တော့ လက်ရှိ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် ၂ဦးနဲ့အတူ Whitfieldကောင်တီ Dalton လေဆိပ်မှာ မဲဆွယ်တရားပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် နေ့ ရွေးကောက်ပွဲတုန်းက ဒီပြိုင်ဘက် ၄ ဦးတို့ကြား ပြတ်သားတဲ့ မဲရလဒ် မပေါ်ထွက် ခဲ့တဲ့အတွက် အခု ပြန်လည်ကျင်းပရမှာ ဖြစ်ပြီး ၊ ဒီရွေးကောက်ပွဲ ရလဒ်ဟာ ဂျိုးဘိုင်ဒန် သမ္မတသက်တမ်း ပထမ ၂ နှစ်အတွင်း အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ရေးအတွက် အရေးကြီးတဲ့ ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)





XS
SM
MD
LG