သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေရးအသံုးစရိတ္ဥပေဒၾကမ္းပယ္ခ်မႈ လက္ခံၾကဖို႔ အထက္လႊတ္ေတာ္ ရီပတ္ဘလစ္ကန္ေတြကို သမၼတ Trump တိုက္တြန္း


သမၼတ Trump

(Zawgyi/Unicode)

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က သူ ဗီတိုအာဏာနဲ႔ ပယ္ခ်ထားတဲ့ အေမရိကန္ ကာကြယ္ေရး အသုံးစရိတ္ဆိုင္ရာ ဥပေဒ မူၾကမ္း ကို ဗီတိုအာဏာကို ေက်ာ္လႊားၿပီး အတည္မျပဳဖို႔ အထက္လႊတ္ေတာ္ ရစ္ပတ္ဘလင္ကန္အမတ္ေတြကို တိုက္တြန္းလိုက္ ပါတယ္။

သမၼတ ထရမ့္က အသုံးစရိတ္ အေမရိကန္ ေဒၚလာ ၇၄၀ ဘီလီယံရွိတဲ့ ဥပေဒမူၾကမ္းက နည္းပညာ ကုမၸဏီႀကီးေတြအေပၚ ေပ်ာ့ညံ့ တဲ့ လူေတြရဲ့ အရႈံးေပးမႈလုပ္ရပ္ဆိုၿပီး အဂၤါေန႔က တြစ္တာမွာ ေရးသားလိုက္တာပါ။ ဒီဥပေဒကို မျပင္ဆင္ဘဲ ဆီးနိတ္ အထက္လႊတ္ ေတာ္အေနနဲ႔ အတည္မျပဳသင့္ဘူးလို႔ ေရးသားထားပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ကေတာ့ သမၼတ ထရမ့္ရဲ႕ ဗီတိုအာဏာကို ေက်ာ္လႊားၿပီး အဲဒီ ဥပေဒကို ၃ ပုံ ၂ ပုံ မဲ အသာ တနလၤာေန႔ က မဲခြဲ ဆုံးျဖတ္ အတည္ျပဳ လိုက္ၿပီး ျဖစ္ပါတယ္။

“ေထာက္ခံမဲ ၃၂၂ မဲ၊ ကန္႔ကြက္မဲ ၈၇ မဲ ရွိပါတယ္။ ၃ ပုံ ၂ ပုံက ေထာက္ခံတာေၾကာင့္ ဥပေဒ အတည္ျဖစ္ပါၿပီ။ သမၼတရဲ့ ကန္႔ကြက္ ခ်က္ ပယ္ပ်က္သြားပါၿပီ။ ေအာက္လႊတ္ေတာ္ရဲ့ ဆုံးျဖတ္ခ်က္ကို အထက္လႊတ္ေတာ္ကို အသိေပးပါမယ္လို႔” ေအာက္လႊတ္ေတာ္ အစည္းအေဝးမွာ အမတ္တစ္ဦးက ေၾကညာလိုက္တာ ျဖစ္ပါတယ္။

သမၼတရဲ့ ဗီတိုအာဏာကို ေအာက္လႊတ္ေတာ္က ေက်ာ္လႊား ပယ္ဖ်က္ၿပီးတဲ့ေနာက္ ဒီ ဥပေဒကို အထက္လႊတ္ေတာ္က ဗုဒၶဟူးေန႔မွာ အလားတူ လုပ္ေဆာင္နိုင္ဖြယ္ ရွိပါတယ္။ ဒီဥပေဒကို အရင္ကတည္းက ဆီးနိတ္ အထက္လႊတ္ေတာ္က အမတ္ ၃ ပုံ ၂ ပုံ ထက္အမ်ား ႀကီး ေက်ာ္လြန္တဲ့၈၄ မဲ-၁၃ မဲနဲ႔ အတည္ျပဳထားခဲ့တာပါ။ အထက္လႊတ္ေတာ္မွာလည္း သမၼတရဲ့ ဗီတိုကို ေက်ာ္လႊား ပယ္ဖ်က္ဖို႔ မဲ ၃ ပုံ ၂ ပုံ လိုအပ္မွာ ျဖစ္ပါတယ္။

သမၼတ ထရမ့္က အဲဒီ ဥပေဒကို အျပစ္ေပါင္းစုံနဲ႔ ေဝဖန္ ေျပာၾကားေနတာ ျဖစ္ၿပီး အေၾကာင္း တစ္စုံတစ္ရာ ရွင္းျပျခင္း မရွိဘဲ တ႐ုတ္ တို႔ကို အက်ိဳးမ်ားေစတယ္လို႔ ေျပာၾကားေနတာျဖစ္ပါတယ္။ ဒီ ဥပေဒက အေမရိကန္ေတြကို အက်ိဳးတစ္စုံတစ္ရာ မေပးတဲ့ ဂ်ာမနီ၊ ေတာင္ကိုရီးယားနဲ႔ အာဖဂန္နစၥတန္တို႔ကေန အေမရိကန္ တပ္ေတြ ႐ုပ္သိမ္းေရး သူ႔ရဲ့ စြမ္းရည္ကို အကန္႔အသတ္ျဖစ္ေစမယ္လို႔လည္း တြစ္တာမွာေရးသားထား ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းပယ်ချမှု လက်ခံကြဖို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေကို သမ္မတ Trump တိုက်တွန်း

(Unicode)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ ဗီတိုအာဏာနဲ့ ပယ်ချထားတဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ ဥပဒေ မူကြမ်း ကို ဗီတိုအာဏာကို ကျော်လွှားပြီး အတည်မပြုဖို့ အထက်လွှတ်တော် ရစ်ပတ်ဘလင်ကန်အမတ်တွေကို တိုက်တွန်းလိုက် ပါတယ်။

သမ္မတ ထရမ့်က အသုံးစရိတ် အမေရိကန် ဒေါ်လာ ၇၄၀ ဘီလီယံရှိတဲ့ ဥပဒေမူကြမ်းက နည်းပညာ ကုမ္ပဏီကြီးတွေအပေါ် ပျော့ညံ့ တဲ့ လူတွေရဲ့ အရှုံးပေးမှုလုပ်ရပ်ဆိုပြီး အင်္ဂါနေ့က တွစ်တာမှာ ရေးသားလိုက်တာပါ။ ဒီဥပဒေကို မပြင်ဆင်ဘဲ ဆီးနိတ် အထက်လွှတ် တော်အနေနဲ့ အတည်မပြုသင့်ဘူးလို့ ရေးသားထားပါတယ်။

အမေရိကန်အောက်လွှတ်တော်ကတော့ သမ္မတ ထရမ့်ရဲ့ ဗီတိုအာဏာကို ကျော်လွှားပြီး အဲဒီ ဥပဒေကို ၃ ပုံ ၂ ပုံ မဲ အသာ တနင်္လာနေ့ က မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ပြီး ဖြစ်ပါတယ်။

“ထောက်ခံမဲ ၃၂၂ မဲ၊ ကန့်ကွက်မဲ ၈၇ မဲ ရှိပါတယ်။ ၃ ပုံ ၂ ပုံက ထောက်ခံတာကြောင့် ဥပဒေ အတည်ဖြစ်ပါပြီ။ သမ္မတရဲ့ ကန့်ကွက် ချက် ပယ်ပျက်သွားပါပြီ။ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်ကို အသိပေးပါမယ်လို့” အောက်လွှတ်တော် အစည်းအဝေးမှာ အမတ်တစ်ဦးက ကြေညာလိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ ဗီတိုအာဏာကို အောက်လွှတ်တော်က ကျော်လွှား ပယ်ဖျက်ပြီးတဲ့နောက် ဒီ ဥပဒေကို အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အလားတူ လုပ်ဆောင်နိုင်ဖွယ် ရှိပါတယ်။ ဒီဥပဒေကို အရင်ကတည်းက ဆီးနိတ် အထက်လွှတ်တော်က အမတ် ၃ ပုံ ၂ ပုံ ထက်အများ ကြီး ကျော်လွန်တဲ့၈၄ မဲ-၁၃ မဲနဲ့ အတည်ပြုထားခဲ့တာပါ။ အထက်လွှတ်တော်မှာလည်း သမ္မတရဲ့ ဗီတိုကို ကျော်လွှား ပယ်ဖျက်ဖို့ မဲ ၃ ပုံ ၂ ပုံ လိုအပ်မှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က အဲဒီ ဥပဒေကို အပြစ်ပေါင်းစုံနဲ့ ဝေဖန် ပြောကြားနေတာ ဖြစ်ပြီး အကြောင်း တစ်စုံတစ်ရာ ရှင်းပြခြင်း မရှိဘဲ တရုတ် တို့ကို အကျိုးများစေတယ်လို့ ပြောကြားနေတာဖြစ်ပါတယ်။ ဒီ ဥပဒေက အမေရိကန်တွေကို အကျိုးတစ်စုံတစ်ရာ မပေးတဲ့ ဂျာမနီ၊ တောင်ကိုရီးယားနဲ့ အာဖဂန်နစ္စတန်တို့ကနေ အမေရိကန် တပ်တွေ ရုပ်သိမ်းရေး သူ့ရဲ့ စွမ်းရည်ကို အကန့်အသတ်ဖြစ်စေမယ်လို့လည်း တွစ်တာမှာရေးသားထား ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG