(Zawgyi / Unicode)
ထုိင္းႏုိင္ငံမွာ COVID-19 ဒုတိယလႈိင္း ျဖစ္လာေနခ်ိန္မွာပဲ ကန္႔သတ္မႈအသစ္ေတြ ခ်မွတ္လာေနၿပီး ျပည္သူေတြကိုလည္း ခရီးမသြားၾကဖို႔ ပန္ၾကားလိုက္ပါတယ္။
ထုိင္းအစိုးရက ႏုိင္ငံတြင္းမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြကို တႏိုင္ငံလုံး အတုိင္းအတာနဲ႔ ပိတ္ဖို႔ ဒီကေန႔မွာ အမိန္႔မထုတ္ခဲ့ေပမယ့္လည္း တခ်ိဳ႕ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကိုေတာ့ သူတုုိ႔ျပည္နယ္ေတြအလိုက္ သူတုိ႔ဘာသာ သူတုိ႔ ကန္႔သတ္မႈေတြ လုပ္ဖို႔အတြက္ ခြင့္ျပဳလိုက္ပါတယ္။
ထုိင္းႏုိင္ငံ ၂၀၂၀ ခုႏွစ္ ႏွစ္လယ္တုန္းက ဗုိင္းရပ္စ္ကူးစက္မႈေတြကို အေတာ္ေလး ထိန္းခ်ဳပ္ႏုိင္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ ဒီဇင္ဘာလ အေစာပိုင္းမွာေတာ့ ႏုိင္ငံတြင္း ကူးစက္မႈ ဒုတိယလႈိင္းနဲ႔ ႀကဳံလာေနရတာ ျဖစ္ပါတယ္။
ဒီေန႔မွာေတာ့ ဗုိင္းရပ္စ္ကူးစက္သူ ၃၁၅ ေယာက္ရွိခဲ့ၿပီး အဲဒီထဲက အမ်ားစုကေတာ့ ျပည္တြင္းကူးစက္မႈ ျဖစ္ပါတယ္။ ဒါေၾကာင့္ ထုိင္းႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္သူ စုစုေပါင္း ၇,၆၉၄ ေယာက္နဲ႔ ေသဆုံးသူ ၆၄ ေယာက္ရွိပါတယ္။
ဒါ့အျပင္ B.1.1.7 လို႔ေခၚတဲ့ ပိုၿပီးေတာ့ ကူးစက္ျမန္တဲ့ ဗုိင္းရပ္စ္မ်ိဳးကဲြသစ္ကိုလည္း ဒီေန႔မွာ ပထမဆုံးအႀကိမ္ ေတြ႔ခဲ့တယ္လို႔ ခ်ဴလာေလာင္းကြန္းတကၠသိုလ္က အႀကီးတန္း ေရာဂါေဗဒပညာရွင္ Yong Poovorawan က Facebook မွာ ေျပာထားပါတယ္။ အဲဒီ ဗုိင္းရပ္စ္မ်ိဳးကဲြသစ္ကို ၿဗိတိန္ကေန ျပန္လာၿပီး ထုိင္းႏုိင္ငံမွာ သီးျခား အသြားအလာ ကန္႔သတ္ထားတဲ့ လူ ၄ ေယာက္ပါတဲ့ မိသားစုတခုမွာ ေတြ႔တာျဖစ္တယ္လို႔ ေျပာပါတယ္။
ထုိင္းႏုိင္ငံတြင္းက လက္ရွိ ျပည္တြင္းကူးစက္မႈေတြကေတာ့ အိမ္နီးခ်င္း ျမန္မာႏုိင္ငံက တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ေနထုိင္တဲ့သူေတြနဲ႔ ဆက္ႏႊယ္မႈရွိတယ္လို႔ ဆုိပါတယ္။
ပညာေရးဝန္ႀကီးဌာနကေတာ့ ထုိင္းႏုိင္ငံမွာရွိတဲ့ အစိုးရေက်ာင္းေတြ၊ ပုဂၢလိကေက်ာင္းေတြ အပါအဝင္ တျခား သက္ေမြးဝမ္းေက်ာင္းန႔ဲဆုိင္တဲ့ ေက်ာင္းေတြကို တနလၤာေန႔က ဇန္နဝါရီလအကုန္ထိ ပိတ္ဖို႔ ညႊန္ၾကားထားပါတယ္။ ဒါ့အျပင္ ေစ်းဝယ္စင္တာေတြကို တနာရီေစာၿပီး ည ၉ နာရီမွာ ပိတ္ဖို႔ ထုိင္းႏုိင္ငံရဲ႕ လက္လီေစ်းဆုိင္လုပ္ငန္းရွင္မ်ားအသင္းက ေၾကညာထားပါတယ္။
-------------------------
(Unicode)
ထိုင်းနိုင်ငံမှာ ကပ်ရောဂါဆိုင်ရာ ကန့်သတ်မှုသစ်များ ထုတ်ပြန်
ထိုင်းနိုင်ငံမှာ COVID-19 ဒုတိယလှိုင်း ဖြစ်လာနေချိန်မှာပဲ ကန့်သတ်မှုအသစ်တွေ ချမှတ်လာနေပြီး ပြည်သူတွေကိုလည်း ခရီးမသွားကြဖို့ ပန်ကြားလိုက်ပါတယ်။
ထိုင်းအစိုးရက နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ဖို့ ဒီကနေ့မှာ အမိန့်မထုတ်ခဲ့ပေမယ့်လည်း တချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကိုတော့ သူတို့ပြည်နယ်တွေအလိုက် သူတို့ဘာသာ သူတို့ ကန့်သတ်မှုတွေ လုပ်ဖို့အတွက် ခွင့်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ၂၀၂၀ ခုနှစ် နှစ်လယ်တုန်းက ဗိုင်းရပ်စ်ကူးစက်မှုတွေကို အတော်လေး ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှာတော့ နိုင်ငံတွင်း ကူးစက်မှု ဒုတိယလှိုင်းနဲ့ ကြုံလာနေရတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဗိုင်းရပ်စ်ကူးစက်သူ ၃၁၅ ယောက်ရှိခဲ့ပြီး အဲဒီထဲက အများစုကတော့ ပြည်တွင်းကူးစက်မှု ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၇,၆၉၄ ယောက်နဲ့ သေဆုံးသူ ၆၄ ယောက်ရှိပါတယ်။
ဒါ့အပြင် B.1.1.7 လို့ခေါ်တဲ့ ပိုပြီးတော့ ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ကိုလည်း ဒီနေ့မှာ ပထမဆုံးအကြိမ် တွေ့ခဲ့တယ်လို့ ချူလာလောင်းကွန်းတက္ကသိုလ်က အကြီးတန်း ရောဂါဗေဒပညာရှင် Yong Poovorawan က Facebook မှာ ပြောထားပါတယ်။ အဲဒီ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ဗြိတိန်ကနေ ပြန်လာပြီး ထိုင်းနိုင်ငံမှာ သီးခြား အသွားအလာ ကန့်သတ်ထားတဲ့ လူ ၄ ယောက်ပါတဲ့ မိသားစုတခုမှာ တွေ့တာဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံတွင်းက လက်ရှိ ပြည်တွင်းကူးစက်မှုတွေကတော့ အိမ်နီးချင်း မြန်မာနိုင်ငံက တရားမဝင် နယ်စပ်ဖြတ်ကျော် နေထိုင်တဲ့သူတွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ အပါအဝင် တခြား သက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ ကျောင်းတွေကို တနင်္လာနေ့က ဇန်နဝါရီလအကုန်ထိ ပိတ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ဈေးဝယ်စင်တာတွေကို တနာရီစောပြီး ည ၉ နာရီမှာ ပိတ်ဖို့ ထိုင်းနိုင်ငံရဲ့ လက်လီဈေးဆိုင်လုပ်ငန်းရှင်များအသင်းက ကြေညာထားပါတယ်။