သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇေျပာင္း ပိုးသစ္ေၾကာင္႔ ကိုဗစ္ ကူးစက္မႈျမင္႔တက္လာတဲ႔ ၿဗိတိန္ အေျခအေန 


ၿဗိတိန္ႏိုင္ငံမွာ COVID- 19 ျဖစ္ပြားမႈတိုးေန

(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံမွာ COVID- 19 ျဖစ္ပြားမႈတိုးေနသလို ကူးစက္ျမန္ ဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္ ပိုးသစ္ပ်ံ႕ႏွံ႔ေနတဲ့ အတြက္ Tier 4 အျမင့္ဆံုးအဆင့္ ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထား ရပါတယ္။ လက္ရွိေဆးရံုေတြရဲ႕ အေျခေနကို သိရေအာင္ ၿဗိတိန္ အေရွ႕ေတာင္ပိုင္း Essex ေဆးရံုႀကီး အေရးေပၚဌာန တာဝန္ခံ ေဒါက္တာ အလိမၼာဝင္းသိန္း ကို ေဒၚခင္မ်ိဳးသက္ ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါ ေဆးရံုေတြမွာ ကိုဗစ္နဲ႔ ေရာက္လာတဲ့ လူနာေတြသိပ္မ်ားေနတယ္လို႔ ခုလုိစေျပာပါတယ္။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ Winter အခ်ိန္မွာဆိုရင္ Respiratory Symptom နဲ ့လာတဲ့ Pneumonia ျဖစ္တဲ့ လူေတြဟာ အမ်ားၾကီးပါ။ ဒါကေတာ့ ထူးေတာ့ မထူးဆန္းပါဘူး။ ဒါေပမယ့္ Pandemic ေၾကာင့္မို ့လို အခု ကိုဗစ္လူနာေတြဟာ အရမ္းမ်ားျပီးေတာ့ Test လုပ္လိုက္လို ့ရွိရင္ positive လူနာေတြ မ်ားပါတယ္။

ေဒၚခင္မ်ိဳးသက္ ။ ။ လူနာေတြေရာက္လာတယ္ဆိုလို ့ရွိရင္ ဒီလူနာက ကူးစက္ျမန္တဲ့ ပိုးသစ္ေၾကာင့္လား။ အရင္ နဂိုတုန္းကေတြ ့တဲ့ပိုးေၾကာင့္လား ဘယ္လိုမ်ိဳးခြဲပါသလဲ။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ က်မတို ့ဆီမွာ လူနာေရာက္လာလို ့ရွိရင္ ဘယ္ပိုးလဲလို ့က်မ မေျပာတတ္ပါဘူး။ ဘာလို ့လဲဆိုလို ့ရွိရင္ က်မက ဓာတ္ခြဲခန္းမွာမလုပ္ေတာ့ေလ အတိအက် မေျပာတတ္ပါဘူူး။ လူနာေရာက္လာလို ့ရွိရင္ ေဆးရံုကိုတင္ဖို ့အတြက္ အဲဒီမွာ Swab ယူရတယ္။ လူနာ Positive လား Negative လားသိခ်င္လို ့။ ဘာလို ့လဲဆိုေတာ့ Positive ျဖစ္လို ့ရွိရင္ Positive Ward မွာထားတယ္။ အဲဒါကို COVID Ward လို ့ေခၚပါတယ္။ Positive မဟုတ္ဘူးဆိုလို ့ရွိရင္ေတာ့ Negative သမားကို Positive နဲ ့အတူတူထားလို ့ရွိရင္ေတာ့ ပိုၿပီးေတာ့ အကုန္ဆိုးကုန္မွာေပါ့ေနာ္။ အဲဒါေၾကာင့္မို ့လို ့။

ေဒၚခင္မ်ိဳးသက္ ။ ။ ဆိုေတာ့ လူနာေရာက္လာတယ္။ လူနာေရာက္လာလို ့ရွိရင္ ကူးစက္ျမန္ဟုတ္ မဟုတ္မသိေသးဘဲနဲ ့ ပထမဦးဆံုး ဒီကိုဗစ္ရွိတယ္ဆိုလို ့ရွိရင္ ခြဲထားလိုက္တယ္ေပါ့ေနာ္။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ က်မတို ့ဆီမွာ အခုဆိုရင္ ႏို၀င္ဘာလလယ္က စလို ့Department ေတြကို Hot Department နဲ ့ Cold Department ဆိုျပီး ျပန္ခြဲလိုက္ရပါတယ္။ COVID Suspect Symptom နဲ ့လာတဲ့သူေတြကို Hot ေနရာမွာ က်မတို ့ကလက္ခံတာေပါ့။ COVID Suspect Symptom မေတြ ့ဘူးဆိုရင္ေတာ့ Cold ေနရာမွာ ထားပါတယ္။

ေဒၚခင္မ်ိဳးသက္ ။ ။ တေန ့တေန ့လူနာေရာက္လာတဲ့နွုန္းကို ေျပာျပေပးပါ။ လူနာ ဘယ္ေလာက္ေလာက္ရွိသလဲ။ ဒီလိုမ်ိဳးေပါ့ေနာ္ အေရးေပၚဌာနေတြက မနိုင္မနင္းျဖစ္ေနလား သိခ်င္လို ့ပါ။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ ဟုတ္တယ္ တနိင္ငံလံုးမွာေတာ့ အေရးေပၚဌာနေတြမွာ အရမ္းအလုပ္မ်ားေနပါတယ္။ အရင္ Pandemic တုန္းကလိုပဲ ျပန္ျဖစ္သြားတာေပါ့။ အဲလိုပဲ လူနာေတြက COVID Symptom နဲ ့လာတဲ့ လူနာေတြ အရမ္းမ်ားတဲ့အခါၾကေတာ့ Staff ေတြကလည္း ေနမေကာင္းၾကဘူး ဒီေရာဂါနဲ ့ပဲေပါ့ ။ အဲဒီေတာ့ Staffing Shortage ေတြျဖစ္ကုန္ျပီး ဒီေရာဂါနဲ ့အကုန္ လံုးျခာလိုက္ေနတာေပါ့။

ေဒၚခင္မ်ိဳးသက္ ။ ။ ပ်မ္းမွ်ျခင္းအားျဖင့္ လူနာတေန ့ကို ဘယ္ေလာက္ေရာက္လာတတ္ပါသလဲ။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ သံုးရာေက်ာ္ပါတယ္။

ေဒၚခင္မ်ိဳးသက္ ။ ။ တနိုင္ငံလံုးအတိုင္းအတာနဲ ့ေရာ COVID ေရာဂါျဖစ္တဲ့လူေတြ တေန ့ေန ့ ဘယ္ေလာက္ရွိပါသလဲ။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ တေန ့တေန ့ငါးေသာင္း positive ျဖစ္ေနတာ တပတ္ေလာက္ရွိျပီလို ့သတင္းေတြမွာ ေတြ ့ရပါတယ္။ ဒါေပမယ့္ positive ျဖစ္တဲ့လူတိုင္းလည္း ေဆးရံုေရာက္လာေတာ ့မဟုတ္ပါဘူး။ ေဆးရံုကို ဘယ္ေလာက္ ဒီေရာဂါနဲ ့ေရာက္သလဲဆိုတာ ေျပာရတာေတာ့ ခတ္ပါတယ္။ ဘာလို ့လဲဆိုေတာ့ က်မက statistic မွာလည္း မလုပ္ေတာ့ အတိအက်ေတာ့ မေျပာျပတတ္ပါဘူး။ ဒါေပမယ့္ positive က အရင္က အရမ္းနည္းေနရာကေနျပီးေတာ့ ေထာင္ဂဏာန္းေလာက္ ရွိေနရာကေနျပီးေတာ့ အခု ငါးေသာင္းေလာက္ရွိေနတာ တပတ္ေလာက္ရွိေနပါျပီ။

ေဒၚခင္မ်ိဳးသက္ ။ ။ ဆိုေတာ့အခု ၿဗိတိန္နိုင္ငံမွာရင္ TR4 ေပါ့ေနာ္ ။ အခုေလာ့ေဒါင္းခ်ထားတဲ့ အတြက္ေရာ လူနာေလ်ာ့လာပါသလား။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ ေလာ့ေဒါင္းက effect ရွိပါတယ္။ အခုပဲ ဥပမာေျပာရလို ့ရွိရင္ေတာ့ က်မတို ့New Year ၿပီးသြားၿပီေပါ့ေနာ္၊ နို ့မို ့ဆိုလို ့ရွိရင္ေတာ့ New Year ည ဆိုရင္ေတာ့ က်မတို ့အတြက္ nightmare ပါပဲ။ အဲဒါ New Year ညမွာ အဲေလာက္မ်ားမ်ားႀကီးမဆိုးဘူးေပါ့ေနာ္။ ဆိုေတာ့ နည္းသြားတယ္လို ့ေတာ့ ေျပာရမွာပါပဲ ။ အဲဒီ ေလာ့ေဒါင္းဟာ effective ျဖစ္တယ္ ေျပာရမွာပါပဲ။

ေဒၚခင္မ်ိဳးသက္ ။ ။ အခုသိခ်င္တာေလးတခုက ကူးစက္ျမန္ဗီဇေျပာင္းပိုးမ်ိဳး အသစ္နဲ ့အရင္နဂိုမ်ိဳးနဲ ့ကြာျခားတာေလးေတြ ့ပါသလား။ လူနာေတြမွာေလ။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ က်မ personal experience နဲ ့ေျပာလို ့ရွိရင္ေတာ့ အဲဒီလူနာေတြ အားလံုးဟာ very bad flu လိုပါပဲ။ အသက္ရွဴက်ပ္တဲ့ ေရာဂါပါပဲ။ အကုန္လံုး ဒီဥစၥာက ပိုးသစ္လား ၊ ဒီဥစၥာက ပိုးေဟာင္းလား က်မတို ့ေတာ့ မခြဲတက္ပါဘူး။ ဘယ္သူမွလည္း အတိအက်မေျပာနိုင္ပါဘူး။ လာတဲ့လူနာေတြအားလံုးက အဲလိုမ်ိဳး အဖ်ားေတြၾကီးမယ္ ၊ အသက္ရွဴက်ပ္မယ္၊ ေအာက္ဆီဂ်င္ Level က်မယ္ ။ ေနမေကာင္းဘူူးေပါ့ လူက နုန္းေခြျပီးေတာ့ အသက္ၾကီးတဲ့လူေတြ ပိုဆိုးပါတယ္။ အဲလိုမ်ိဴး မစားနိုင္မေသာက္နိုင္ ေခါင္းေတြကိုက္ အဲလို မ်ိဴးေတြျဖစ္ျပီးေရာက္လာတာပါ။ အဲဒီေတာ့ ပိုးအသစ္လား ပိုးအေဟာင္းလား က်မတို ့လည္း ခြဲမေနေတာ့ပါဘူး။ လာလို ့ရွိရင္ သူတို ့ကို ဘယ္လို သက္သာေအာင္လုပ္မလဲ ။ သူတို ့ဟာ intensive care ထဲကို သြားဖို ့လိုလား မလိုဘူးလား ။ အဲဒီအခ်ိန္မွာ ဆံုးျဖတ္ ရတာပါပဲ ။

ေဒၚခင္မ်ိဳးသက္ ။ ။ဒီေရာဂါျဖစ္ရင္ အေကာင္းဆံုးဘယ္လိုလုပ္ရမလဲ။

ေဒါက္တာ အလိမၼာဝင္းသိန္း။။ အေကာင္ဆံုးကေတာ့ မျဖစ္ေအာင္ ၾကိဳတင္ကာကြယ္တာပဲ။ ဒါေၾကာင္ ့အစိုးရက ျဖစ္နိုင္သေလာက္ေပါ့ ေလာ့ေဒါင္းကိုေလ စီးပြားေရးလဲ ပ်က္မသြားရေလာက္ေအာင္ ေလာ့ေဒါင္းကို တဆင့္ျပီးတဆင့္ လုပ္ၾကည့္ေနတာေပါ့ေလ။ ဒါေပမယ့္ လူေတြကလည္း နားေထာင္ဖို ့လိုပါတယ္။ အေကာင္းဆံုးကေတာ ့prevention က အေကာင္းဆံုးပါပဲ။ လက္ေဆးရမယ္၊ Mask တပ္ရမယ္ ။ အေရးၾကီးတာ မ်က္ႏွာကို မကိုင္ရဘူး။ ေနာက္ၿပီး တေယာက္နဲ ့တေယာက္က ၆ ေပခြာၿပီး ေနရမယ္ေပါ့ေနာ္ ။

တိုက္႐ိုက္ လင့္ခ္


.............

ဗီဇပြောင်း ပိုးသစ်ကြောင့် ကိုဗစ် ကူးစက်မှုမြင့်တက်လာတဲ့ ဗြိတိန် အခြေအနေ

(Unicode)

ဗြိတိန်နိုင်ငံမှာ COVID- 19 ဖြစ်ပွားမှုတိုးနေသလို ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ပျံ့နှံ့နေတဲ့ အတွက် Tier 4 အမြင့်ဆုံးအဆင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထား ရပါတယ်။ လက်ရှိဆေးရုံတွေရဲ့ အခြေနေကို သိရအောင် ဗြိတိန် အရှေ့တောင်ပိုင်း Essex ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ခံ ဒေါက်တာ အလိမ္မာဝင်းသိန်း ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဆေးရုံတွေမှာ ကိုဗစ်နဲ့ ရောက်လာတဲ့ လူနာတွေသိပ်များနေတယ်လို့ ခုလိုစပြောပါတယ်။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ Winter အချိန်မှာဆိုရင် Respiratory Symptom နဲ့လာတဲ့ Pneumonia ဖြစ်တဲ့ လူတွေဟာ အများကြီးပါ။ ဒါကတော့ ထူးတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် Pandemic ကြောင့်မို့လို အခု ကိုဗစ်လူနာတွေဟာ အရမ်းများပြီးတော့ Test လုပ်လိုက်လို့ရှိရင် positive လူနာတွေ များပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ လူနာတွေရောက်လာတယ်ဆိုလို့ရှိရင် ဒီလူနာက ကူးစက်မြန်တဲ့ ပိုးသစ်ကြောင့်လား။ အရင် နဂိုတုန်းကတွေ့တဲ့ပိုးကြောင့်လား ဘယ်လိုမျိုးခွဲပါသလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ကျမတို့ဆီမှာ လူနာရောက်လာလို့ရှိရင် ဘယ်ပိုးလဲလို့ကျမ မပြောတတ်ပါဘူး။ ဘာလို့လဲဆိုလို့ရှိရင် ကျမက ဓာတ်ခွဲခန်းမှာမလုပ်တော့လေ အတိအကျ မပြောတတ်ပါဘူူး။ လူနာရောက်လာလို့ရှိရင် ဆေးရုံကိုတင်ဖို့အတွက် အဲဒီမှာ Swab ယူရတယ်။ လူနာ Positive လား Negative လားသိချင်လို့။ ဘာလို့လဲဆိုတော့ Positive ဖြစ်လို့ရှိရင် Positive Ward မှာထားတယ်။ အဲဒါကို COVID Ward လို့ခေါ်ပါတယ်။ Positive မဟုတ်ဘူးဆိုလို့ရှိရင်တော့ Negative သမားကို Positive နဲ့အတူတူထားလို့ရှိရင်တော့ ပိုပြီးတော့ အကုန်ဆိုးကုန်မှာပေါ့နော်။ အဲဒါကြောင့်မို့လို့။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ လူနာရောက်လာတယ်။ လူနာရောက်လာလို့ရှိရင် ကူးစက်မြန်ဟုတ် မဟုတ်မသိသေးဘဲနဲ့ ပထမဦးဆုံး ဒီကိုဗစ်ရှိတယ်ဆိုလို့ရှိရင် ခွဲထားလိုက်တယ်ပေါ့နော်။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ကျမတို့ဆီမှာ အခုဆိုရင် နိုဝင်ဘာလလယ်က စလို့Department တွေကို Hot Department နဲ့ Cold Department ဆိုပြီး ပြန်ခွဲလိုက်ရပါတယ်။ COVID Suspect Symptom နဲ့လာတဲ့သူတွေကို Hot နေရာမှာ ကျမတို့ကလက်ခံတာပေါ့။ COVID Suspect Symptom မတွေ့ဘူးဆိုရင်တော့ Cold နေရာမှာ ထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ တနေ့တနေ့လူနာရောက်လာတဲ့နှုန်းကို ပြောပြပေးပါ။ လူနာ ဘယ်လောက်လောက်ရှိသလဲ။ ဒီလိုမျိုးပေါ့နော် အရေးပေါ်ဌာနတွေက မနိုင်မနင်းဖြစ်နေလား သိချင်လို့ပါ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ဟုတ်တယ် တနိင်ငံလုံးမှာတော့ အရေးပေါ်ဌာနတွေမှာ အရမ်းအလုပ်များနေပါတယ်။ အရင် Pandemic တုန်းကလိုပဲ ပြန်ဖြစ်သွားတာပေါ့။ အဲလိုပဲ လူနာတွေက COVID Symptom နဲ့လာတဲ့ လူနာတွေ အရမ်းများတဲ့အခါကြတော့ Staff တွေကလည်း နေမကောင်းကြဘူး ဒီရောဂါနဲ့ပဲပေါ့ ။ အဲဒီတော့ Staffing Shortage တွေဖြစ်ကုန်ပြီး ဒီရောဂါနဲ့အကုန် လုံးခြာလိုက်နေတာပေါ့။

ဒေါ်ခင်မျိုးသက် ။ ။ ပျမ်းမျှခြင်းအားဖြင့် လူနာတနေ့ကို ဘယ်လောက်ရောက်လာတတ်ပါသလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ သုံးရာကျော်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ရော COVID ရောဂါဖြစ်တဲ့လူတွေ တနေ့နေ့ ဘယ်လောက်ရှိပါသလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ တနေ့တနေ့ငါးသောင်း positive ဖြစ်နေတာ တပတ်လောက်ရှိပြီလို့သတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် positive ဖြစ်တဲ့လူတိုင်းလည်း ဆေးရုံရောက်လာတော့မဟုတ်ပါဘူး။ ဆေးရုံကို ဘယ်လောက် ဒီရောဂါနဲ့ရောက်သလဲဆိုတာ ပြောရတာတော့ ခတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမက statistic မှာလည်း မလုပ်တော့ အတိအကျတော့ မပြောပြတတ်ပါဘူး။ ဒါပေမယ့် positive က အရင်က အရမ်းနည်းနေရာကနေပြီးတော့ ထောင်ဂဏာန်းလောက် ရှိနေရာကနေပြီးတော့ အခု ငါးသောင်းလောက်ရှိနေတာ တပတ်လောက်ရှိနေပါပြီ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့အခု ဗြိတိန်နိုင်ငံမှာရင် TR4 ပေါ့နော် ။ အခုလော့ဒေါင်းချထားတဲ့ အတွက်ရော လူနာလျော့လာပါသလား။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ လော့ဒေါင်းက effect ရှိပါတယ်။ အခုပဲ ဥပမာပြောရလို့ရှိရင်တော့ ကျမတို့New Year ပြီးသွားပြီပေါ့နော်၊ နို့မို့ဆိုလို့ရှိရင်တော့ New Year ည ဆိုရင်တော့ ကျမတို့အတွက် nightmare ပါပဲ။ အဲဒါ New Year ညမှာ အဲလောက်များများကြီးမဆိုးဘူးပေါ့နော်။ ဆိုတော့ နည်းသွားတယ်လို့တော့ ပြောရမှာပါပဲ ။ အဲဒီ လော့ဒေါင်းဟာ effective ဖြစ်တယ် ပြောရမှာပါပဲ။

ဒေါ်ခင်မျိုးသက် ။ ။ အခုသိချင်တာလေးတခုက ကူးစက်မြန်ဗီဇပြောင်းပိုးမျိုး အသစ်နဲ့အရင်နဂိုမျိုးနဲ့ကွာခြားတာလေးတွေ့ပါသလား။ လူနာတွေမှာလေ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ကျမ personal experience နဲ့ပြောလို့ရှိရင်တော့ အဲဒီလူနာတွေ အားလုံးဟာ very bad flu လိုပါပဲ။ အသက်ရှူကျပ်တဲ့ ရောဂါပါပဲ။ အကုန်လုံး ဒီဥစ္စာက ပိုးသစ်လား ၊ ဒီဥစ္စာက ပိုးဟောင်းလား ကျမတို့တော့ မခွဲတက်ပါဘူး။ ဘယ်သူမှလည်း အတိအကျမပြောနိုင်ပါဘူး။ လာတဲ့လူနာတွေအားလုံးက အဲလိုမျိုး အဖျားတွေကြီးမယ် ၊ အသက်ရှူကျပ်မယ်၊ အောက်ဆီဂျင် Level ကျမယ် ။ နေမကောင်းဘူူးပေါ့ လူက နုန်းခွေပြီးတော့ အသက်ကြီးတဲ့လူတွေ ပိုဆိုးပါတယ်။ အဲလိုမျိူး မစားနိုင်မသောက်နိုင် ခေါင်းတွေကိုက် အဲလို မျိူးတွေဖြစ်ပြီးရောက်လာတာပါ။ အဲဒီတော့ ပိုးအသစ်လား ပိုးအဟောင်းလား ကျမတို့လည်း ခွဲမနေတော့ပါဘူး။ လာလို့ရှိရင် သူတို့ကို ဘယ်လို သက်သာအောင်လုပ်မလဲ ။ သူတို့ဟာ intensive care ထဲကို သွားဖို့လိုလား မလိုဘူးလား ။ အဲဒီအချိန်မှာ ဆုံးဖြတ် ရတာပါပဲ ။

ဒေါ်ခင်မျိုးသက် ။ ။ဒီရောဂါဖြစ်ရင် အကောင်းဆုံးဘယ်လိုလုပ်ရမလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ အကောင်ဆုံးကတော့ မဖြစ်အောင် ကြိုတင်ကာကွယ်တာပဲ။ ဒါကြောင့်အစိုးရက ဖြစ်နိုင်သလောက်ပေါ့ လော့ဒေါင်းကိုလေ စီးပွားရေးလဲ ပျက်မသွားရလောက်အောင် လော့ဒေါင်းကို တဆင့်ပြီးတဆင့် လုပ်ကြည့်နေတာပေါ့လေ။ ဒါပေမယ့် လူတွေကလည်း နားထောင်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့prevention က အကောင်းဆုံးပါပဲ။ လက်ဆေးရမယ်၊ Mask တပ်ရမယ် ။ အရေးကြီးတာ မျက်နှာကို မကိုင်ရဘူး။ နောက်ပြီး တယောက်နဲ့တယောက်က ၆ ပေခွာပြီး နေရမယ်ပေါ့နော် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG