သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ကူးစက်မှု စိုးရိမ်ရချိန် အိန္ဒိယမှာ Taj Mahal ကို သွားရောက်လည်ပတ်သူ များပြား


(Zawgyi/Unicode)

ကျန်းမာရေးအရာရှိတွေသတိပေးနေတဲ့ကြားကပဲ အိန္ဒိယနိုင်ငံမှာ Taj Mahal သမိုင်းဝင်ဂူဗိမာန်အဆောက်အဦးဆီကို တနေ့ကို လူ တသောင်းငါးထောင်လောက် လာရောက်လည်ပတ်နေကြတယ်လို့ ရိုက်တာသတင်းတရပ်ကဆိုပါတယ်။

နိုင်ငံခြားသားတွေလာရောက်အလည်ပတ်ဆုံး အိန္ဒိယနိုင်ငံရဲ့ ၁၇ ရာစု သမိုင်းဝင် ဒီဂူဗိမာန်ကို ပြီးခဲ့တဲ့ မတ်လကတည်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ပိတ်ထားခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြီး အကန့်အသတ်နဲ့လာရောက်လည်ပတ်ခွင့်ခဲ့ရာမှ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အရေအတွက် တရက် တသောင်းကျော် တိုးတက်များပြားလာတာဖြစ်ပါတယ်။

အစိုးရ ရှေးဟောင်းသုတေသနပညာရှင် Vasant Kumar Swarnkar ကတော့ လည်ပတ်ခွင့်လက်မှတ်အရေအတွက်ကို တရက် တသောင်းခွဲကန့်သတ်လိုက်မှပဲ ခရီးသွားတိုင်း လက်မှတ်တွေရပြီး ဂူဗိန်မာန်မှာ သွားရောက်ဂုဏ်ပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟုူးနေ့မှာတော့ ထောင်ပေါင်းများစွာသော ခရီးသွားဧည့်သည်တွေတော်တော်များများဟာ နှာခေါင်းစည်းမပါပဲ အဖြူရောင် ကျောက်သားဂူဗိမာန်နားမှာ အုပ်စုလိုက်လှည့်လည်နေကြပြီး လက်မှတ်အရောင်းဌာနတဝိုက်မှာလည်း လူတွေ ပိတ်ကျပ်နေတယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


...................

(Unicode)








ကျန်းမာရေးအရာရှိတွေကတော့ လူအမြောက်အမြားလာရောက်လည်ပတ်တဲ့နေရာတွေဟာ နောက်ထပ် ကိုရိုနာဗိုင်းရပ်ပျ့နှံ့လာနိုင်စရာတွေအဖြစ်သတိပေးထားပြီး ဗြိတိန်နိုင်ငံမှာလိုပဲ မျိုးကွဲအသစ်ကို အိန္ဒိယနိုင်ငံမှာ ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယ COVID-19 ကူးစက်မှုအများဆုံးနိင်ငံဖြစ်ပြီး လူတသိန်းခွဲခန့်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

XS
SM
MD
LG