သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ် နှောင့်နှေးနေ


Indiana ပြည်နယ်က ဆေးရုံတခုမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၀)
Indiana ပြည်နယ်က ဆေးရုံတခုမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးကို တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ အများပြည်သူတွေဆီ ကိုဗစ်ကာကွယ်ဆေးတွေ မရောက်ဘဲ နှောင့်နှေးနေပါတယ်။ သမ္မတ Donald Trump အစိုးရက ၂၀၂၀ ခုနှစ်မကုန်ခင် ပြည်သူ သန်း ၂၀ လောက် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးရမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ဒီဇင်ဘာ ၃၀ ဗုဒ္ဓဟူးနေ့အထိ နိုင်ငံတဝန်း ကိုဗစ် ကာကွယ်ဆေး ၁၂.၄ သန်းကိုပဲ ဖြန့်ချီထားနိုင်တာကို ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC မှတ်တမ်းတွေအရ သိရပါတယ်။

ဆေးထိုးပြီးသူ လူပေါင်း ၂.၆ သန်းရှိတယ်လို့ CDC ကပြောသလို ဆေးထိုးတာနဲ့ပတ်သက်လို့ သတင်းပို့နောက်ကျတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကိုဗစ် ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်လို့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတဲ့အပေါ် ပြည်နယ်အစိုးရတွေကြောင့်လို့ သမ္မတ Trump ကအပြစ်တင်ပါတယ်။

ပြည်ထောင်စုအစိုးရက ဆေးတွေဖြန့်ဝေထားပြီးဖြစ်တယ်၊ ပြည်နယ်အစိုးရတွေက ဆေးထိုးတဲ့အစီအစဉ်တွေ လုပ်ပါတော့လို့ သမ္မတက Trump လူမှုကွန်ယက်ပေါ်မှာ ရေးပါတယ်။ အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွေကို ပြည်နယ်အစိုးရ တခုချင်းစီက ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ တချို့နေရာတွေမှာ ဆေးထိုးမယ့်အစီအစဉ်အတွက် ဘဏ္ဍာငွေအလုံအလောက် မရှိဘူးဆိုတဲ့ ပြဿနာတွေလည်း ပေါ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်အတည်ပြုလူနာ သန်း ၂၀ နီးပါးရှိနေပြီး သေဆုံးသူကလည်း ၃၄၅,၀၀၀ ကျော်ရှိနေပါတယ်။

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ် နှောင့်နှေးနေ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG