သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး AstraZeneca ကိုသံုးဖို႔ အိႏၵိယ အတည္ျပဳ


ေအာက္စဖို႔ဒ္တကၠသိုလ္နဲ႔ AstraZeneca ကုမၸဏီတို႔ ပူးေပါင္းေဖာ္စပ္တဲ့ ကုိဗစ္ကာကြယ္ေဆး။ (ႏုိဝင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆးတမ်ဳိးကို ပထမဆံုး စအတည္ျပဳလိုက္ၿပီး ေနာက္ထပ္ ၃ မ်ိဳးကိုလည္း ဆက္အတည္ျပဳကာ လူသန္းေပါင္းမ်ားစြာကို ထိုးေပးဖို႔ ျပင္ေနပါၿပီ။

အိႏိၵယအေနနဲ႔ AstraZeneca ကုမၸဏီနဲ႔ Oxford တကၠသိုလ္တို႔ ပူးတြဲထုတ္လုပ္တဲ့ ကာကြယ္ေဆးကို အေရးေပၚသံုးဖို႔ အတည္ျပဳလိုက္တာေၾကာင့္ ကမာၻမွာ ဒုတိယ ပိုးေတြ႔အမ်ားဆံုးနဲ႔ လူဦးေရအမ်ားဆံုးလည္းျဖစ္တဲ့ ဒီႏိုင္ငံမွာ အႀကီးအက်ယ္ ကာကြယ္ေဆးထိုး လႈပ္ရွားမႈႀကီးစဖို႔ လမ္းပြင့္သြားပါၿပီ။

ဒီကာကြယ္ေဆးထိုး အစီအစဥ္ႀကီးအတြက္ ႀကိဳတင္အစမ္းေလ့က်င့္မူေတြ လုပ္ေနခ်ိန္မွာ အိႏိၵယ သတင္းနဲ႔ျပန္ၾကားေရးဝန္ႀကီး Prakash Javadekar က…

“အိႏိၵယဟာ ကာကြယ္ေဆး ၄ မ်ိဳး တခ်ိန္တည္း အသင့္ျဖစ္ေတာ့မယ့္ တခုတည္းေသာႏိုင္ငံ ျဖစ္ေကာင္းျဖစ္လာေတာ့မယ္။ မေန႔ကပဲ အိႏိၵယရဲ႕ Serum Institute ကုမၸဏီက ဒီ COVISHIELD ကာကြယ္ေဆးကို အေရးေပၚသံုးဖို႔ အတည္ျပဳလိုက္ပါၿပီ” လို႔ ေျပာသြားတာပါ။

ဝန္ႀကီး Javadekar ကပဲ ေနာက္ထပ္ အနည္းဆံုး အတည္ျပဳဖို႔ရွိေနတဲ့ ကာကြယ္ေဆးေတြကေတာ့ ႏိုင္ငံထဲက Bharat Biotech’s ကုမၸဏီရဲ႕ COVAXIN၊ ေနာက္ Zydus Cadila ကုမၸဏီရဲ႕ ZyCoV-D နဲ႔ ႐ုရွားရဲ႕ Sputnik-V တို႔ပါလို႔ မေန႔က ဆက္ေျပာခဲ့ပါတယ္။

အခုပထမဆံုးအတည္ျပဳတဲ့ AstraZeneca နဲ႔ Oxford ပူးတြဲထုတ္ကာကြယ္ေဆးကို အိႏိၵယႏိုင္ငံထဲက ဒီ Serum Institute ကေနပဲ ထုတ္လုပ္မွာပါ။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး AstraZeneca ကိုသုံးဖို့ အိန္ဒိယ အတည်ပြု

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတမျိုးကို ပထမဆုံး စအတည်ပြုလိုက်ပြီး နောက်ထပ် ၃ မျိုးကိုလည်း ဆက်အတည်ပြုကာ လူသန်းပေါင်းများစွာကို ထိုးပေးဖို့ ပြင်နေပါပြီ။

အိန္ဒိယအနေနဲ့ AstraZeneca ကုမ္ပဏီနဲ့ Oxford တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်သုံးဖို့ အတည်ပြုလိုက်တာကြောင့် ကမ္ဘာမှာ ဒုတိယ ပိုးတွေ့အများဆုံးနဲ့ လူဦးရေအများဆုံးလည်းဖြစ်တဲ့ ဒီနိုင်ငံမှာ အကြီးအကျယ် ကာကွယ်ဆေးထိုး လှုပ်ရှားမှုကြီးစဖို့ လမ်းပွင့်သွားပါပြီ။

ဒီကာကွယ်ဆေးထိုး အစီအစဉ်ကြီးအတွက် ကြိုတင်အစမ်းလေ့ကျင့်မူတွေ လုပ်နေချိန်မှာ အိန္ဒိယ သတင်းနဲ့ပြန်ကြားရေးဝန်ကြီး Prakash Javadekar က…

“အိန္ဒိယဟာ ကာကွယ်ဆေး ၄ မျိုး တချိန်တည်း အသင့်ဖြစ်တော့မယ့် တခုတည်းသောနိုင်ငံ ဖြစ်ကောင်းဖြစ်လာတော့မယ်။ မနေ့ကပဲ အိန္ဒိယရဲ့ Serum Institute ကုမ္ပဏီက ဒီ COVISHIELD ကာကွယ်ဆေးကို အရေးပေါ်သုံးဖို့ အတည်ပြုလိုက်ပါပြီ” လို့ ပြောသွားတာပါ။

ဝန်ကြီး Javadekar ကပဲ နောက်ထပ် အနည်းဆုံး အတည်ပြုဖို့ရှိနေတဲ့ ကာကွယ်ဆေးတွေကတော့ နိုင်ငံထဲက Bharat Biotech’s ကုမ္ပဏီရဲ့ COVAXIN၊ နောက် Zydus Cadila ကုမ္ပဏီရဲ့ ZyCoV-D နဲ့ ရုရှားရဲ့ Sputnik-V တို့ပါလို့ မနေ့က ဆက်ပြောခဲ့ပါတယ်။

အခုပထမဆုံးအတည်ပြုတဲ့ AstraZeneca နဲ့ Oxford ပူးတွဲထုတ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံထဲက ဒီ Serum Institute ကနေပဲ ထုတ်လုပ်မှာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG