သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေဆးႏွစ္မ်ိဳး အေရးေပၚသံုးခြင့္ အိႏိၵယ အတည္ျပဳ


AstraZeneca ကုိဗစ္ကာကြယ္ေဆး။ (ေအာက္တုိဘာ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကာကြယ္ေဆး ၂ မ်ိဳးကို အေရးေပၚအျဖစ္ အသုံးျပဳဖို႔အတြက္ အခု တနဂၤေႏြေန႔မွာ ေနာက္ဆုံးအတည္ျပဳေပးလိုက္ၿပီ ျဖစ္တယ္လို႔ အိႏၵိယႏုိင္ငံက ေျပာလိုက္ပါတယ္။

တမ်ိဳးကေတာ့ AstraZeneca ေဆးကုမၸဏီနဲ႔ Oxford တကၠသိုလ္တို႔က ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆးျဖစ္ၿပီး ေနာက္တမ်ိဳးကေတာ့ အိႏၵိယေဆးကုမၸဏီ Bharat Biotech ကထုတ္တဲ့ ကာကြယ္ေဆး ျဖစ္ပါတယ္။ အဲဒီေဆး ၂ ခုစလုံးကို အိႏၵိယႏုိင္ငံထဲမွာ ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။

အေရးေပၚအသုံးျပဳဖို႔အတြက္ အတည္ျပဳလိုက္တဲ့ ကာကြယ္ေဆး ၂ မ်ိဳးဟာ အိႏၵိယႏုိင္ငံမွာ ထုတ္လုပ္တာျဖစ္တဲ့အတြက္ အိႏၵိယႏုိင္ငံသားတုိင္း ဂုဏ္ယူရမွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Narendra Modi က တြစ္တာကေန ေရးပါတယ္။

အိႏၵိယႏုိင္ငံက ကမာၻ႔အႀကီးမားဆုံး ကာကြယ္ေဆးထုိးမယ့္ အစီအစဥ္ေတြထဲက တခုကိုစတင္ဖို႔ လုပ္ေနခ်ိန္မွာပဲ အခုလို ကာကြယ္ေဆးေတြကို အေရးေပၚအသုံးျပဳဖို႔ သတင္းထြက္ေပၚလာခဲ့တာပါ။ ကာကြယ္ေဆးထိိုးဖို႔အတြက္ တႏုိင္ငံလုံး အတုိင္းအတာနဲ႔ ေလ့က်င့္မႈေတြကိုေတာ့ မေန႔ စေနေန႔က လုပ္ခဲ့ပါတယ္။

AstraZeneca ကုမၸဏီကထုတ္တဲ့ ေဆးရဲ႕ ထိေရာက္မႈက ၇၀ ရာခုိင္ႏႈန္းရွိၿပီး အိႏၵိယႏုိင္ငံထုတ္ ကာကြယ္ေဆးကေတာ့ ေဘးကင္းၿပီး ကိုယ္ခံအားတုံ႔ျပန္မႈကို အမ်ားႀကီးေပးႏုိင္တယ္လို႔ အိႏၵိယ ေဆးဝါးကြပ္ကဲေရးဌာန အႀကီးအကဲက ဒီေန႔ေျပာပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ COVID-19 ေရာဂါကူးစက္သူ ၁၀.၃ သန္းရွိၿပီး ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈ ဒုတိယအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ဗုိင္းရပ္စ္ကူးစက္သူ ၂၀.၄ သန္းနဲ႔ ေသဆုံးသူ ၃ သိန္းခဲြေက်ာ္နဲ႔ ကမာၻေပၚမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈအမ်ားဆုံး ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံတဝန္းမွာ COVID-19 ကာကြယ္ေဆး ၄.၂ သန္းေက်ာ္ ထိုးေပးထားၿပီး ၁၃ သန္းေက်ာ္ ျဖန္႔ေဝထားတယ္လို႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) က ေျပာပါတယ္။

ကမာၻတဝန္းမွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၈၄ သန္းခဲြေက်ာ္သြားၿပီ ျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။

ၿဗိတိန္မွာေတာ့ မေန႔က တရက္တည္းမွာတင္ ဗုိင္းရပ္စ္ကူးစက္သူ ဦးေရဟာ ၅၇,၀၀၀ ေက်ာ္နဲ႔ ေနာက္ထပ္ စံခ်ိန္တင္ခဲ့တယ္လို႔ ၿဗိတိန္က်န္းမာေရး အာဏာပိုင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကာကွယ်ဆေးနှစ်မျိုး အရေးပေါ်သုံးခွင့် အိန္ဒိယ အတည်ပြု

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးကို အရေးပေါ်အဖြစ် အသုံးပြုဖို့အတွက် အခု တနင်္ဂနွေနေ့မှာ နောက်ဆုံးအတည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောလိုက်ပါတယ်။

တမျိုးကတော့ AstraZenaca ဆေးကုမ္ပဏီနဲ့ Oxford တက္ကသိုလ်တို့က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဖြစ်ပြီး နောက်တမျိုးကတော့ အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech ကထုတ်တဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ အဲဒီဆေး ၂ ခုစလုံးကို အိန္ဒိယနိုင်ငံထဲမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အရေးပေါ်အသုံးပြုဖို့အတွက် အတည်ပြုလိုက်တဲ့ ကာကွယ်ဆေး ၂ မျိုးဟာ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံသားတိုင်း ဂုဏ်ယူရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Narendra Modi က တွစ်တာကနေ ရေးပါတယ်။

အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေထဲက တခုကိုစတင်ဖို့ လုပ်နေချိန်မှာပဲ အခုလို ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုဖို့ သတင်းထွက်ပေါ်လာခဲ့တာပါ။ ကာကွယ်ဆေးထိုးဖို့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ လေ့ကျင့်မှုတွေကိုတော့ မနေ့ စနေနေ့က လုပ်ခဲ့ပါတယ်။

AstraZeneca ကုမ္ပဏီကထုတ်တဲ့ ဆေးရဲ့ ထိရောက်မှုက ၇၀ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးကတော့ ဘေးကင်းပြီး ကိုယ်ခံအားတုံ့ပြန်မှုကို အများကြီးပေးနိုင်တယ်လို့ အိန္ဒိယ ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲက ဒီနေ့ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ COVID-19 ရောဂါကူးစက်သူ ၁၀.၃ သန်းရှိပြီး ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ဗိုင်းရပ်စ်ကူးစက်သူ ၂၀.၄ သန်းနဲ့ သေဆုံးသူ ၃ သိန်းခွဲကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတဝန်းမှာ COVID-19 ကာကွယ်ဆေး ၄.၂ သန်းကျော် ထိုးပေးထားပြီး ၁၃ သန်းကျော် ဖြန့်ဝေထားတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ပြောပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၄ သန်းခွဲကျော်သွားပြီ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

ဗြိတိန်မှာတော့ မနေ့က တရက်တည်းမှာတင် ဗိုင်းရပ်စ်ကူးစက်သူ ဦးရေဟာ ၅၇,၀၀၀ ကျော်နဲ့ နောက်ထပ် စံချိန်တင်ခဲ့တယ်လို့ ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG