(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ (CCSA) ရဲ႕ ထုတ္ျပန္ခ်က္အရ ထိုင္းႏိုင္ငံရွိ တာ့ခ္ခ႐ုိင္ အပါအဝင္ ခ႐ိုင္ ၂၈ ခုကို အထူးေစာင့္ၾကည့္ ၾကပ္မတ္နယ္ေျမ (အနီေရာင္ဇုန္) အျဖစ္ သတ္မွတ္လိုက္ၿပီး ခ႐ုိင္ထဲက ေက်ာင္းေတြကိုလည္း ဇန္နဝါရီလကုန္ထိ ဆက္ပိတ္ထားမွာျဖစ္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။
ထုိင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔က တာ့ခ္ခ႐ုိင္ အပါအဝင္ ခ႐ုိင္ ၂၈ ခုကုိ ကိုဗစ္ကပ္ေရာဂါ အထူးၾကပ္မတ္နယ္ေျမ အနီေရာင္ဇုန္အျဖစ္ သတ္မွတ္ၿပီး စာသင္ေက်ာင္းေတြကုိ ဒီလကုန္ထိ ပိတ္လိုက္ပါတယ္။ ဒီထဲမွာ စုဖဲြ႔မႈနဲ႔ သင္ၾကားေနတဲ့ ေရႊ႕ေျပာင္းစာသင္ေက်ာင္းေတြလည္း ပိတ္ထားရမွာပါ။
ဒီအမိန္႔ဟာ ဇန္နဝါရီလ ၄ ရက္ေန႔ကေန စတင္အသက္ဝင္မွာျဖစ္တယ္လို႔ မဲေဆာက္အေျခစုိက္ ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔ မဲေဆာက္႐ုံးတာဝန္ခံ ဦးမုိးေက်ာ္က အခုလိုေျပာပါတယ္။
“၁ လပိုင္း ၄ ရက္ေန႔ကစၿပီး အသက္ဝင္မယ္။ ပညာေရးဝန္ႀကီးဌာနကေန ကုိဗစ္ေရာဂါ ထိန္းခ်ဳပ္ေရး စီမံခန္႔ခြဲေရးဌာနေအာက္ကေန အေျခအေနေတြကို ထုတ္ျပန္တာ။ က်ေနာ္တို႔ တာ့ခ္ခ႐ုိင္က အနီေရာင္အဆင့္ သတ္မွတ္ထားတဲ့ ဇုန္ထဲမွာပါတယ္။ ကပ္ေရာဂါဆိုင္ရာ စုိးရိမ္ရတဲ့အထဲမွာပါေတာ့ ပုဂၢလိကေက်ာင္းေတြကိုေရာ ျပင္ပ ပညာသင္ၾကားမႈဆုိင္ရာ ေက်ာင္းေတြကုိေရာ အစိုးရေက်ာင္းေတြေရာ ၄ ရက္ေန႔က ၃၁ ရက္ေန႔ထိပိတ္မယ္။ ေနာက္ထပ္ ညႊန္ၾကားမႈ မလာေသးမခ်င္း ေက်ာင္းေတြျပန္ဖြင့္ရမွာ မဟုတ္ဘူး။ သင္ၾကားမႈဆုိင္ရာ အသစ္ကိုလည္း ရည္ညႊန္းၿပီး ထုတ္ျပန္မႈမွာ ပါတယ္။ ဆရာ ဆရာမေတြက ေလ့က်င့္ခန္းေတြေပးၿပီး ေက်ာင္းသားေတြကို လူစုလူေဝးမျဖစ္ဘဲ သင္ၾကားတဲ့ပုံစံမ်ဳိး၊ သင္ေထာက္ကူနဲ႔ သင္ၾကားတာမ်ိဳး၊ အြန္လိုင္းကေန သင္ၾကားတာမ်ိဳး လုပ္ရမယ္လို႔ ထုတ္ျပန္ထားတယ္။ အိမ္ကိုအေျခခံတဲ့ စုဖဲြ႔ၿပီး သင္ၾကားမႈပံုစံေတြကိုလည္း ရပ္ထားရမယ္။”
ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၅ သိန္းထက္မနည္းရွိတဲ့ တာ့ခ္ခ႐ုိင္ ထုိင္း-ျမန္မာနယ္စပ္မွာေတာ့ ထုိင္းေက်ာင္းေတြအျပင္ ေရႊ႕ေျပာင္းစာသင္ေက်ာင္း ၇၀ နီးပါးရွိၿပီး ေက်ာင္းသား ၁၀,၀၀၀ ေက်ာ္ စာသင္ၾကားေနၾကတာပါ။ ကုိဗစ္ကပ္ေရာဂါကာလမွာ ျမန္မာေရႊ႕ေျပာင္းစာသင္ေက်ာင္းေတြကိုလည္း ဖြင့္ခြင့္မရေသးတဲ့အျပင္ အိမ္ကိုအေျခခံၿပီး အစုအေဝးေလးေတြနဲ႔ ပညာသင္ၾကားမႈေတြကိုပါ ရပ္နားထားရမွာ ျဖစ္ပါတယ္။
ထိုင္းႏို္င္ငံတြင္းက ခ႐ုိင္ ၅၀ ေက်ာ္ကေတာ့ ခရီးသြားလာခြင့္ေတြကုိပါ ပိတ္ထားေၾကာင္း ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးကလည္း ေျပာပါတယ္။
“က်ေနာ္တို႔ဘက္မွာလည္း ဒီလိုပဲ၊ ထိုင္းမွာ ခ႐ုိင္ ၅၀ ေက်ာ္ကေတာ့ ကိုဗစ္ျဖစ္လို႔ ပိတ္ထားတယ္၊ ရေနာင္းလည္းပါသြားၿပီ။”
ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၆၄ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၇,၇၀၀ နီးပါးရွိလာတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ကူးစက္မႈအသစ္ေတြ ေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာေရႊ႔ေျပာင္းအလုပ္သမားေတြ အမ်ားစု ပါဝင္ေနတာပါ။
ျမန္မာႏုိင္ငံမွာေတာ့ ေသဆံုးသူ ၂,၇၀၀ ေက်ာ္နဲ႔ ကူးစက္သူ အတည္ျပဳလူနာေတြ တုိးေနတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက နယ္စပ္ေဒသေတြမွာ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တင္းက်ပ္ထားပါတယ္။
--------------------------
(Unicode)
ကိုဗစ်အကန့်အသတ်နဲ့ ထိုင်း-မြန်မာနယ်စပ် စာသင်ကျောင်းများ ပိတ်ပင်
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရှိ တာ့ခ်ခရိုင် အပါအဝင် ခရိုင် ၂၈ ခုကို အထူးစောင့်ကြည့် ကြပ်မတ်နယ်မြေ (အနီရောင်ဇုန်) အဖြစ် သတ်မှတ်လိုက်ပြီး ခရိုင်ထဲက ကျောင်းတွေကိုလည်း ဇန်နဝါရီလကုန်ထိ ဆက်ပိတ်ထားမှာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့က တာ့ခ်ခရိုင် အပါအဝင် ခရိုင် ၂၈ ခုကို ကိုဗစ်ကပ်ရောဂါ အထူးကြပ်မတ်နယ်မြေ အနီရောင်ဇုန်အဖြစ် သတ်မှတ်ပြီး စာသင်ကျောင်းတွေကို ဒီလကုန်ထိ ပိတ်လိုက်ပါတယ်။ ဒီထဲမှာ စုဖွဲ့မှုနဲ့ သင်ကြားနေတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေလည်း ပိတ်ထားရမှာပါ။
ဒီအမိန့်ဟာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ စတင်အသက်ဝင်မှာဖြစ်တယ်လို့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။
“၁ လပိုင်း ၄ ရက်နေ့ကစပြီး အသက်ဝင်မယ်။ ပညာရေးဝန်ကြီးဌာနကနေ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး စီမံခန့်ခွဲရေးဌာနအောက်ကနေ အခြေအနေတွေကို ထုတ်ပြန်တာ။ ကျနော်တို့ တာ့ခ်ခရိုင်က အနီရောင်အဆင့် သတ်မှတ်ထားတဲ့ ဇုန်ထဲမှာပါတယ်။ ကပ်ရောဂါဆိုင်ရာ စိုးရိမ်ရတဲ့အထဲမှာပါတော့ ပုဂ္ဂလိကကျောင်းတွေကိုရော ပြင်ပ ပညာသင်ကြားမှုဆိုင်ရာ ကျောင်းတွေကိုရော အစိုးရကျောင်းတွေရော ၄ ရက်နေ့က ၃၁ ရက်နေ့ထိပိတ်မယ်။ နောက်ထပ် ညွှန်ကြားမှု မလာသေးမချင်း ကျောင်းတွေပြန်ဖွင့်ရမှာ မဟုတ်ဘူး။ သင်ကြားမှုဆိုင်ရာ အသစ်ကိုလည်း ရည်ညွှန်းပြီး ထုတ်ပြန်မှုမှာ ပါတယ်။ ဆရာ ဆရာမတွေက လေ့ကျင့်ခန်းတွေပေးပြီး ကျောင်းသားတွေကို လူစုလူဝေးမဖြစ်ဘဲ သင်ကြားတဲ့ပုံစံမျိုး၊ သင်ထောက်ကူနဲ့ သင်ကြားတာမျိုး၊ အွန်လိုင်းကနေ သင်ကြားတာမျိုး လုပ်ရမယ်လို့ ထုတ်ပြန်ထားတယ်။ အိမ်ကိုအခြေခံတဲ့ စုဖွဲ့ပြီး သင်ကြားမှုပုံစံတွေကိုလည်း ရပ်ထားရမယ်။”
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သိန်းထက်မနည်းရှိတဲ့ တာ့ခ်ခရိုင် ထိုင်း-မြန်မာနယ်စပ်မှာတော့ ထိုင်းကျောင်းတွေအပြင် ရွှေ့ပြောင်းစာသင်ကျောင်း ၇၀ နီးပါးရှိပြီး ကျောင်းသား ၁၀,၀၀၀ ကျော် စာသင်ကြားနေကြတာပါ။ ကိုဗစ်ကပ်ရောဂါကာလမှာ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေကိုလည်း ဖွင့်ခွင့်မရသေးတဲ့အပြင် အိမ်ကိုအခြေခံပြီး အစုအဝေးလေးတွေနဲ့ ပညာသင်ကြားမှုတွေကိုပါ ရပ်နားထားရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင်းက ခရိုင် ၅၀ ကျော်ကတော့ ခရီးသွားလာခွင့်တွေကိုပါ ပိတ်ထားကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကလည်း ပြောပါတယ်။
“ကျနော်တို့ဘက်မှာလည်း ဒီလိုပဲ၊ ထိုင်းမှာ ခရိုင် ၅၀ ကျော်ကတော့ ကိုဗစ်ဖြစ်လို့ ပိတ်ထားတယ်၊ ရနောင်းလည်းပါသွားပြီ။”
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၄ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၇,၇၀၀ နီးပါးရှိလာတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု ပါဝင်နေတာပါ။
မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာတွေ တိုးနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားပါတယ်။