သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ အိမ္ျပင္မထြက္ရကန္႔သတ္ခ်က္ ျပန္စတင္


လန္ဒန္ၿမိဳ႕မွာ ေတြ႔ရတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕။ (ဇန္နဝါရီ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

ၿဗိတိန္ႏုိင္ငံမွာ ကိုဗစ္ကာကြယ္ေဆးေတြ အလုံးအရင္းနဲ႔ ထိုးမေပးႏုိင္ခင္ ပိုးကူးစက္မႈထိန္းခ်ဳပ္ႏုိင္ေရးအတြက္ တႏိုင္ငံလံုး အိမ္ထဲကေန အိမ္ျပင္မထြက္ၾကဖို႔ တတိယႀကိမ္ ကပ္ေဘးကန္႔သတ္ခ်က္ေတြ အဂၤါေန႔မွာ စတင္လိုက္ပါတယ္။ မေန႔တနလၤာေန႔ေႏွာင္းပိုင္းက ၀န္ၾကီးခ်ဳပ္ဂြ်န္ဆင္က ႐ုပ္သံကတဆင့္ တိုင္းျပည္ကို ကန္႔သတ္ခ်က္သစ္ထုတ္ျပန္ၿပီး ကပ္ေဘးစည္းကမ္းေတြလိုက္နာဖို႔ ပန္ၾကားခဲ့ပါတယ္။

"ကာကြယ္ေဆးထိုးအစီအစဥ္ေတြ ဆက္ၿပီးေအာင္ျမင္မႈရေနမယ္။ ကာကြယ္ေဆးအာနိသင္ေၾကာင့္ လူေသဆုံးမႈက်ဆင္းလာမယ္။ လူတုိင္းကလည္း စည္းကမ္းလိုက္နာမႈရွိၾကမယ္ဆိုရင္ ကန္႔သတ္ခ်က္ေတြတျဖည္းျဖည္း ေျဖေလ်ာ့ေပးႏုိင္မယ္လို႔ ေမ ွ်ာ္လင့္ရပါတယ္။ ေဖေဖာ္၀ါရီလေလာက္မွာ စာသင္ေက်ာင္းေတြျပန္ဖြင့္ၿပီး ကန္႔သတ္မႈအဆင့္ေတြ ေလ်ာ့ခ်သြားႏုိင္မွာပါ။" လို႔ ၀န္ႀကီးခ်ဳပ္ ဂၽြန္ဆင္ကေျပာခဲတာပါ။

ဒီ အမိန္႔အရ ၿဗိတိန္ျပည္သူေတြ အိမ္ျပင္ထြက္ခြင့္ကန္႔သတ္ထားပါတယ္။ ေက်ာင္းေတြပိတ္ၿပီး လုပ္ငန္းေတြကိုလည္း တတ္ႏိုင္သမွ်အိမ္မွာပဲလုပ္ၾကဖို႔ အမိန္႔ထုတ္ထားပါတယ္။

ဒီကန္႔သတ္တားျမစ္ခ်က္ေတြ တျဖည္းျဖည္းေျဖေလ ွ်ာ့ေပးနုိင္ေျခရွိတဲ့အခ်ိန္ထိ စီးပြါးေရးလုပ္ငန္းေတြ ဆက္ၿပီးလည္ပတ္ႏုိင္ေအာင္ ေဒၚလာ ၆.၂ ဘီလီယံသုံးစြဲမယ့္အစိုးရရဲ႔ အကူအညီ အစီအစဥ္သစ္တရပ္ကိုလည္း ၿဗိတိန္ဘ႑ာေရး၀န္ႀကီး Rishi Sunak ကေၾကျငာခဲ့ပါတယ္။ ကန္႔သတ္ခ်က္ေတြကို အေစာဆုံး ေဖေဖာ္၀ါရီလလယ္ေလာက္ဒါမွမဟုတ္ အဲဒီေနာက္ပိုင္းက်မွ ေျဖေလ်ာ့ေပးႏုိင္မယ့္ပုံလည္း ရွိပါတယ္။ ကပ္ေရာဂါ စျဖစ္ကတည္းကဆိုရင္ ၿဗိတိန္မွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၇၅,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗြိတိန်မှာ အိမ်ပြင်မထွက်ရကန့်သတ်ချက် ပြန်စတင်

ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ အလုံးအရင်းနဲ့ ထိုးမပေးနိုင်ခင် ပိုးကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် တနိုင်ငံလုံး အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ တတိယကြိမ် ကပ်ဘေးကန့်သတ်ချက်တွေ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။ မနေ့တနင်္လာနေ့နှောင်းပိုင်းက ဝန်ကြီးချုပ်ဂျွန်ဆင်က ရုပ်သံကတဆင့် တိုင်းပြည်ကို ကန့်သတ်ချက်သစ်ထုတ်ပြန်ပြီး ကပ်ဘေးစည်းကမ်းတွေလိုက်နာဖို့ ပန်ကြားခဲ့ပါတယ်။

"ကာကွယ်ဆေးထိုးအစီအစဉ်တွေ ဆက်ပြီးအောင်မြင်မှုရနေမယ်။ ကာကွယ်ဆေးအာနိသင်ကြောင့် လူသေဆုံးမှုကျဆင်းလာမယ်။ လူတိုင်းကလည်း စည်းကမ်းလိုက်နာမှုရှိကြမယ်ဆိုရင် ကန့်သတ်ချက်တွေတဖြည်းဖြည်း ဖြေလျော့ပေးနိုင်မယ်လို့ မေ ျှာ်လင့်ရပါတယ်။ ဖေဖော်ဝါရီလလောက်မှာ စာသင်ကျောင်းတွေပြန်ဖွင့်ပြီး ကန့်သတ်မှုအဆင့်တွေ လျော့ချသွားနိုင်မှာပါ။" လို့ ဝန်ကြီးချုပ် ဂျွန်ဆင်ကပြောခဲတာပါ။

ဒီ အမိန့်အရ ဗြိတိန်ပြည်သူတွေ အိမ်ပြင်ထွက်ခွင့်ကန့်သတ်ထားပါတယ်။ ကျောင်းတွေပိတ်ပြီး လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှအိမ်မှာပဲလုပ်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီကန့်သတ်တားမြစ်ချက်တွေ တဖြည်းဖြည်းဖြေလေ ျှာ့ပေးနိုင်ခြေရှိတဲ့အချိန်ထိ စီးပွါးရေးလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်အောင် ဒေါ်လာ ၆.၂ ဘီလီယံသုံးစွဲမယ့်အစိုးရရဲ့ အကူအညီ အစီအစဉ်သစ်တရပ်ကိုလည်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak ကကြေငြာခဲ့ပါတယ်။ ကန့်သတ်ချက်တွေကို အစောဆုံး ဖေဖော်ဝါရီလလယ်လောက်ဒါမှမဟုတ် အဲဒီနောက်ပိုင်းကျမှ ဖြေလျော့ပေးနိုင်မယ့်ပုံလည်း ရှိပါတယ်။ ကပ်ရောဂါ စဖြစ်ကတည်းကဆိုရင် ဗြိတိန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇၅,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG