[Zawgyi/Unicode]
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ တရားမ၀င္ ၀င္ေရာက္လာတဲ့ ရိုဟင္ဂ်ာေတြကုိ ဖမ္းဆီးမိခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္မွာ လူေမွာင္ခုိမႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ထုိင္းအာဏာပုိင္ေတြ ႀကိဳးပမ္းေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။
ဘန္ေကာက္ၿမိဳ႕မွာ တရားမ၀င္ ေရာက္ရွိေနထုိင္ေနတဲ့ ႐ုိဟင္ဂ်ာ ၁၈ ေယာက္ကုိ အဂၤါေန႔က ထုိင္းအာဏာပုိင္ေတြ ဖမ္းဆီးမိခဲ့ၿပီး ေနာက္ဆက္တဲြအျဖစ္ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္က လူေမွာင္ခုိသူေတြ လႈပ္ရွားရာေနရာေတြမွာ ရွာေဖြစစ္ေဆးေနတာ ျဖစ္ပါတယ္။ ထုိင္းရဲခ်ဳပ္ရဲ႕ ညႊန္ၾကားခ်က္အရ ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ကန္ခ်နဘူရီနဲ႔ တာ့ခ္ခ႐ုိင္ေတြမွာ ဆက္လက္ရွာေဖြ စစ္ေဆးမႈေတြ လုပ္ေနေၾကာင္းလည္း ဘန္ေကာက္ၿမိဳ႕ေတာ္က လူ၀င္မႈႀကီးၾကပ္ေရးဌာန ဒုရဲမွဴး အာခ်ီရင္ ကိုင္ေထာင္းက သတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။
"ဘန္ေကာက္ျမိဳ႕ စိုင္းမိုင္ရပ္ကြက္မွာ ရိုဟင္ဂ်ာေတြကို ဖမ္းဆီးမိတဲ့ ကိစၥနဲ႔ ဆက္ႏြယ္ၿပီး၊ အိမ္ရွင္အျပင္ မေလးရွားနယ္စပ္ကုိ ပို႔ေဆာင္ဖုိ႔ စီစဥ္ေနတဲ့ ျမန္မာႏုိင္ငံသား ႏွစ္ ဦးကုိလည္း ဖမ္းဆီးစစ္ေဆးေနေၾကာင္း ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။ တရားမ၀င္ နိုင္ငံျခားသားေတြ အစုလိုက္အျပဳလိုက္ ၀င္ေရာက္လာနိုင္ေအာင္ အားေပးကူညီခဲ့တဲ့ အစိုးရအရာရွိေတြကိုလည္း ေဖၚထုတ္အေရးယူဖို ့ စံုစမ္းေရးအဖြဲ႔က စစ္ေဆးေနျပီ။" လို႔လည္း ဆိုပါတယ္။
ဘန္ေကာက္ၿမိဳ႕မွာ ဖမ္းဆီးမိတဲ့ ႐ုိဟင္ဂ်ာေတြထဲမွာ ၇ ဦးဟာ ကုိဗစ္ေရာဂါပုိး ကူးစက္ေနတာ ေတြ႔ရွိရေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။ ကပ္ေရာဂါကာလ နယ္စပ္ေဒသေတြမွာ လုံၿခံဳေရးတင္းၾကပ္ထားခ်ိန္မွာပဲ တာခ့္ခရိုင္ မဲရမက္နဲ ့ တန္ေစာင္ရမ္းၿမိဳ႕နယ္ေတြနဲ႔ ထိစပ္ေနတဲ့ ျမန္မာႏုိင္ငံနယ္စပ္ တိုင္းရင္းသား လက္နက္ကိုင္ေတြ ထိန္းခ်ဳပ္ရာနယ္ေျမမွာ ရခိုင္ျပည္နယ္ကေန ေရာက္လာတဲ့ ရိုဟင္ဂ်ာ ရာဂဏန္းေလာက္ ေရာက္ရွိေနၿပီး လူေမွာင္ခုိေတြ အကူအညီနဲ႔ ထိုင္းႏုိင္ငံထဲ တရားမ၀င္ ၀င္ေရာက္ဖုိ႔ ေစာင့္ဆုိင္းေနတယ္လုိ႔ သတင္းရရွိထားေၾကာင္းလည္း ထုိင္းအာဏာပုိင္ေတြကုိ ကုိးကားၿပီး ေဒသခံသတင္းေတြက ေဖာ္ျပေနၾကပါတယ္။ နယ္စပ္ကုိ တရားမ၀င္ ျဖတ္ေက်ာ္ ၀င္ေရာက္ဖုိ႔ ႀကိဳးပမ္းေနတယ္ဆုိတဲ့ သတင္းေၾကာင့္ နယ္စပ္မွာ မေန႔ကစၿပီး ထုိင္းႏုိင္ငံက လံုျခံဳေရးအင္အားေတြလည္း တိုးျမွင့္ထားပါတယ္။
အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ျပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈ မရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြ ရွိေနတဲ့ ထုိင္းႏိုင္ငံကေတာ့ tire 2 ေစာင့္ၾကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္။
[Unicode Version]
မြန်မာဘက်က လူမှောင်ခိုတွေတားဆီးရေး ထိုင်းအာဏာပိုင်တွေ တိုးမြှင့်လုပ်ဆောင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိခဲ့ပြီးနောက် မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ လူမှောင်ခိုမှုတွေကို ထိန်းချုပ်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။
ဘန်ကောက်မြို့မှာ တရားမဝင် ရောက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာ ၁၈ ယောက်ကို အင်္ဂါနေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံနဲ့ နယ်စပ်က လူမှောင်ခိုသူတွေ လှုပ်ရှားရာနေရာတွေမှာ ရှာဖွေစစ်ဆေးနေတာ ဖြစ်ပါတယ်။ ထိုင်းရဲချုပ်ရဲ့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံနဲ့နယ်စပ် ကန်ချနဘူရီနဲ့ တာ့ခ်ခရိုင်တွေမှာ ဆက်လက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေကြောင်းလည်း ဘန်ကောက်မြို့တော်က လူဝင်မှုကြီးကြပ်ရေးဌာန ဒုရဲမှူး အာချီရင် ကိုင်ထောင်းက သတင်းထောက်တွေကို ပြောခဲ့တာပါ။
"ဘန်ကောက်မြို့ စိုင်းမိုင်ရပ်ကွက်မှာ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိတဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး၊ အိမ်ရှင်အပြင် မလေးရှားနယ်စပ်ကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံသား နှစ် ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။ တရားမဝင် နိုင်ငံခြားသားတွေ အစုလိုက်အပြုလိုက် ဝင်ရောက်လာနိုင်အောင် အားပေးကူညီခဲ့တဲ့ အစိုးရအရာရှိတွေကိုလည်း ဖေါ်ထုတ်အရေးယူဖို့ စုံစမ်းရေးအဖွဲ့က စစ်ဆေးနေပြီ။" လို့လည်း ဆိုပါတယ်။
ဘန်ကောက်မြို့မှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေထဲမှာ ၇ ဦးဟာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိရကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါကာလ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကြပ်ထားချိန်မှာပဲ တာခ့်ခရိုင် မဲရမက်နဲ့ တန်စောင်ရမ်းမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံနယ်စပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေမှာ ရခိုင်ပြည်နယ်ကနေ ရောက်လာတဲ့ ရိုဟင်ဂျာ ရာဂဏန်းလောက် ရောက်ရှိနေပြီး လူမှောင်ခိုတွေ အကူအညီနဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းရရှိထားကြောင်းလည်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြနေကြပါတယ်။ နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းကြောင့် နယ်စပ်မှာ မနေ့ကစပြီး ထိုင်းနိုင်ငံက လုံခြုံရေးအင်အားတွေလည်း တိုးမြှင့်ထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။