သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္ ကန္ခ်နဘူရီမွာ တရားမဝင္ ဝင္ေရာက္သူ ျမန္မာ ၂၅ ဦး ဖမ္းဆီးခံရ


လူပဲြစားလာအေခၚ ေစာင့္ေနစဥ္ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဒီဇင္ဘာ ၁၂၊ ၂၀၂၀။ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီခ႐ုိင္ Ban Kao ၿမိဳ႕ ေက်းရြာအမွတ္ ၁၂ အုပ္စုအနီးမွာ လူပြဲစားလာေခၚမွာကို ေစာင့္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ၂၅ ဦးကုိ ဒီဇင္ဘာလ ၁၂ ရက္ညက ထုိင္းအာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္းလူမ်ိဳးပဲြစားက လာမေခၚတာေၾကာင့္ အမ်ိဳးသား ၁၄ ဦးနဲ႔ အမ်ိဳးသမီး ၁၁ ဦး စုစုေပါင္း လူငယ္ပုိင္း ျမန္မာႏုိင္ငံသား ၂၅ ဦး ဖမ္းဆီးခံလိုက္ရေေၾကာင္း AAC အလုပ္သမားကူညီေရးအဖဲြ႔က ေျပာေရးဆိုခြင့္ရွိသူ ကုိရဲမင္းက ေျပာပါတယ္။

“လူေမွာင္ခိုပဲြစားေတြက ေအာက္လမ္းကေန တဦးကို ဘတ္ေငြ ၉,၀၀၀ ယူၿပီး ထိုင္းဘက္ကုိဝင္လာတဲ့ ျမန္မာႏုိင္ငံသား ၂၅ ေယာက္ကုိ ထုိင္းနယ္ျခားေစာင့္တပ္က ဒီဇင္ဘာလ ၁၂ ရက္ေန႔က ဖမ္းဆီးလိုက္တယ္လုိ႔ သိရပါတယ္။”

ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ ျမန္မာျပည္သားေတြဟာ ကပ္ေရာဂါ အျဖစ္မ်ားတာကို စိုးရိမ္တာေရာ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့္ပါ ခိုးဝင္ေနၾကတာျဖစ္တယ္လို႔ ကုိရဲမင္းက ေျပာပါတယ္။

“ထိုင္းႏုိင္ငံထဲကို ကုိဗစ္ကာလ အခက္အခဲေတြမွာ ျမန္မာျပည္တြင္းမွာ ရပ္တည္လို႔လည္း မရတဲ့ အေနအထားေတြေၾကာင့္ ဒီလိုကာလႀကီးေတြမွာ ခိုးဝင္ရင္ ဒီဘက္မွာ ထိုင္းဘက္က ဖမ္းဆီးခံရမွာကို သိသိႀကီးနဲ႔ အေျခအေနမေကာင္းတဲ့ၾကားက အခက္အခဲေတြေၾကာင့္ ခုိးဝင္ေနၾကတာပါ။”

ထိုင္းအာဏာပုိင္ေတြကေတာ့ ဖမ္းဆီးခံရတ့ဲ ျမန္မာႏုိင္ငံသားေတြကို ထုိင္းႏုိင္ငံက ကုိဗစ္ကပ္ေရာဂါပုိး စစ္ေဆးၿပီး ေနာက္ထပ္အေရးယူမႈေတြ ဆက္လုပ္မယ္လို႔ ဆုိပါတယ္။ ျမန္မာႏုိင္ငံသားေတြကို လာေခၚမယ့္ ထိုင္းႏုိင္ငံသား လူပြဲစားကေတာ့ ထြက္ေျပးသြားခဲ့ေၾကာင္း ကန္ခ်နဘူရီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး Mr. Apirat က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး လူပြဲစားဂိုဏ္း ဖမ္းဆီးႏုိင္ဖို႔ ဆက္လက္စံုစမ္းေနတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ကပ္ေရာဂါ အျဖစ္မ်ားေနတာေၾကာင့္ တိမ္းေရွာင္တာအျပင္ အလုပ္အကိုင္ရဖို႔ ျမန္မာႏုိင္ငံသားေတြဟာ ထိုင္းႏုိင္ငံအတြင္းကို ဆက္တိုက္ဝင္ေရာက္လာေနတဲ့အေၾကာင္း ထိုင္းသတင္းေတြမွာ ေဖာ္ျပေနပါတယ္။

ဒီဇင္ဘာလ ၁၃ ရက္ေန႔ မနက္ပုိင္းမွာလည္း ထိုင္း-ျမန္မာနယ္စပ္ တာခ့္ခ႐ုိင္ မဲေဆာက္ၿမိဳ႕မွာလည္း ေသာင္ရင္းျမစ္ကို ေလွငယ္ေတြနဲ႔ ျဖတ္ကူးလာတဲ့ ျမန္္မာႏုိင္ငံသား ၅ ဦးကို ဖမ္းဆီးခဲ့ပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄,၂၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၂၄၅ ဦးနဲ႔ ကူးစက္သူ ၁၀၇,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အဝင္အထြက္ေတြနဲ႔ ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမႇင့္ထားခ်ိန္မွာ ဖမ္းဆီးခံရတာပါ။

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတဝန္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏုိင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြရွိေနတဲ့ ထုိင္းႏုိင္ငံကေတာ့ tire 2 ေစာင့္ၾကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ထိုင်းနယ်စပ် ကန်ချနဘူရီမှာ တရားမဝင် ဝင်ရောက်သူ မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် Ban Kao မြို့ ကျေးရွာအမှတ် ၁၂ အုပ်စုအနီးမှာ လူပွဲစားလာခေါ်မှာကို စောင့်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဒီဇင်ဘာလ ၁၂ ရက်ညက ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းလူမျိုးပွဲစားက လာမခေါ်တာကြောင့် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း လူငယ်ပိုင်း မြန်မာနိုင်ငံသား ၂၅ ဦး ဖမ်းဆီးခံလိုက်ရေကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

“လူမှောင်ခိုပွဲစားတွေက အောက်လမ်းကနေ တဦးကို ဘတ်ငွေ ၉,၀၀၀ ယူပြီး ထိုင်းဘက်ကိုဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၅ ယောက်ကို ထိုင်းနယ်ခြားစောင့်တပ်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာပြည်သားတွေဟာ ကပ်ရောဂါ အဖြစ်များတာကို စိုးရိမ်တာရော အလုပ်အကိုင် အခက်အခဲတွေကြောင့်ပါ ခိုးဝင်နေကြတာဖြစ်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

“ထိုင်းနိုင်ငံထဲကို ကိုဗစ်ကာလ အခက်အခဲတွေမှာ မြန်မာပြည်တွင်းမှာ ရပ်တည်လို့လည်း မရတဲ့ အနေအထားတွေကြောင့် ဒီလိုကာလကြီးတွေမှာ ခိုးဝင်ရင် ဒီဘက်မှာ ထိုင်းဘက်က ဖမ်းဆီးခံရမှာကို သိသိကြီးနဲ့ အခြေအနေမကောင်းတဲ့ကြားက အခက်အခဲတွေကြောင့် ခိုးဝင်နေကြတာပါ။”

ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေးပြီး နောက်ထပ်အရေးယူမှုတွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကို လာခေါ်မယ့် ထိုင်းနိုင်ငံသား လူပွဲစားကတော့ ထွက်ပြေးသွားခဲ့ကြောင်း ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး Mr. Apirat က ထုတ်ဖော်ပြောဆိုခဲ့ပြီး လူပွဲစားဂိုဏ်း ဖမ်းဆီးနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါ အဖြစ်များနေတာကြောင့် တိမ်းရှောင်တာအပြင် အလုပ်အကိုင်ရဖို့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းကို ဆက်တိုက်ဝင်ရောက်လာနေတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့မှာလည်း သောင်ရင်းမြစ်ကို လှေငယ်တွေနဲ့ ဖြတ်ကူးလာတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၂၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၂၄၅ ဦးနဲ့ ကူးစက်သူ ၁၀၇,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားချိန်မှာ ဖမ်းဆီးခံရတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG