သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာဖမ္းမိတဲ့ ႐ိုဟင္ဂ်ာတခ်ဳိ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႔


ထုိင္းအာဏာပုိင္ေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕။ (ဓာတ္ပံု - လဝက - ဇန္နဝါရီ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ႕က အိမ္တစ္လံုးမွာ ပိတ္ေလွာင္ခံထားရတဲ့ ရိုဟင္ဂ်ာေတြကုိ ထုိင္းအာဏာပုိင္ေတြ စစ္ေဆးေတြ႔ရွိခဲ့ၿပီး ဒီအထဲက တခ်ဳိ႕မွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္ေနတာ ေတြ႔ခဲ့ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ဒြန္ေမာင္းနယ္ေျမ စိုင္းမိုင္ရပ္ကြက္က ၂ ထပ္အိမ္ တလုံးမွာ ေဒသခံေတြရဲ႕ သတင္းေပးခ်က္အရ လူ၀င္မႈႀကီးၾကပ္ေရး တာ၀န္ရွိသူေတြ အပါအ၀င္ ထုိင္းအာဏာပုိင္ေတြ မေန႔ညပုိင္းက ၀င္ေရာက္ရွာေဖြရာမွာ ႐ုိဟင္ဂ်ာေတြကုိ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

"ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့ကာလမွာ ဘန္ေကာက္ျမိဳ႕ စိုင္းမိုင္ ေစ်းအနီးက နွစ္ထပ္အိမ္တစ္လံုးမွာ မသကၤာဖြယ္ နိုင္ငံျခားသားေတြ ပုန္းခိုေနတဲ့အေၾကာင္း ျပည္သူေတြကသတင္းေပးလာခဲ့လို ့က်ေနာ္အေနနဲ႔ လ၀ကကုိအေၾကာင္းၾကားခဲ့တာေၾကာင့္ လ၀က ရဲတပ္ဖြဲ ့ ေတြက သြားေရာက္စစ္ေဆး ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။" ဆိုၿပီး ေဒသခံရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ထုိင္းဘာသာနဲ႔ ေျပာသြားတာပါ။

လူမေနတဲ့့ ပံုစံနဲ႔ ေသာ့ခပ္ထားတဲ့အတြက္ တခါးေသာ့ေတြကို ဖ်က္ဆီးျပီး ၀င္ေရာက္ရွာေဖြခဲ့ရာမွာ အမ်ိဳးသမီးနဲ ့ ခေလးငယ္ေတြ အပါအ၀င္ ရိုဟင္ဂ်ာ ၁၈ ဦးကို ေတြ႔ရွိခဲ့ေၾကာင္းလည္း ဘန္ေကာက္ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရွာေဖြေတြ႔ရွိသူေတြထဲက ၇ ဦးဟာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ေနတာေတြ ့ရေၾကာင္းလည္း စိုင္းမိုင္ရပ္ကြက္က ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအဖြဲ႔က ေျပာဆုိခဲ့တာပါ။

အာဏာပုိင္ေတြ ေတြ႔ရွိခဲ့တဲ့ ရိုဟင္ဂ်ာေတြဟာ ျမန္မာနိုင္ငံ ရခိုင္ျပည္နယ္ကေန ေရာက္လာၾကတာျဖစ္ျပီး ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕ကေန တဆင့္ တရားမ၀င္ ၀င္ေရာက္လာသူေတြ ျဖစ္ေၾကာင္းလည္း အာဏာပုိင္ေတြကုိ ကုိးကားၿပီး ေဒသခံသတင္းေတြက ေဖာ္ျပၾကပါတယ္။ သူတို႔ကိုေတာ့ လူေမွာင္ခို ပြဲစားေတြက ထိုင္းႏုိင္ငံေတာင္ပိုင္းကို ပို ့ေဆာင္ဖိို ့ ျပင္ဆင္ေနတာျဖစ္ျပီး တစ္ဦးကို ပြဲစားခ ဘတ္ေငြ ၆,၀၀၀ ေပးခဲ့ရတယ္လို႔လည္း ရိုဟင္ဂ်ာေတြက ထြက္ဆိုခဲ့ေႀကာင္း ထုိင္းအာဏာပိုင္ေတြကို ကုိးကားျပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပႀကပါတယ္။ သူတုိ႔ေနထုိင္ရာ အိမ္ပုိင္ရွင္နဲ႔ ျမန္မာနိုင္ငံသား အိမ္ဌားကို ဖမ္းဆီး စစ္ေဆးေနတယ္လုိ႔လည္း ဆုိပါတယ္။

ထိုင္းနိုင္ငံမွာ တေက်ာ့ျပန္ ကိုဗစ္-၁၉ ေရာဂါပိုး ျပန္ ့ပြားလာရတာဟာ ႏိုင္ငံအတြင္း တရားမ၀င္ ၀င္ေရာက္လာၾကတဲ့ နိုင္ငံျခားသား အလုပ္သမားေတြေၾကာင့္ ျဖစ္တယ္လို ့ ထိုင္းရဲခ်ဳပ္က ျပစ္တင္ ေျပာဆိုခဲ့ျပီး လူေမွာင္ခိုးဂိုဏ္းေတြနဲ ့ ပတ္သက္ကူညီအားေပးေနၾကတဲ့ ထိုင္းအရာရွိေတြကိုပါ ေဖၚထုတ္ေရးယူမယ့္အေၾကာင္း မၾကာေသးခင္ရက္ပိုင္းအတြင္းက သတိေပးခဲ့ပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၆ နဲ႔ ကူးစက္သူ ၉,၃၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ ျပီးခဲ့တဲ့ ဒီဇင္ဘာလလည္က စျပီး ေရာဂါပုိးကူးစက္မႈေတြ တိုးလာတာပါ။ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၇၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၂၈,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာတချို့မှာ ကိုဗစ်ရောဂါပိုးတွေ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အိမ်တစ်လုံးမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီအထဲက တချို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာ တွေ့ခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းနယ်မြေ စိုင်းမိုင်ရပ်ကွက်က ၂ ထပ်အိမ် တလုံးမှာ ဒေသခံတွေရဲ့ သတင်းပေးချက်အရ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ အပါအဝင် ထိုင်းအာဏာပိုင်တွေ မနေ့ညပိုင်းက ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

"ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ဘန်ကောက်မြို့ စိုင်းမိုင် ဈေးအနီးက နှစ်ထပ်အိမ်တစ်လုံးမှာ မသင်္ကာဖွယ် နိုင်ငံခြားသားတွေ ပုန်းခိုနေတဲ့အကြောင်း ပြည်သူတွေကသတင်းပေးလာခဲ့လို့ကျနော်အနေနဲ့ လဝကကိုအကြောင်းကြားခဲ့တာကြောင့် လဝက ရဲတပ်ဖွဲ့ တွေက သွားရောက်စစ်ဆေး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။" ဆိုပြီး ဒေသခံရပ်ကွက်အုပ်ချုပ်ရေးမှူးက ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

လူမနေတဲ့ ပုံစံနဲ့ သော့ခပ်ထားတဲ့အတွက် တခါးသော့တွေကို ဖျက်ဆီးပြီး ဝင်ရောက်ရှာဖွေခဲ့ရာမှာ အမျိုးသမီးနဲ့ ခလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၈ ဦးကို တွေ့ရှိခဲ့ကြောင်းလည်း ဘန်ကောက် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရှာဖွေတွေ့ရှိသူတွေထဲက ၇ ဦးဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတာတွေ့ရကြောင်းလည်း စိုင်းမိုင်ရပ်ကွက်က ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲ့က ပြောဆိုခဲ့တာပါ။

အာဏာပိုင်တွေ တွေ့ရှိခဲ့တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရောက်လာကြတာဖြစ်ပြီး ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်ကြောင်းလည်း အာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ သူတို့ကိုတော့ လူမှောင်ခို ပွဲစားတွေက ထိုင်းနိုင်ငံတောင်ပိုင်းကို ပို့ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး တစ်ဦးကို ပွဲစားခ ဘတ်ငွေ ၆,၀၀၀ ပေးခဲ့ရတယ်လို့လည်း ရိုဟင်ဂျာတွေက ထွက်ဆိုခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ သူတို့နေထိုင်ရာ အိမ်ပိုင်ရှင်နဲ့ မြန်မာနိုင်ငံသား အိမ်ဌားကို ဖမ်းဆီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ တကျော့ပြန် ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားလာရတာဟာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကြောင့် ဖြစ်တယ်လို့ ထိုင်းရဲချုပ်က ပြစ်တင် ပြောဆိုခဲ့ပြီး လူမှောင်ခိုးဂိုဏ်းတွေနဲ့ ပတ်သက်ကူညီအားပေးနေကြတဲ့ ထိုင်းအရာရှိတွေကိုပါ ဖေါ်ထုတ်ရေးယူမယ့်အကြောင်း မကြာသေးခင်ရက်ပိုင်းအတွင်းက သတိပေးခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၆ နဲ့ ကူးစက်သူ ၉,၃၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလည်က စပြီး ရောဂါပိုးကူးစက်မှုတွေ တိုးလာတာပါ။ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်သူ ၁၂၈,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG