သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းက ျမန္မာေတြၾကား COVID-19 ကူးစက္မႈေတြေၾကာင့္ အသြားအလာ ကန္႔သတ္


Samut Sakhon ခ႐ုိင္မွာ ကိုဗစ္ကပ္ေရာဂါပုိး စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ Samut Sakhon ခ႐ုိင္မွာ တရက္တည္း ကို႐ုိနာဗိုင္းရပ္စ္ကူးစက္သူ ၅၀၀ ေက်ာ္ ေတြ႔ရွိခဲ့တဲ့အတြက္ အဲဒီေဒသတဝိုက္က လူေပါင္း ၁၀,၀၀၀ ေက်ာ္ကို ေရာဂါပိုး စစ္ေဆးသြားဖို႔ စီစဥ္ေနၿပီ ျဖစ္ပါတယ္။ ကူးစက္မႈအေတာ္မ်ားမ်ားက ဘန္ကောက္ၿမိဳ႕ေတာ္အနီးတဝိုက္ ပုစြန္ေရာင္းဝယ္ေရး ေစ်းတခုက ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ ဆက္စပ္ေနေၾကာင္း ထိုင္းတာဝန္ရွိသူတဦးကို ကိုးကားၿပီး ႐ုိက္တာသတင္းက ေျပာပါတယ္။

ေရာဂါပိုး စၿပီးပ်ံ႕ႏွံ႔ခဲ့တဲ့ ထိုင္းႏုိင္ငံ အေနာက္ေတာင္ပိုင္း Samut Sakhon ခ႐ုိင္နဲ႔ အနီးအနားက Samut Songkhram ခ႐ုိင္ေတြမွာ လာမယ့္ ဗုဒၶဟူးေန႔ ဒီဇင္ဘာလ ၂၃ ရက္ေန႔မွာ လူေပါင္း ၁၀,၃၀၀ ေလာက္ကို ေရာဂါပိုးစစ္ေဆးၿပီးဖို႔ စီစဥ္ေနတယ္လို႔ ထိုင္း COVID-19 တိုက္ဖ်က္ေရးအဖြဲ႔ ေျပာခြင့္ရ Taweesin Wisanuyothin က တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ထိုင္းႏုိင္ငံထဲ တနဂၤေႏြေန႔က ေတြ႔ရွိတဲ့ ကူးစက္ခံရသူ ၅၇၆ ေယာက္အထဲ Samut Sakhon ခ႐ုိင္မွာ ၅၁၆ ေယာက္၊ ၿမိဳ႕ေတာ္ဘန္ေကာက္နဲ႔ Samut Sakhon ခ႐ုိင္က ျပည္တြင္းကူးစက္သူ ၁၉ ေယာက္နဲ႔ ျပည္ပကူးစက္သူ ၄၁ ေယာက္ ပါဝင္ပါတယ္။

Samut Sakhon ခ႐ုိင္ထဲ ကူးစက္မႈေတြက ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ ဆက္စပ္ေနၿပီး အလုပ္သမား အမ်ားစုက ျမန္မာႏုိင္ငံက ျဖစ္ပါတယ္။

ကူးစက္မႈေတြ ျဖစ္ပြားတဲ့ေနရာက ေဒသခံေတြကေတာ့ ေရာဂါမကူးစက္ေအာင္ သတိထားေနၾကတယ္လို႔ ေျပာပါတယ္။

“လူစုလူေဝးရွိတဲ့ ေနရာေတြကို ေရွာင္သလို ေရာဂါကူးႏုိင္တဲ့ အခြင့္အလမ္းမ်ားတဲ့ သူေတြနဲ႔ ထိေတြ႔မႈကို သတိထားေရွာင္ပါတယ္။ တျခားသူေတြက လုပ္မလုပ္ကေတာ့ ေသခ်ာမသိပါဘူး။” လို႔ ေဒသခံတဦးက ေျပာပါတယ္။

အခုေရာဂါကူးစက္မႈ အသစ္ေတြ႔ခဲ့တဲ့ ေစ်းနားတဝိုက္ ေနထိုင္သူ ျမန္မာအလုပ္သမားေတြကို ေနအိမ္ေတြမွာပဲေနၾကဖို႔ အာဏာပိုင္ေတြက အမိန္႔ထုတ္ထားပါတယ္။ သူတို႔ေနထိုင္ရာတဝိုက္ကို အသြားအလာေတြ တားျမစ္ထားၿပီး သူတို႔ကို အစားအစာနဲ႔ ေသာက္ေရ ေထာက္ပံ့ေပးထားတယ္လို႔ ထိုင္းက်န္းမာေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ Kietphgum Wongit က ေျပာပါတယ္။

အခု ဒီလိုကူးစက္မႈအသစ္ေတြ ထပ္ၿပီးမေတြ႔ခင္အထိ ထိုင္းႏုိင္ငံတြင္း ကို႐ုိနာဗိုင္းရပ္စ္ကူးစက္သူ ၄,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၆၀ ရွိပါတယ္။ အခုလက္ရွိ ေန႔စဥ္ကူးစက္မႈႏႈန္း ၁,၀၀၀ ေက်ာ္ရွိေနတဲ့ အိမ္နီးခ်င္း ျမန္မာႏုိင္ငံက ထိုင္းႏုိင္ငံထက္ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ပိုမ်ားေနတာပါ။

Samut Sakhon ခ႐ုိင္တြင္း ကူးစက္မႈေတြ ျမင့္တက္လာတဲ့အေပၚမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို အျပစ္တင္ေနၾကတာကို ထိုင္းလူမ်ိဳးေတြက ဆိုရွယ္မီဒီယာေတြမွာ ျဖန္႔ေဝေရးေနၾကေၾကာင္းနဲ႔ ဒီအေျခအေနအေပၚ ျမန္မာအလုပ္သမားေတြ အေနနဲ႔ စိတ္မသက္မသာ ျဖစ္ေနၾကေၾကာင္း ေရာဂါစစ္ေဆးေရး လုပ္ငန္းေတြမွာ အကူအညီေပးေနတဲ့အဖြဲ႔က ကိုေက်ာ္ေဇယ်ာက AFP သတင္းကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ထိုင်းက မြန်မာတွေကြား COVID-19 ကူးစက်မှုတွေကြောင့် အသွားအလာ ကန့်သတ်

ထိုင်းနိုင်ငံ Samut Sakhon ခရိုင်မှာ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် အဲဒီဒေသတဝိုက်က လူပေါင်း ၁၀,၀၀၀ ကျော်ကို ရောဂါပိုး စစ်ဆေးသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ကူးစက်မှုအတော်များများက ဘန်ကောက်မြို့တော်အနီးတဝိုက် ပုစွန်ရောင်းဝယ်ရေး ဈေးတခုက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေကြောင်း ထိုင်းတာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာသတင်းက ပြောပါတယ်။

ရောဂါပိုး စပြီးပျံ့နှံ့ခဲ့တဲ့ ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း Samut Sakhon ခရိုင်နဲ့ အနီးအနားက Samut Songkhram ခရိုင်တွေမှာ လာမယ့် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လူပေါင်း ၁၀,၃၀၀ လောက်ကို ရောဂါပိုးစစ်ဆေးပြီးဖို့ စီစဉ်နေတယ်လို့ ထိုင်း COVID-19 တိုက်ဖျက်ရေးအဖွဲ့ ပြောခွင့်ရ Taweesin Wisanuyothin က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံထဲ တနင်္ဂနွေနေ့က တွေ့ရှိတဲ့ ကူးစက်ခံရသူ ၅၇၆ ယောက်အထဲ Samut Sakhon ခရိုင်မှာ ၅၁၆ ယောက်၊ မြို့တော်ဘန်ကောက်နဲ့ Samut Sakhon ခရိုင်က ပြည်တွင်းကူးစက်သူ ၁၉ ယောက်နဲ့ ပြည်ပကူးစက်သူ ၄၁ ယောက် ပါဝင်ပါတယ်။

Samut Sakhon ခရိုင်ထဲ ကူးစက်မှုတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေပြီး အလုပ်သမား အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်။

ကူးစက်မှုတွေ ဖြစ်ပွားတဲ့နေရာက ဒေသခံတွေကတော့ ရောဂါမကူးစက်အောင် သတိထားနေကြတယ်လို့ ပြောပါတယ်။

“လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်သလို ရောဂါကူးနိုင်တဲ့ အခွင့်အလမ်းများတဲ့ သူတွေနဲ့ ထိတွေ့မှုကို သတိထားရှောင်ပါတယ်။ တခြားသူတွေက လုပ်မလုပ်ကတော့ သေချာမသိပါဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုရောဂါကူးစက်မှု အသစ်တွေ့ခဲ့တဲ့ ဈေးနားတဝိုက် နေထိုင်သူ မြန်မာအလုပ်သမားတွေကို နေအိမ်တွေမှာပဲနေကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ သူတို့နေထိုင်ရာတဝိုက်ကို အသွားအလာတွေ တားမြစ်ထားပြီး သူတို့ကို အစားအစာနဲ့ သောက်ရေ ထောက်ပံ့ပေးထားတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Kietphgum Wongit က ပြောပါတယ်။

အခု ဒီလိုကူးစက်မှုအသစ်တွေ ထပ်ပြီးမတွေ့ခင်အထိ ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ ရှိပါတယ်။ အခုလက်ရှိ နေ့စဉ်ကူးစက်မှုနှုန်း ၁,၀၀၀ ကျော်ရှိနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ထိုင်းနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပိုများနေတာပါ။

Samut Sakhon ခရိုင်တွင်း ကူးစက်မှုတွေ မြင့်တက်လာတဲ့အပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အပြစ်တင်နေကြတာကို ထိုင်းလူမျိုးတွေက ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေရေးနေကြကြောင်းနဲ့ ဒီအခြေအနေအပေါ် မြန်မာအလုပ်သမားတွေ အနေနဲ့ စိတ်မသက်မသာ ဖြစ်နေကြကြောင်း ရောဂါစစ်ဆေးရေး လုပ်ငန်းတွေမှာ အကူအညီပေးနေတဲ့အဖွဲ့က ကိုကျော်ဇေယျာက AFP သတင်းကို ပြောပါတယ်။

XS
SM
MD
LG