သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပြည်သူ ၈ သိန်းကျော် ကိုဗစ်ကာကွယ်ဆေး ထိုးပြီး


ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၀)
ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

ရုရှားနိုင်ငံမှာ အခုအခါ လူပေါင်း ၈ သိန်းကျော် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးပေါင်း တသန်းခွဲကျော် ထုတ်ပေးခဲ့ကြောင်း ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko က စနေနေ့မှာ ပြောပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူ စတုတ္ထမြောက် အများဆုံးဖြစ်တဲ့ ရုရှားနိုင်ငံက ဒီဇင်ဘာလ အစောပိုင်းမှာပဲ Sputnik V ကာကွယ်ဆေးကို စတင်ထုတ်လုပ်ခဲ့တာဖြစ်သလို နောက်ထုတ်ဖို့စီစဉ်ထားတဲ့ ကာကွယ်ဆေး အများအပြားလည်း ရလာဖို့ မျှော်လင့်နေတာပါ။

တခြားနိုင်ငံတွေကိုပါ ဖြန့်ဖြူးပေးနေပြီဖြစ်တဲ့ ရုရှားထုတ် Sputnik V ဟာ ၂ ခါထိုးရတဲ့ ဆေးဖြစ်ပြီး ၂၁ ရက်ခြား ထိုးရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရုရှားအစိုးရက ကာကွယ်ဆေးအလုံးပေါင်း ၃ သိန်းကို အာဂျင်တီးနားကို ပေးပို့ခဲ့တဲ့အတွက် ကိုယ့်နိုင်ငံအတွက် ပိုကြည့်ဖို့ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။

ရုရှားမှာ စနေနေ့ တရက်အတွင်း ဒီရောဂါ ကူးစက်ခံရသူ ၂ သောင်းခွဲကျော်နဲ့ သေဆုံးသူ ၄၀၀ ကျော်ရှိနေသလို အခုဆို စုစုပေါင်း ကူးစက်ခံရသူ ၃ သန်းကျော်နဲ့ သေဆုံးရသူ ၆ သောင်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG