သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈတိုးလာတဲ့ ၿဗိတိန္မွာ Lockdown ထပ္ခ်ရမယ့္အေရး သတိေပး


လန္ဒန္ၿမိဳ႕မွာ COVID-19 စစ္ေဆးဖုိ႔ တန္းစီေစာင့္ဆုိင္းေနသူမ်ား။ (ဇန္နဝါရီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ၿဗိတိန္မွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈဟာ အထူးသျဖင့္ ကူးစက္ျမန္ ဗီဇေျပာင္း ပိုးသစ္ေၾကာင့္ ပိုတိုးလာေနတဲ့အတြက္ Lockdown ခ် ကန္႔သတ္မႈအသစ္ေတြ ထုတ္ျပန္ဖို႔ရွိတယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က တနဂၤေႏြေန႔မွာ သတိေပးလိုက္ပါတယ္။

အခုဆို ၿဗိတိန္မွာ ေနာက္ထပ္ကူးစက္ခံရသူဟာ ေန႔စဥ္လိုလို ၅၀,၀၀၀ ေလာက္အထိ ျဖစ္လာေနၿပီး ဒီကူးစက္ျမန္ပိုးသစ္ဟာ အရင္ပိုးထက္ ရာခိုင္ႏႈန္း ၇၀ ေလာက္ ပုိကူးစက္မႈ ျမန္တယ္လို႔ က်န္းမာေရးတာဝန္ခံေတြက ေျပာပါတယ္။

ဒီကူးစက္ျမန္ပိုးကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔ လာမယ့္သီတင္းပတ္ေတြအတြင္း အခုထက္ ပိုၿပီးတင္းက်ပ္တဲ့ စည္းမ်ဥ္းေတြ ခ်မွတ္ရေတာ့မွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

တနဂၤေႏြေန႔မွာပဲ အိႏၵိယႏိုင္ငံက ကို႐ုိနာဗုိင္းရပ္စ္ကာကြယ္ေဆး ၂ မ်ိဳးအတြက္ အေရးေပၚအသံုးျပဳခြင့္ ေနာက္ဆံုးအတည္ျပဳခ်က္ ခ်ေပးလိုက္ပါၿပီ။ AstraZeneca နဲ႔ Oxford တကၠသိုလ္တို႔ ပူးတြဲထုတ္လုပ္တဲ့ ေဆးနဲ႔ အိႏၵိယေဆးကုမၸဏီ Bharat Biotech ထုတ္ ေဆးတုိ႔ ျဖစ္ပါတယ္။

ကမာၻတလႊား ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၈၄,၈၉၈,၅၄၇ နဲ႔ ေသဆံုးရသူက ၂ သန္းနီးပါး ရွိေနၿပီး အေမရိကန္ႏုိင္ငံမွာေတာ့ ကူးစက္သူ သန္း ၂၀ ေက်ာ္၊ ေသဆံုးရသူ ၃ သိန္းခြဲေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ေနတယ္လို႔ Johns Hopkins တကၠသိုလ္စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ႏိုင္ငံမွာ အားလပ္ရက္ရာသီျဖစ္တဲ့အတြက္ လာမယ့္သီတင္းပတ္ေတြ အတြင္း ကူးစက္မႈ အခုထက္ ပိုတိုးလာႏုိင္တယ္လို႔လည္း ျပည္သူ႔က်န္းမာေရးတာဝန္ခံေတြက သတိေပးေနၾကပါတယ္။

Atlanta အေျခစိုက္ ကူးစက္ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန (CDC) က စေနေန႔ ထုတ္ျပန္ခ်က္ထဲမွာေတာ့ အေမရိကန္ႏိုင္ငံတလႊား COVID-19 ကာကြယ္ေဆး အလံုးေပါင္း ၁၃ သန္းေက်ာ္ ျဖန္႔ျဖဴးေပးခဲ့ၿပီး ေဆးထိုးၿပီးသူေပါင္းက ၄.၂ သန္းေက်ာ္ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

႐ုရွားမွာေတာ့ ႐ုရွားထုတ္ Sputnik V ကာကြယ္ေဆး ထိုးၿပီးသူေပါင္းက ၈ သိန္းေက်ာ္ရွိၿပီလို႔ ႐ုရွား က်န္းမာေရးဝန္ႀကီး Mikhail Murashko က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးလာတဲ့ ဗြိတိန်မှာ Lockdown ထပ်ချရမယ့်အရေး သတိပေး

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အထူးသဖြင့် ကူးစက်မြန် ဗီဇပြောင်း ပိုးသစ်ကြောင့် ပိုတိုးလာနေတဲ့အတွက် Lockdown ချ ကန့်သတ်မှုအသစ်တွေ ထုတ်ပြန်ဖို့ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။

အခုဆို ဗြိတိန်မှာ နောက်ထပ်ကူးစက်ခံရသူဟာ နေ့စဉ်လိုလို ၅၀,၀၀၀ လောက်အထိ ဖြစ်လာနေပြီး ဒီကူးစက်မြန်ပိုးသစ်ဟာ အရင်ပိုးထက် ရာခိုင်နှုန်း ၇၀ လောက် ပိုကူးစက်မှု မြန်တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။

ဒီကူးစက်မြန်ပိုးကို ထိန်းချုပ်နိုင်ဖို့ လာမယ့်သီတင်းပတ်တွေအတွင်း အခုထက် ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ရတော့မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ မျိုးအတွက် အရေးပေါ်အသုံးပြုခွင့် နောက်ဆုံးအတည်ပြုချက် ချပေးလိုက်ပါပြီ။ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်တဲ့ ဆေးနဲ့ အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech ထုတ် ဆေးတို့ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၄,၈၉၈,၅၄၇ နဲ့ သေဆုံးရသူက ၂ သန်းနီးပါး ရှိနေပြီး အမေရိကန်နိုင်ငံမှာတော့ ကူးစက်သူ သန်း ၂၀ ကျော်၊ သေဆုံးရသူ ၃ သိန်းခွဲကျော်နဲ့ အများဆုံးဖြစ်နေတယ်လို့ Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ အားလပ်ရက်ရာသီဖြစ်တဲ့အတွက် လာမယ့်သီတင်းပတ်တွေ အတွင်း ကူးစက်မှု အခုထက် ပိုတိုးလာနိုင်တယ်လို့လည်း ပြည်သူ့ကျန်းမာရေးတာဝန်ခံတွေက သတိပေးနေကြပါတယ်။

Atlanta အခြေစိုက် ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) က စနေနေ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်နိုင်ငံတလွှား COVID-19 ကာကွယ်ဆေး အလုံးပေါင်း ၁၃ သန်းကျော် ဖြန့်ဖြူးပေးခဲ့ပြီး ဆေးထိုးပြီးသူပေါင်းက ၄.၂ သန်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားမှာတော့ ရုရှားထုတ် Sputnik V ကာကွယ်ဆေး ထိုးပြီးသူပေါင်းက ၈ သိန်းကျော်ရှိပြီလို့ ရုရှား ကျန်းမာရေးဝန်ကြီး Mikhail Murashko က ပြောပါတယ်။

XS
SM
MD
LG