သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ AstraZeneca ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံ


ေအာက္စဖို႔ဒ္က Churchill ေဆးရံုမွာ ေဆးကုသမႈခံယူေနတဲ့ အသက္ ၈၂ ႏွစ္အရြယ္လူနာကို ကာကြယ္ေဆးထိုးေပးေနတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ၿဗိတိန္ႏိုင္ငံမွာ ဒီကေန႔ တနလာၤေန႔ကစၿပီး AstraZeneca ကိုဗစ္၁၉ ကာကြယ္ေဆး စတင္ထိုးႏွံပါၿပီ။ ေအာက္စဖို႔ဒ္က Churchill ေဆးရံုမွာ ေဆးကုသမႈခံယူေနတဲ့ အသက္ ၈၂ ႏွစ္အရြယ္လူနာကို ပထမဆံုးထိုးႏွံတာျဖစ္ပါတယ္။ ကိုဗစ္၁၉ ကာကြယ္ေဆး သန္းဝက္ေလာက္လည္း အသံုးျပဳဖို႔အသင့္ျဖစ္ေနၿပီလို႔ ျဗိတိန္အာဏာပိုင္ေတြက ေျပာဆိုထားပါတယ္။

AstraZeneca ကိုဗစ္၁၉ ကာကြယ္ေဆးဟာ Pfizer-BioNTech ကာကြယ္ေဆးထက္စာရင္ ေစ်းႏႈန္းလည္းပိုၿပီး ခ်ိဳသာသလို အလြန္အမင္းေအးတဲ့ေနရာေတြမွာ သိမ္းဆည္းထားစရာမလိုတဲ့အတြက္ ပိုၿပီးေတာ့လည္း သယ္ယူပို႔ေဆာင္ဖို႔လြယ္ကူပါတယ္။ Pfizer-BioNTech ကာကြယ္ေဆးကိုေတာ့ အေမရိကန္ျပည္ေထာင္စုနဲ႔ ျဗိတိန္ႏိုင္ငံေတြက က်န္းမာေရး ဝန္ထမ္းေတြေတာ္ေတာ္မ်ားမ်ား ထိုးႏွံထားၾကၿပီးျဖစ္ပါတယ္။ ျဗိတိန္မွာ ကူးစက္ျမန္ဗီဇပိုးသစ္ ကိုဗစ္၁၉ ေရာဂါကူးစက္မႈ ကာကြယ္ႏုိင္ေရး ျဗိတိန္ဝန္ၾကီးခ်ဳပ္ Boris Johnson က တႏိုင္ငံလံုးအတုိင္းအတာနဲ႔ ကန္႔သတ္ပိတ္ဆို႔မႈသစ္ေတြ ထပ္ခ်မွတ္ဖို႔ ရွိတယ္လို႔ တနဂၤေႏြက သတိေပးေျပာဆိုထားပါတယ္။

ဗီဇေျပာင္း ကိုဗစ္၁၉ ပိုးသစ္ ကို ျဗိတိန္ကေန လတ္တေလာ ခရီးသြားၿပီး ျပန္လာတဲ့သူေလးဦးမွာ ေတြ႔ရွိတယ္လို႔ ဂရိအာဏာပိုင္ေတြကေျပာပါတယ္။

အိႏိၵယမွာေတာ့ ျဗိတိန္ႏိုင္ငံမွာအသံုးျပဳေနတဲ့ AstraZeneca ကိုဗစ္၁၉ ကာကြယ္ေဆးကို အေရးေပၚသံုးဖို႔ခြင့္ျပဳလိုက္သလို အိႏၵိယေဆးကုမၸဏီထုတ္ ကိုဗစ္၁၉ ကာကြယ္ေဆးကိုလည္း အေရးေပၚသံုးဖို႔ မေန႔ တနဂၤေႏြေန႔က အတည္ျပဳေပးလိုက္ပါၿပီ။ ဒါေပမဲ့လို႔ က်န္းမာေရး ပညာရွင္ေတြဘက္ကေတာ့ အခုလို ျပည္တြင္းထုတ္ ကိုဗစ္ကာကြယ္ေဆးကို အေရးေပၚသံုးဖို႔ ခပ္ျမန္ျမန္အတည္ျပဳလိုက္တဲ့အေပၚ စိုးရိမ္မႈေတြ ရွိေနပါတယ္။ အိႏၵိယႏိုင္ငံဟာ ကမၻာေပၚမွာ အေမရိကန္ျပည္ေထာင္စုၿပီးရင္ ဒုတိယအမ်ားဆံုး ကိုဗစ္၁၉ ကူးစက္မႈခံေနရတဲ့ႏုိင္ငံလည္းျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ေလာ့ခ္အိန္ဂ်လိစ္ၿမိဳ႕မွာေတာ့ ေျခာက္စကၠန္႔တိုင္း လူတဦးႏႈန္းကူးစက္ခံေနရတယ္လို႔ ေလာ့ခ္အိန္ဂ်လိစ္ၿမိဳ႕ေတာ္ဝန္က ေျပာဆိုလိုက္ၿပီး ေလာ့ခ္အိန္ဂ်လိစ္မွာျဖစ္ေနသလို အေမရိကန္ေနရာအေတာ္ေတာ္မ်ားမ်ားမွာလည္း ျဖစ္ပြားလာမယ္လို႔သတိေပးေျပာဆိုထားပါတယ္။ Atlanta အေျခစိုက္ ကူးစက္ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန (CDC) ကေတာ့ အေမရိကန္ျပည္ေထာင္စုတဝန္း COVID-19 ကာကြယ္ေဆး ၁၃ သန္းေက်ာ္ ျဖန္႔ျဖဴးေပးထားၿပီး လူေပါင္း ၄.၂ သန္း ကာကြယ္ေဆးထိုးႏွံၿပီးၿပီလို႔ စေနေန႔က ထုတ္ျပန္ေၾကညာထားပါတယ္။

ရုရွားႏုိင္ငံမွာေတာ့ လူေပါင္း ၈၀၀,၀၀၀ ရုရွားႏုိင္ငံထုတ္ ကိုဗစ္၁၉ ကာကြယ္ေဆး Sputnik V ထိုးႏွံၿပီးၿပီလို႔ ရုရွားက်န္းမာေရးဝန္ၾကီး Mikhail Murashko ကေျပာပါတယ္။ႏုိင္ငံတဝန္းက လူေပါင္း ၁၄၇ သန္းေက်ာ္အတြက္ ဒီရုရုားထုတ္ကာကြယ္ေဆးေပါင္း ၁.၅ သန္း ျဖန္႔ျဖဴးေပးၿပီးျဖစ္ပါတယ္။

ကမၻာေပၚမွာ တတိယ ကူးစက္မႈအမ်ားဆံုးျဖစ္ပြားေနတဲ့ ဘရာဇီးလ္မွာေတာ့ ကာကြယ္ေဆးထိုးႏွံမယ့္လႈပ္ရွားမႈေတြ မၾကာခင္သီတင္း ၃ ပတ္အတြင္း စတင္ေတာ့မွာျဖစ္ပါတယ္။

ကိုလံဘီယာမွာေတာ့ ကိုဗစ္၁၉ ကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး ၿမိဳ႕ေတာ္ဘိုဂိုဒါရဲ႕ ေဒသသံုးခုကို လာမယ့္အဂၤါေန႔ကစလို႔ အသြားအလာ ကန္႔သတ္မႈေတြနဲ႔ ထိန္းခ်ဳပ္ေတာ့မွာျဖစ္ပါတယ္။

ေတာင္အာဖရိက ေခါင္းေဆာင္ေတြကေတာ့ လာမယ့္ေဖေဖာ္ဝါရီလမွာ ျပည္သူလူထုကို ကာကြယ္ေဆးေတြ ထိုးႏွံႏုိင္မယ္လို႔ေမွ်ာ္လင့္ေၾကာင္း တနဂၤေႏြေန႔က ထုတ္ျပန္ေၾကညာထားပါတယ္။

ဇင္ဘာေဘြမွာေတာ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာလကစလို႔ ကူးစက္မႈႏႈန္းေတြဟာ ႏွစ္ဆျမင့္တက္လာေနတဲ့အတြက္ ႏိုင္ငံကို ထိန္းခ်ဳပ္ကာကြယ္ေရးႏုိင္ေရး မူသစ္ေတြ ခ်မွတ္ေနၿပီျဖစ္ပါတယ္။ ဇင္ဘာေဘြႏုိင္ငံဟာ ကိုဗစ္၁၉ ကူးစက္မႈ ၁၄,၅၀၀ ေက်ာ္ရွိေနၿပီး ၃၇၇ ဦး အသက္ဆံုးခဲ့ရတယ္လို႔ Johns Hopkins ေဆးတကၠသိုလ္ကထုတ္ျပန္ထားပါတယ္။

ေတာင္အာဖရိကမွာေတာ့ Mask မ်က္ႏွာဖံုးႏွာေခါင္းစည္းမတပ္မေနရ တင္းၾကပ္တဲ့ စည္းကမ္းထုတ္ထားၿပီး မ်က္ႏွာဖံုးမတပ္ထားတဲ့သူေတြကို ဘယ္လိုအေၾကာင္းျပခ်က္မ်ိဳးကိုလက္မခံပဲ အစိုးရလံုျခံဳေရးတပ္ဖြဲ႔ေတြဘက္က တင္းတင္းက်ပ္က်ပ္ကိုင္တြယ္ေနပါတယ္။ အရက္ေသစာေရာင္းခ်မႈကိုလည္း သမၼတ Cyril Ramaphosa က အမိန္႔ထုတ္တားျမစ္ပိတ္ပင္ထားပါတယ္။

ၿဗိတိန္မွာ AstraZeneca ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံ
please wait

No media source currently available

0:00 0:03:04 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗြိတိန်မှာ AstraZeneca ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

ဗြိတိန်နိုင်ငံမှာ ဒီကနေ့ တနလာၤနေ့ကစပြီး AstraZeneca ကိုဗစ်၁၉ ကာကွယ်ဆေး စတင်ထိုးနှံပါပြီ။ အောက်စဖို့ဒ်က Churchill ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ်လူနာကို ပထမဆုံးထိုးနှံတာဖြစ်ပါတယ်။ ကိုဗစ်၁၉ ကာကွယ်ဆေး သန်းဝက်လောက်လည်း အသုံးပြုဖို့အသင့်ဖြစ်နေပြီလို့ ဗြိတိန်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

AstraZeneca ကိုဗစ်၁၉ ကာကွယ်ဆေးဟာ Pfizer-BioNTech ကာကွယ်ဆေးထက်စာရင် ဈေးနှုန်းလည်းပိုပြီး ချိုသာသလို အလွန်အမင်းအေးတဲ့နေရာတွေမှာ သိမ်းဆည်းထားစရာမလိုတဲ့အတွက် ပိုပြီးတော့လည်း သယ်ယူပို့ဆောင်ဖို့လွယ်ကူပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတွေက ကျန်းမာရေး ဝန်ထမ်းတွေတော်တော်များများ ထိုးနှံထားကြပြီးဖြစ်ပါတယ်။ ဗြိတိန်မှာ ကူးစက်မြန်ဗီဇပိုးသစ် ကိုဗစ်၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေး ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်ပိတ်ဆို့မှုသစ်တွေ ထပ်ချမှတ်ဖို့ ရှိတယ်လို့ တနင်္ဂနွေက သတိပေးပြောဆိုထားပါတယ်။

ဗီဇပြောင်း ကိုဗစ်၁၉ ပိုးသစ် ကို ဗြိတိန်ကနေ လတ်တလော ခရီးသွားပြီး ပြန်လာတဲ့သူလေးဦးမှာ တွေ့ရှိတယ်လို့ ဂရိအာဏာပိုင်တွေကပြောပါတယ်။

အိန္ဒိယမှာတော့ ဗြိတိန်နိုင်ငံမှာအသုံးပြုနေတဲ့ AstraZeneca ကိုဗစ်၁၉ ကာကွယ်ဆေးကို အရေးပေါ်သုံးဖို့ခွင့်ပြုလိုက်သလို အိန္ဒိယဆေးကုမ္ပဏီထုတ် ကိုဗစ်၁၉ ကာကွယ်ဆေးကိုလည်း အရေးပေါ်သုံးဖို့ မနေ့ တနင်္ဂနွေနေ့က အတည်ပြုပေးလိုက်ပါပြီ။ ဒါပေမဲ့လို့ ကျန်းမာရေး ပညာရှင်တွေဘက်ကတော့ အခုလို ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်သုံးဖို့ ခပ်မြန်မြန်အတည်ပြုလိုက်တဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယအများဆုံး ကိုဗစ်၁၉ ကူးစက်မှုခံနေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု လော့ခ်အိန်ဂျလိစ်မြို့မှာတော့ ခြောက်စက္ကန့်တိုင်း လူတဦးနှုန်းကူးစက်ခံနေရတယ်လို့ လော့ခ်အိန်ဂျလိစ်မြို့တော်ဝန်က ပြောဆိုလိုက်ပြီး လော့ခ်အိန်ဂျလိစ်မှာဖြစ်နေသလို အမေရိကန်နေရာအတော်တော်များများမှာလည်း ဖြစ်ပွားလာမယ်လို့သတိပေးပြောဆိုထားပါတယ်။ Atlanta အခြေစိုက် ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ကတော့ အမေရိကန်ပြည်ထောင်စုတဝန်း COVID-19 ကာကွယ်ဆေး ၁၃ သန်းကျော် ဖြန့်ဖြူးပေးထားပြီး လူပေါင်း ၄.၂ သန်း ကာကွယ်ဆေးထိုးနှံပြီးပြီလို့ စနေနေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ရုရှားနိုင်ငံမှာတော့ လူပေါင်း ၈၀၀,၀၀၀ ရုရှားနိုင်ငံထုတ် ကိုဗစ်၁၉ ကာကွယ်ဆေး Sputnik V ထိုးနှံပြီးပြီလို့ ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko ကပြောပါတယ်။နိုင်ငံတဝန်းက လူပေါင်း ၁၄၇ သန်းကျော်အတွက် ဒီရုရုားထုတ်ကာကွယ်ဆေးပေါင်း ၁.၅ သန်း ဖြန့်ဖြူးပေးပြီးဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ တတိယ ကူးစက်မှုအများဆုံးဖြစ်ပွားနေတဲ့ ဘရာဇီးလ်မှာတော့ ကာကွယ်ဆေးထိုးနှံမယ့်လှုပ်ရှားမှုတွေ မကြာခင်သီတင်း ၃ ပတ်အတွင်း စတင်တော့မှာဖြစ်ပါတယ်။

ကိုလံဘီယာမှာတော့ ကိုဗစ်၁၉ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့တော်ဘိုဂိုဒါရဲ့ ဒေသသုံးခုကိုလာမယ့်အင်္ဂါနေ့ကစလို့ အသွားအလာ ကန့်သတ်မှုတွေနဲ့ ထိန်းချုပ်တော့မှာဖြစ်ပါတယ်။

တောင်အာဖရိက ခေါင်းဆောင်တွေကတော့ လာမယ့်ဖေဖော်ဝါရီလမှာ ပြည်သူလူထုကို ကာကွယ်ဆေးတွေ ထိုးနှံနိုင်မယ်လို့မျှော်လင့်ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဇင်ဘာဘွေမှာတော့ ပြီးခဲ့တဲ့နိုဝင်ဘာလကစလို့ ကူးစက်မှုနှုန်းတွေဟာ နှစ်ဆမြင့်တက်လာနေတဲ့အတွက် နိုင်ငံကို ထိန်းချုပ်ကာကွယ်ရေးနိုင်ရေးမူသစ်တွေချမှတ်နေပြီဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံဟာ ကိုဗစ်၁၉ ကူးစက်မှု ၁၄,၅၀၀ ကျော်ရှိနေပြီး ၃၇၇ ဦး အသက်ဆုံးခဲ့ရတယ်လို့ Johns Hopkins ဆေးတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။

တောင်အာဖရိကမှာတော့ Mask မျက်နှာဖုံးနှာခေါင်းစည်းမတပ်မနေရ တင်းကြပ်တဲ့ စည်းကမ်းထုတ်ထားပြီး မျက်နှာဖုံးမတပ်ထားတဲ့သူတွေကို ဘယ်လိုအကြောင်းပြချက်မျိုးကိုလက်မခံပဲ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေဘက်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေပါတယ်။ အရက်သေစာရောင်းချမှုကိုလည်း သမ္မတ Cyril Ramaphosa က အမိန့်ထုတ်တားမြစ်ပိတ်ပင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG