သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ျပတ္လပ္ႏုိင္ေျခ BioNTech အႀကီးအကဲ သတိေပး


Pfizer-BioNTech ကုိဗစ္ကာကြယ္ေဆး။ (ဒီဇင္ဘာ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကာကြယ္ေဆးအတြက္ အေမရိကန္က Pfizer နဲ႔လက္တြဲၿပီး ထုတ္ေနတဲ့ ဂ်ာမနီ BioNTech ကုမၸဏီ အႀကီးအကဲက သူတို႔ဘက္က မေနမနား ထုတ္ေနၾကေပမယ့္ ဒီၾကားထဲ တျခားကုမၸဏီေတြက ကာကြယ္ေဆးေတြ ထြက္မလာရင္ေတာ့ သူတို႔ရဲ႕ေဆးတင္ပို႔မႈ ျပတ္သြားႏိုင္တယ္လို႔ သတိေပးလိုက္ပါတယ္။

COVID-19 အတြက္ ကာကြယ္ေဆးထုတ္ႏိုင္ဖို႔ အၿပိဳင္ႀကိဳးပမ္းမႈမွာ Pfizer-BioNTech က အေရးေပၚသံုးခြင့္ ပထမဆံုးရခဲ့တာျဖစ္ေပမယ့္ အီးယူ ဥေရာပသမဂၢမွာေတာ့ က်န္းမာေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ဒီကာကြယ္ေဆးထိုးႏွံေရးဟာ ေနာက္က်ခဲ့ရသလို ေဆးမွာယူတဲ့ ပမာဏကလည္း နည္းပါတယ္။

ဒီေဆးကို ဇူလိုင္လမွာ အေမရိကန္က ထိုးေဆးအလံုးေပါင္း သန္း ၆၀၀ ေအာ္ဒါမွာခဲ့ေပမယ့္ အီးယူက ႏိုဝင္ဘာလအထိ ေစာင့္ၿပီးမွ သူ႔ထက္ဝက္ေလာက္ပဲ မွာယူခဲ့တာပါ။ အခုလို ေႏွာင့္ေႏွးမႈေၾကာင့္ ဂ်ာမနီမွာဆို ကာကြယ္ေဆးထိုးမႈကို ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ စတင္ခဲ့တာျဖစ္ေပမယ့္ အခုဆို တခ်ိဳ႕ေဒသေတြမွာ ဖြင့္ထားတဲ့ ကာကြယ္ေဆးထိုးေပးတဲ့ စင္တာေတြကို ယာယီပိတ္ထားရတာမ်ိဳး ျဖစ္လာေစပါတယ္။

BioNTech ကုမၸဏီ အႀကီးအကဲကေတာ့ ေဆးကို ေလာက္ငေအာင္ မေပးႏုိင္တာဟာ တျခားကာကြယ္ေဆးေတြအတြက္ အေရးေပၚသံုးခြင့္ အတည္ျပဳမေပးၾကေသးတာေၾကာင့္ ျဖစ္ေၾကာင္း ဂ်ာမနီ Spiegel သတင္းဌာနကို ေျပာပါတယ္။

အေမရိကန္က Moderna ကုမၸဏီထုတ္ ကာကြယ္ေဆးကိုေတာ့ ဇန္နဝါရီလ ၆ ရက္ေန႔ေလာက္မွ EMA ဥေရာပေဆးအဖြဲ႔ကေန အတည္ျပဳမျပဳ ဆံုးျဖတ္ဖို႔ ရွိပါတယ္။ ၿဗိတိန္အစိုးရက ဒီသီတင္းပတ္ထဲ အတည္ျပဳေပးလိုက္တဲ့ Oxford တကၠသိုလ္နဲ႔ AstraZeneca တို႔ကထုတ္တဲ့ ကာကြယ္ေဆးကိုလည္း EMA က အျမန္အတည္ျပဳေပးဖို႔ ဂ်ာမနီက တိုက္တြန္းေနတာပါ။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ပြတ်လပ်နိုင်ခြေ BioNTech အကြီးအကဲ သတိပေး

COVID-19 ကာကွယ်ဆေးအတွက် အမေရိကန်က Pfizer နဲ့လက်တွဲပြီး ထုတ်နေတဲ့ ဂျာမနီ BioNTech ကုမ္ပဏီ အကြီးအကဲက သူတို့ဘက်က မနေမနား ထုတ်နေကြပေမယ့် ဒီကြားထဲ တခြားကုမ္ပဏီတွေက ကာကွယ်ဆေးတွေ ထွက်မလာရင်တော့ သူတို့ရဲ့ဆေးတင်ပို့မှု ပြတ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

COVID-19 အတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ အပြိုင်ကြိုးပမ်းမှုမှာ Pfizer-BioNTech က အရေးပေါ်သုံးခွင့် ပထမဆုံးရခဲ့တာဖြစ်ပေမယ့် အီးယူ ဥရောပသမဂ္ဂမှာတော့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် ဒီကာကွယ်ဆေးထိုးနှံရေးဟာ နောက်ကျခဲ့ရသလို ဆေးမှာယူတဲ့ ပမာဏကလည်း နည်းပါတယ်။

ဒီဆေးကို ဇူလိုင်လမှာ အမေရိကန်က ထိုးဆေးအလုံးပေါင်း သန်း ၆၀၀ အော်ဒါမှာခဲ့ပေမယ့် အီးယူက နိုဝင်ဘာလအထိ စောင့်ပြီးမှ သူ့ထက်ဝက်လောက်ပဲ မှာယူခဲ့တာပါ။ အခုလို နှောင့်နှေးမှုကြောင့် ဂျာမနီမှာဆို ကာကွယ်ဆေးထိုးမှုကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပေမယ့် အခုဆို တချို့ဒေသတွေမှာ ဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေကို ယာယီပိတ်ထားရတာမျိုး ဖြစ်လာစေပါတယ်။

BioNTech ကုမ္ပဏီ အကြီးအကဲကတော့ ဆေးကို လောက်ငအောင် မပေးနိုင်တာဟာ တခြားကာကွယ်ဆေးတွေအတွက် အရေးပေါ်သုံးခွင့် အတည်ပြုမပေးကြသေးတာကြောင့် ဖြစ်ကြောင်း ဂျာမနီ Spiegel သတင်းဌာနကို ပြောပါတယ်။

အမေရိကန်က Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးကိုတော့ ဇန်နဝါရီလ ၆ ရက်နေ့လောက်မှ EMA ဥရောပဆေးအဖွဲ့ကနေ အတည်ပြုမပြု ဆုံးဖြတ်ဖို့ ရှိပါတယ်။ ဗြိတိန်အစိုးရက ဒီသီတင်းပတ်ထဲ အတည်ပြုပေးလိုက်တဲ့ Oxford တက္ကသိုလ်နဲ့ AstraZeneca တို့ကထုတ်တဲ့ ကာကွယ်ဆေးကိုလည်း EMA က အမြန်အတည်ပြုပေးဖို့ ဂျာမနီက တိုက်တွန်းနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG