သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



Pfizer-BioNTech ကာကွယ်ဆေး

(Zawgyi/Unicode)


မနှစ်က တရုတ်နိုင်ငံက စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးချိန်ကစပြီး အမေရိကန်နဲ့ ဂျာမဏီ ပူးတွဲထုတ်လုပ်တဲ့ ဒီဆေးဟာ အရေးပေါ်အသုံးပြုခွင့် ပထမဆုံး ရခဲ့တာ ဖြစ်ကြောင်း WHO ကပြောပါတယ်။

အခုလို လုပ်ဆောင်တာဟာ ကမ္ဘာတလွှား COVID-19 ကာကွယ်ဆေး ဖြန့်ဝေပေးနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်းနဲ့ ဒီကာကွယ်ဆေးကို ကမ္ဘာတလွှားက ဦးစားပေးပြီး ထိုးပေးဖို့ လိုအပ်သူတွေဆီ လုံလုံလောက်လောက် ရအောင် လုပ်ဖို့ လိုအပ်ကြောင်း WHO ရဲ့ ကာကွယ်ဆေး လက်လှမ်းမှီရေး လုပ်ဆောင်နေတဲ့ ထိပ်တန်းအရာရှိ Mariangela Simao က ပြောပါတယ်။


တိုက်ရိုက် လင့်ခ်


..............

ကိုဗစ်တားဆီးရေးအတွက် Pfizer-BioNTech ထိုးဆေးကို WHO အရေးပေါ်ခွင့်ပြုလိုက်ပြီ

(Unicode)

ကမ္ဘာတလွှားက နိုင်ငံအသီးသီးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမြန်ဖြန့်ဝေပေး နိုင်ဖို့အတွက် ရည်ရွယ်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ချပေးလိုက်ပါတယ်။

မနှစ်က တရုတ်နိုင်ငံက စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးချိန်ကစပြီး အမေရိကန်နဲ့ ဂျာမဏီ ပူူးတွဲထုတ်လုပ်တဲ့ ဒီဆေးဟာ အရေးပေါ်အသုံးပြုခွင့် ပထမဆုံး ရခဲ့တာ ဖြစ်ကြောင်း WHO ကပြောပါတယ်။

အခုလို လုပ်ဆောင်တာဟာ ကမ္ဘာတလွှား Covid 19 ကာကွယ်ဆေး ဖြန့်ဝေပေးနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်းနဲ့ ဒီကာကွယ်ဆေးကို ကမ္ဘာတလွှားက ဦးစားပေးပြီး ထိုးပေးဖို့ လိုအပ်သူတွေဆီ လုံလုံလောက်လောက် ရအောင် လုပ်ဖို့ လိုအပ်ကြောင်း WHO ရဲ့ ကာကွယ်ဆေး လက်လှမ်းမှီရေး လုပ်ဆောင်နေတဲ့ ထိပ်တန်းအရာရှိ Mariangela Simao က ပြောပါတယ်။

ဒီကာကွယ်ဆေးကို အရေးပေါ်သုံးခွင့် အခုလို ချပေးလိုက်တာကြောင့် နိုင်ငံအသီးသီးက စည်းမျဉ်းစည်းကမ်း ချမှတ်ရေး ဆိုင်ရာတာဝန်ရှိသူတွေအတွက်ပါ ဆေးတင်သွင်းခွင့်နဲ့ ဖြန့်ဝေခွင့်တွေ နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ဆောင်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG