သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကိုဗစ်ကူးစက်မှု သန်း ၂၀ ကျော်ပြီ


လော့စ်အိန်ဂျလိစ်က ဆေးရုံတခုမှာ ကိုဗစ်လူနာကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)
လော့စ်အိန်ဂျလိစ်က ဆေးရုံတခုမှာ ကိုဗစ်လူနာကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၁ နှစ်သစ်ထဲ ဝင်လာချိန်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် သောကြာနေ့ကထိဆိုရင် သန်း ၂၀ ကျော်သွားပြီဆိုတာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

ကမ္ဘာပေါ်က တခြားနိုင်ငံအားလုံးထက် အမေရိကန်မှာ COVID-19 ရောဂါကူးစက်သူ ပိုများပြီး ကမ္ဘာ့ကူးစက်သူ စုစုပေါင်း ၈၃.၈ သန်းကျော်ရဲ့ လေးပုံတပုံနီးပါးထိ ရှိလာတာပါ။ ဒါ့အပြင် သေဆုံးသူ အရေအတွက်ကလည်း ၃၄၇,၀၀၀ ကျော်ရှိပြီး ကမ္ဘာမှာ အများဆုံးပါပဲ။

ကာကွယ်ဆေးထိုးပေးဖို့အတွက် အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေ ကြိုးစားနေရချိန်မှာပဲ အခုလို ပိုးကူးစက်သူ အရေအတွက်ကလည်း တိုးလာနေတာပါ။ နှစ်ကုန်မှာ လူပေါင်း သန်း ၂၀ ကို ကာကွယ်ဆေးထိုးပြီး ဖြစ်မယ်လို့ သမ္မတ Donald Trump အစိုးရက ဒီဇင်ဘာလမှာ ခန့်မှန်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လူပေါင်း ၂.၈ သန်းပဲ ကာကွယ်ဆေး ပထမတလုံးကို ထိုးရသေးတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတဝန်း ဖြန့်ဖြူးပေးထားတဲ့ ကာကွယ်ဆေး အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့အထိဆိုရင် ကာကွယ်ဆေးအရေအတွက် ၁၂.၄ သန်းပဲ ရှိသေးတယ်လို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ပြောပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့လုပ်ငန်း နှေးကွေးနေတဲ့အပေါ် ယူတားပြည်နယ်၊ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitt Romney က သောကြာနေ့မှာ ဝေဖန်ပြောဆိုခဲ့ပြီး ဒီလုပ်ငန်းအပေါ် ဖက်ဒရယ်အစိုးရရဲ့ ကြပ်မတ်လုပ်ဆောင်မှု ပိုပြီးလိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

အမေရိကန် ကိုဗစ်ကူးစက်မှု သန်း ၂၀ ကျော်ပြီ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG