သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Moderna က နောက်ထပ် COVID-19 ကာကွယ်ဆေးအလုံးရေ သန်းတရာ ပိုထုတ်ဖို့ရှိ


(Zawgyi/Unicode)

အမေရိကန် ဆေးကုမ္ပဏီ Moderna က COVID-19 ကာကွယ်ဆေးကို သူတို့ မူလ ခန့်မှန်ထားတဲ့ ပမာဏထက် သန်းတရာ ပိုထုတ်ဖို့ စီစဉ်နေတယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းအရ တနင်္လာနေ့မှာ ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူ ၈၅ သန်းခွဲကျော်သွားပြီ ဖြစ်ပြီး သေဆုံးရသူက ၂ သန်းနီးပါး ရှိနေချိန်မှာ အမေရိကန်နိုင်ငံမှာတော့ အကူးစက်ခံရသူ သန်း ၂၀ ကျော်နဲ့ သေဆုံးရသူက ၃ သိန်းခွဲရှိနေတာ ဖြစ်ပါတယ်။

Massachusetts ပြည်နယ်အခြေစိုက် Moderna ဆေးကုမ္ပဏီက သူတို့ဟာ ၂၀၂၁ ခုနှစ်ထဲမှာ ကာကွယ်ဆေး အလုံးပေါင်း သန်း ၆၀၀ ထုတ်လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန် အစိုးရကို ဆေးအလုံးပေါင်း သန်း ၂၀၀ ပေးအပ်ဖို့ ကတိပြုထားတဲ့ထဲက အခုဆို ၁၈ သန်း ပေးခဲ့ပြီး ဖြစ်တယ် လို့လည်း ပြောပါတယ်။

အမေရိကန် အစိုးရက ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး Moderna ထုတ် ကာကွယ်ဆေးကိုရော Pfizer-BioNTech က ထုတ်တဲ့ ကာကွယ်ဆေးတွေကိုပါ ထိုးပေးဖို့ ပြည်နယ်တွေမှာ လုပ်ဆောင်နေတာပါ။

ဒီဆေး ၂ မျိုး စလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိအောင် ထိထိရောက်ရောက်နဲ့ ကောင်းစွာ ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒီဆေး ထုတ်လုပ်တဲ့ Moderna အတွင် အစုရှယ်ယာဈေးဟာလည်း မနှစ်ကထက်စာရင် အဆအားဖြင့် ရာခိုင်နှုန်း ၄၅၀ ကျော် တက်သွားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG