သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္အနီးစက္ရံုေတြမွာ ကိုဗစ္ပိုးစစ္ေဆးမႈ တိုးလုပ္ေန


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ လူနာသစ္ ၃၆၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁ ေယာက္ရွိတာေၾကာင့္ ဘန္ေကာက္ၿမိဳ႕နဲ႔ အနီးတဝိုက္ ေထာင္နဲ႔ ခ်ီၿပီးရွိတဲ့ စက္႐ုံေတြမွာ ေရာဂါပိုးစစ္ေဆးမႈေတြ ထပ္တိုးၿပီး လုပ္သြားမယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ေရာဂါကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ Samut Sakhon ခ႐ိုင္တြင္း ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို အဓိက အာ႐ုံစိုက္ၿပီး သက္ဆိုင္ရာက ေရာဂါထိန္းခ်ဳပ္ေရး ႀကိဳးပမ္းေနၾကတာပါ။ အဲဒီမွာရွိတဲ့ ပင္လယ္စာ ေစ်းေတြနဲ႔ ပင္လယ္စာ ထုတ္လုပ္ေရး စက္႐ုံေတြမွာ ေ႐ႊ႕ေျပာင္းအလုပ္သမား ေထာင္နဲ႔ ခ်ီၿပီး အလုပ္လုပ္ကိုင္ေနၾကတာလည္း ျဖစ္ပါတယ္။

ဒီကေန႔ ကူးစက္သူ ၃၆၅ ေယာက္မွာ ျပည္တြင္းကူးစက္သူ ၂၅၀၊ ေ႐ႊ႕ေျပာင္းလုပ္သားေတြထဲ ၉၉ ေယာက္နဲ႔ က်န္ ၁၆ ေယာက္က ျပည္ပကျပန္လာၿပီး သီးျခားခြဲေစာင့္ၾကည့္စင္တာေတြမွာ ေစာင့္ၾကည့္ထားသူေတြျဖစ္ပါတယ္။

Samut Sakhon ခ႐ိုင္တြင္း စက္႐ုံေပါင္း ၁၀,၀၀၀ ေက်ာ္က အလုပ္သမားေတြကို ေရာဂါပိုးစစ္ေဆးသြားဖို႔ စီစဥ္ထားတယ္လို႔ ထိုင္း COVID-19 ထိန္းခ်ဳပ္ေရး စင္တာ ေျပာခြင့္ရ Taweesilp Visanuyothin က ေျပာပါတယ္။

အခုထိႏိုင္ငံတြင္း COVID-19 ေၾကာင့္ ေသဆုံးသူ ၆၆ ေယာက္အပါအဝင္ ေရာဂါကူးစက္သူ ၉,၃၃၁ ေယာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘန်ကောက်အနီးစက်ရုံတွေမှာ ကိုဗစ်ပိုးစစ်ဆေးမှု တိုးလုပ်နေ

ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာသစ် ၃၆၀ ကျော်နဲ့ သေဆုံးသူ ၁ ယောက်ရှိတာကြောင့် ဘန်ကောက်မြို့နဲ့ အနီးတဝိုက် ထောင်နဲ့ ချီပြီးရှိတဲ့ စက်ရုံတွေမှာ ရောဂါပိုးစစ်ဆေးမှုတွေ ထပ်တိုးပြီး လုပ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ Samut Sakhon ခရိုင်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိက အာရုံစိုက်ပြီး သက်ဆိုင်ရာက ရောဂါထိန်းချုပ်ရေး ကြိုးပမ်းနေကြတာပါ။ အဲဒီမှာရှိတဲ့ ပင်လယ်စာ ဈေးတွေနဲ့ ပင်လယ်စာ ထုတ်လုပ်ရေး စက်ရုံတွေမှာ ရွှေ့ပြောင်းအလုပ်သမား ထောင်နဲ့ ချီပြီး အလုပ်လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ကူးစက်သူ ၃၆၅ ယောက်မှာ ပြည်တွင်းကူးစက်သူ ၂၅၀၊ ရွှေ့ပြောင်းလုပ်သားတွေထဲ ၉၉ ယောက်နဲ့ ကျန် ၁၆ ယောက်က ပြည်ပကပြန်လာပြီး သီးခြားခွဲစောင့်ကြည့်စင်တာတွေမှာ စောင့်ကြည့်ထားသူတွေဖြစ်ပါတယ်။

Samut Sakhon ခရိုင်တွင်း စက်ရုံပေါင်း ၁၀,၀၀၀ ကျော်က အလုပ်သမားတွေကို ရောဂါပိုးစစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ ထိုင်း COVID-19 ထိန်းချုပ်ရေး စင်တာ ပြောခွင့်ရ Taweesilp Visanuyothin က ပြောပါတယ်။

အခုထိနိုင်ငံတွင်း COVID-19 ကြောင့် သေဆုံးသူ ၆၆ ယောက်အပါအဝင် ရောဂါကူးစက်သူ ၉,၃၃၁ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG