သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ် ကိုဗစ်ကူးစက်ခံရသူ ၈၄ သန်းကျော်နေပြီ


COVID-19 ကူးစက်မှု ပြန်မြင့်တက်နေတဲ့ ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတဦးကို ဆေးရုံခေါ်ဆောင်လာတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၁၊ ၂၀၂၁)
COVID-19 ကူးစက်မှု ပြန်မြင့်တက်နေတဲ့ ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတဦးကို ဆေးရုံခေါ်ဆောင်လာတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ စနေနေ့မှာ ၈၄ သန်းကျော်သွားပြီလို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ကတော့ ကူးစက်ခံရသူ သန်း ၂၀ ကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေတာပါ။ ဒုတိယအများဆုံး ကူးစက်ခံရတဲ့နိုင်ငံက အိန္ဒိယဖြစ်ပြီး ၁၀ သန်းကျော်ရှိနေသလို ဘရာဇီးလ်ကတော့ ကူးစက်သူ ၇.၇ သန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ဟာ ကူးစက်မှု ပိုမြန်နေတာကြောင့် ဒါကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပြီး အခုဆို ဒီကပ်ရောဂါ စတင်ချိန်က တည်ဆောက်ထားတဲ့ အရေးပေါ် ဆေးရုံတွေကို ပြန်ပြီးသုံးဖို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေ လုပ်ဆောင်နေရပါတယ်။

Nightingale ဆေးရုံလို့ နာမည်ပေးထားတဲ့ အရေးပေါ် ယာယီဆေးရုံတွေကို လန်ဒန်မှာ ပြန်ဖွင့်ဖို့ လုပ်နေကြတာပါ။ ဒီဆေးရုံတွေကို လန်ဒန်တဝိုက်က ရပ်ကွက်တွေမှာ ဖွင့်ဖို့ စစ်တပ်က ဆောက်ပေးတာဖြစ်ပြီး ကိုဗစ်ပထမလှိုင်းဝင်ချိန်က သိပ်အသုံးမပြုလိုက်ရဘဲ အရန်သင့်ဖြစ်အောင် ပြင်ထားတဲ့ ဆေးရုံတွေ ဖြစ်ပါတယ်။

ဗြိတိန်က ကူးစက်မြန်ပိုးသစ်ကြောင့် ကမ္ဘာတလွှား နိုင်ငံအတော်များများက ဗြိတိန်အတွက် ခရီးသွားကန့်သတ်မှုတွေ ချမှတ်ထားတာပါ။ ဒီကူးစက်မြန်ပိုးသစ်ကို တွေ့ရတဲ့နိုင်ငံပေါင်း ၃၃ နိုင်ငံရှိပြီလို့ သောကြာနေ့ New York Times သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)

ကမ်ဘာပေါျ ကိုဗဈကူးစကျခံရသူ ၈၄ သနျးကြောျနပွေီ






XS
SM
MD
LG