သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Sinopharm ကိုဗစ္ကာကြယ္ေဆး ၇၉% ေက်ာ္ထိေရာက္


ေဘဂ်င္းၿမိဳ႕မွာ COVID-19 ကာကြယ္ေဆး နမူနာတခ်ိဳ႕။ (စက္တင္ဘာ ၄၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံ၊ Sinopharm ေဆးကုမၸဏီက သူတို႔စမ္းသပ္ေနတဲ့ COVID-19 ေရာဂါကာကြယ္ေဆးဟာ ၇၉.၃% ထိေရာက္မႈ ရွိတယ္လို႔ ဒီကေန႔ေျပာပါတယ္။ ေနာက္ဆံုးအဆင့္ စမ္းသပ္မႈကေန ထြက္လာတဲ့ ကနဦးရလဒ္ေတြအေပၚ အေျခခံေျပာဆိုတာျဖစ္ၿပီး ဒါဟာျဖင့္ တျခားဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကို ကာကြယ္ေဆး အကူအညီေပးမယ္လုိ႔ တရုတ္အစိုးရက ကတိေပးထားတာ ျပည့္မီေစဖို႔ ပိုၿပီး နီးသြားတဲ့သေဘာပါပဲ။

Sinopharm ကုမၸဏီရဲ႕ ကာကြယ္ေဆး စမ္းသပ္မႈဆိုင္ရာ အခ်က္အလက္ေတြဟာ ကာကြယ္ေဆး ေနာက္ဆံုးအဆင့္ စမ္းသပ္ေနတဲ့ တ႐ုတ္ကုမၸဏီေတြၾကား ပထမဆံုး တရားဝင္ထုတ္ျပန္ခ်က္ျဖစ္ပါတယ္။

ထိေရာက္မႈ ၉၄% ရွိတဲ့ Moderna ကာကြယ္ေဆးနဲ႔ ၉၅% ထိေရာက္မႈရွိတဲ့ Pfizer/BioNTech ကာကြယ္ေဆးေတြထက္ေတာ့ Sinopharm ကာကြယ္ေဆးရဲ႕ ထိေရာက္မႈရာခိုင္ႏႈန္းက နည္းပါတယ္။

ဒါေပမဲ့လည္း ေနာက္ထပ္ အခ်က္အလက္ေတြကို Sinopharm ကုမၸဏီက မထုတ္ျပန္ဘဲ ကာကြယ္ေဆးရဲ႕ ထိေရာက္မႈဆိုင္ရာ ေနာက္ဆံုးအတည္ျပဳခ်က္ဟာ သိပၸံစမ္းသပ္မႈဆိုင္ရာ အခ်က္အလက္ေတြ အျပည့္အစံု ထုတ္ျပန္တဲ့အေပၚ မူတည္ေနပါတယ္။

COVID-19 ကာကြယ္ေဆးေတြဟာ ေယဘုယ်အားျဖင့္ ၅၀% ပတ္ဝန္းက်င္ပဲ ထိေရာက္မႈရွိတဲ့ တုပ္ေကြးေရာဂါ ကာကြယ္ေဆးေလာက္ပဲ ထိေရာက္မႈရွိႏိုင္မယ္လို႔ သိပၸံပညာရွင္ေတြက သတိေပးထားပါတယ္။

တရုတ္အစိုးရပိုင္ Sinopharm ကုမၸဏီဟာ ကိုဗစ္ကာကြယ္ေဆး သုေတသနျပဳ စမ္းသပ္ေနတဲ့ တ႐ုတ္ကုမၸဏီ ငါးခုထက္မနည္းထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

Sinopharm ကိုဗစ္ကာကြယ္ေဆး ၇၉% ေက်ာ္ထိေရာက္
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Sinopharm ကိုဗစ်ကာကွယ်ဆေး ၇၉% ကျော်ထိရောက်

တရုတ်နိုင်ငံ၊ Sinopharm ဆေးကုမ္ပဏီက သူတို့စမ်းသပ်နေတဲ့ COVID-19 ရောဂါကာကွယ်ဆေးဟာ ၇၉.၃% ထိရောက်မှု ရှိတယ်လို့ ဒီကနေ့ပြောပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုကနေ ထွက်လာတဲ့ ကနဦးရလဒ်တွေအပေါ် အခြေခံပြောဆိုတာဖြစ်ပြီး ဒါဟာဖြင့် တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေး အကူအညီပေးမယ်လို့ တရုတ်အစိုးရက ကတိပေးထားတာ ပြည့်မီစေဖို့ ပိုပြီး နီးသွားတဲ့သဘောပါပဲ။

Sinopharm ကုမ္ပဏီရဲ့ ကာကွယ်ဆေး စမ်းသပ်မှုဆိုင်ရာ အချက်အလက်တွေဟာ ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်နေတဲ့ တရုတ်ကုမ္ပဏီတွေကြား ပထမဆုံး တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။

ထိရောက်မှု ၉၄% ရှိတဲ့ Moderna ကာကွယ်ဆေးနဲ့ ၉၅% ထိရောက်မှုရှိတဲ့ Pfizer/BioNTech ကာကွယ်ဆေးတွေထက်တော့ Sinopharm ကာကွယ်ဆေးရဲ့ ထိရောက်မှုရာခိုင်နှုန်းက နည်းပါတယ်။

ဒါပေမဲ့လည်း နောက်ထပ် အချက်အလက်တွေကို Sinopharm ကုမ္ပဏီက မထုတ်ပြန်ဘဲ ကာကွယ်ဆေးရဲ့ ထိရောက်မှုဆိုင်ရာ နောက်ဆုံးအတည်ပြုချက်ဟာ သိပ္ပံစမ်းသပ်မှုဆိုင်ရာ အချက်အလက်တွေ အပြည့်အစုံ ထုတ်ပြန်တဲ့အပေါ် မူတည်နေပါတယ်။

COVID-19 ကာကွယ်ဆေးတွေဟာ ယေဘုယျအားဖြင့် ၅၀% ပတ်ဝန်းကျင်ပဲ ထိရောက်မှုရှိတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးလောက်ပဲ ထိရောက်မှုရှိနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီဟာ ကိုဗစ်ကာကွယ်ဆေး သုတေသနပြု စမ်းသပ်နေတဲ့ တရုတ်ကုမ္ပဏီ ငါးခုထက်မနည်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

XS
SM
MD
LG