သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ ကိုဗစ္ကူးစက္မႈထိန္းခ်ဳပ္ေရး အျပင္းအထန္လုပ္ေဆာင္ေန


ထိုင္းႏိုင္ငံ Samut Sakhon ခရိုင္မွာ ကိုဗစ္စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔လနဲ႔ခ်ီ ႀကိဳးပမ္းလုပ္ေဆာင္ခဲ့တဲ့ ထိုင္းႏိုင္ငံတြင္း ေ႐ႊ႕ေျပာင္းအလုပ္သမားေတြၾကား ကူးစက္မႈ အသစ္ေတြႀကဳံေနရပါတယ္။ တျခားႏိုင္ငံေတြမွာ ေရာဂါဆက္ၿပီး ပ်ံ႕ႏွံ႔ေနတာနဲ႔အတူ အခုျပည္တြင္းကူးစက္မႈအသစ္ေတြ ရွိတာေၾကာင့္ ျပည္သူေတြသတိရွိၾကဖို႔ ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ႐ုပ္သံကေနေျပာၾကားခဲ့ပါတယ္။ ျပည္ပခရီးသြားေတြအတြက္ ထိုင္းကိုလာေရာက္ခြင့္ စည္းမ်ဥ္းေတြကို ေျဖေလွ်ာ့ေပးထားတာေၾကာင့္ ထိုင္းႏိုင္ငံအေနနဲ႔ ေရာဂါထိန္းခ်ဳပ္ေရး သတိနဲ႔ တုံ႔ျပန္ကိုင္တြယ္ဖို႔လိုတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Prayuth ကေျပာပါတယ္။ ဧၿပီလအေစာပိုင္းတုန္းက ျပည္ပေလယာဥ္ခရီးစဥ္ေတြကို တားျမစ္ခဲ့တာေၾကာင့္ ထိခိုက္ခဲ့ရတဲ့ ခရီးသြားလုပ္ငန္းနဲ႔ စီးပြါးေရး အရ ႐ိုက္ခတ္မႈေတြကို ေလ်ာ့ပါးေစဖို႔ ဒီအဆင့္က အေရးႀကီးတယ္လို႔လည္း သူကေျပာပါတယ္။

တနဂၤေႏြေန႔ စာရင္းေတြအရ တရက္ထဲကူးစက္မႈ ၅၇၆ ေယာက္ရွိၿပီး ဒါက အရင္စုစုေပါင္း ကူးစက္သူ အေရအတြက္ရဲ႕ ၁၃ ရာခိုင္ႏႈန္းရွိတာပါ။ အခုထိ ထိုင္းႏိုင္ငံမွာ ေရာါကူးစက္တဲ့သူ ၄,၉၀၀ ေက်ာ္ရွိပါတယ္။ အခု ကူးစက္မႈ အမ်ားစုက Samut Sakhon ခ႐ိုင္ ပင္လယ္စာ ေစ်းတခုက ေ႐ႊ႕ေျပာင္းအလုပ္သမား ၄၄ ရာခိုင္ႏႈန္းေလာက္နဲ႔ တိုက္႐ိုက္ဆက္ႏြယ္ေနတယ္လို႔ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။ဒီေစ်းကို ပိတ္ထားလိုက္ၿပီး Samut Sakhon ခ႐ိုင္တြင္း ညမထြက္ရ အမိန္႔ခ်မွတ္ထားပါတယ္။ ခ႐ိုင္တြင္းကလူေတြကိုလည္း အသြားအလာတားျမစ္လိုက္သလို ခ႐ိုင္တြင္း ဝင္ေရာက္ခြင့္ကိုလည္း ပိတ္ပင္လိုက္ပါတယ္။ အေထာက္အထား တစုံတရာမရွိေပမဲ့ အခု Samut Sakhon ခ႐ိုင္တြင္း ကူးစက္မႈ အသစ္ေတြက တရားမဝင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား အမ်ားစုေၾကာင့္ ျဖစ္တယ္လို႔ဝန္ႀကီးခ်ဳပ္ Prayuth က အဂၤါေန႔က ေျပာပါတယ္။

ေ႐ႊ႕ေျပာင္းအလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြကေတာ့ စကၤာပူနဲ႔ မေလးရွားမွာလည္း ေ႐ႊ႕ေျပာင္းလုပ္သားေတြၾကား ကူးစက္မႈႏႈန္းမ်ားတာကို ေထာက္ျပၾကပါတယ္။ ဒီအလုပ္သမားေတြအေနနဲ႔ အလုပ္ခြင္နဲ႔ သူတို႔ ေနထိုင္ရတဲ့ ေနရာေတြမွာ လူခ်င္းခပ္ခြါခြါေနရမယ့္ စည္းကမ္းေတြကို လိုက္နာဖို႔ အခက္အခဲေတြရွိတာေၾကာင့္ အခုလို ကူးစက္မႈႏႈန္းမ်ားရတာျဖစ္တယ္လို႔လည္း အေရွ႕ေတာင္အာရွ ေ႐ႊ႕ေျပာင္းအလုပ္သမား အခြင့္အေရး လႈပ္ရွားသူ Andy Hall ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမှာ ကိုဗစ်ကူးစက်မှုထိန်းချုပ်ရေး အပြင်းအထန်လုပ်ဆောင်နေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့လနဲ့ချီ ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကြား ကူးစက်မှု အသစ်တွေကြုံနေရပါတယ်။ တခြားနိုင်ငံတွေမှာ ရောဂါဆက်ပြီး ပျံ့နှံ့နေတာနဲ့အတူ အခုပြည်တွင်းကူးစက်မှုအသစ်တွေ ရှိတာကြောင့် ပြည်သူတွေသတိရှိကြဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ရုပ်သံကနေပြောကြားခဲ့ပါတယ်။ ပြည်ပခရီးသွားတွေအတွက် ထိုင်းကိုလာရောက်ခွင့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ရောဂါထိန်းချုပ်ရေး သတိနဲ့ တုံ့ပြန်ကိုင်တွယ်ဖို့လိုတယ်လို့လည်း ဝန်ကြီးချုပ် Prayuth ကပြောပါတယ်။ ဧပြီလအစောပိုင်းတုန်းက ပြည်ပလေယာဉ်ခရီးစဉ်တွေကို တားမြစ်ခဲ့တာကြောင့် ထိခိုက်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်းနဲ့ စီးပွါးရေး အရ ရိုက်ခတ်မှုတွေကို လျော့ပါးစေဖို့ ဒီအဆင့်က အရေးကြီးတယ်လို့လည်း သူကပြောပါတယ်။

တနင်္ဂနွေနေ့ စာရင်းတွေအရ တရက်ထဲကူးစက်မှု ၅၇၆ ယောက်ရှိပြီး ဒါက အရင်စုစုပေါင်း ကူးစက်သူ အရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းရှိတာပါ။ အခုထိ ထိုင်းနိုင်ငံမှာ ရောါကူးစက်တဲ့သူ ၄,၉၀၀ ကျော်ရှိပါတယ်။ အခု ကူးစက်မှု အများစုက Samut Sakhon ခရိုင် ပင်လယ်စာ ဈေးတခုက ရွှေ့ပြောင်းအလုပ်သမား ၄၄ ရာခိုင်နှုန်းလောက်နဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီဈေးကို ပိတ်ထားလိုက်ပြီး Samut Sakhon ခရိုင်တွင်း ညမထွက်ရ အမိန့်ချမှတ်ထားပါတယ်။ ခရိုင်တွင်းကလူတွေကိုလည်း အသွားအလာတားမြစ်လိုက်သလို ခရိုင်တွင်း ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။ အထောက်အထား တစုံတရာမရှိပေမဲ့ အခု Samut Sakhon ခရိုင်တွင်း ကူးစက်မှု အသစ်တွေက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား အများစုကြောင့် ဖြစ်တယ်လို့ဝန်ကြီးချုပ် Prayuth က အင်္ဂါနေ့က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ စင်္ကာပူနဲ့ မလေးရှားမှာလည်း ရွှေ့ပြောင်းလုပ်သားတွေကြား ကူးစက်မှုနှုန်းများတာကို ထောက်ပြကြပါတယ်။ ဒီအလုပ်သမားတွေအနေနဲ့ အလုပ်ခွင်နဲ့ သူတို့ နေထိုင်ရတဲ့ နေရာတွေမှာ လူချင်းခပ်ခွါခွါနေရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ အခက်အခဲတွေရှိတာကြောင့် အခုလို ကူးစက်မှုနှုန်းများရတာဖြစ်တယ်လို့လည်း အရှေ့တောင်အာရှ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး လှုပ်ရှားသူ Andy Hall ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG