သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံထဲခုိးဝင္တဲ့ ျမန္မာ ၁၀၀ ေက်ာ္ ႏုိဝင္ဘာလအတြင္း ဖမ္းဆီးမိ


ဒီဇင္ဘာလအတြင္း ခ်င္း႐ုိင္ခ႐ုိင္နဲ႔ တာ့ခ္ခ႐ုိင္ထဲကုိ ခိုးဝင္လို႔ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပုံ - ထိုင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေဘးျဖစ္ပြားမႈ ျမင့္တက္ေနတာေၾကာင့္ နယ္စပ္ေတြမွာ လံုၿခံဳေရး တိုးခ်ထားေနခ်ိန္ ခုိးဝင္လို႔ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား ႏုိဝင္ဘာနဲ႔ ဒီဇင္ဘာလအတြင္း လူေပါင္း ၁၀၀ ေက်ာ္ရွိသြားၿပီျဖစ္သလို ဒီလူေတြကို ကပ္ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ ဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ထုိင္းႏုိင္ငံဘက္က ဆုိပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုုင္း-ျမန္မာနယ္စပ္မွာ ဒီဇင္ဘာလ ၁၂ ရက္ေန႔ထိ ခိုးဝင္ၾကတဲ့ ျမန္မာေတြကို ဖမ္းမိေနတာပါ။ ၂၀၂၀ ႏုိဝင္ဘာလအတြင္း ထိုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္၊ တာ့ခ္၊ မယ္ေဟာင္ေဆာင္ေဒသေတြကေန တရားမဝင္ ဝင္ေရာက္လာၾကတဲ့ ျမန္မာႏုိင္ငံသား ၈၃ ဦးကို နယ္ျခားေစာင့္ အမွတ္ ၃ တပ္ရင္းက ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ဒီရက္ပုိ္င္းမွာပဲ သတင္းထုတ္ျပန္ခဲ့ၿပီး တရားမဝင္ ဝင္ေရာက္လာသူ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဆိုင္ရာ ဥပေဒနဲ႔ အေရးယူခံရမယ္လို႔ ဆိုပါတယ္။

အခုဆိုရင္ ရက္ေပါင္း ၄၀ ေလာက္အတြင္း နယ္စပ္တေလွ်ာက္ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ေလာက္ရွိေနၿပီလို႔ AAC အလုပ္သမားကူညီေရးအဖဲြ႔ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းက ေျပာပါတယ္။

“တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသားေတြကေတာ့ ကပ္ေရာဂါဆုိင္ရာ ဥပေဒ၊ လက္ရွိ ထုိင္းႏုိင္ငံမွာ ျပ႒ာန္းထားတဲ့ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ဥပေဒေတြနဲ႔ အေရးယူခံရေတာ့မယ္။ ႏွစ္ႏုိင္ငံနယ္ျခားကေန ခိုးဝင္မႈေတြေရာေပါ့။ ႏုိဝင္ဘာလနဲ႔ ဒီဇင္ဘာလ ၁၂ ရက္ၾကား ဖမ္းခံရတာ လူေပါင္း ၁၀၀ ေက်ာ္ ဖမ္းခံရတယ္။ ဖမ္းမိတဲ့ေနရာေတြက ထုိင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မယ္ေဟာင္ေဆာင္၊ ခ်င္း႐ုိင္၊ ခ်င္းမိုင္ခ႐ုိင္ေတြဘက္ကေန ဖမ္းမိေနတာပါ။”

ထိုင္းႏုိင္ငံမွာေတာ့ ကပ္ေရာဂါကာလမွာ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္လာသူေတြနဲ႔ လက္ခံထားသူေတြကုိ ေထာင္ဒဏ္၊ ေငြဒဏ္ အျပစ္ေပးဖုိ႔ ၿပီးခဲ့တဲ့ စေနေန႔ကပဲ အမိန္႔ထုတ္ျပန္လုိုက္ပါတယ္။

ထုိင္းႏုိင္ငံထဲကုိ တရားမဝင္လမ္းေၾကာင္းကေန ေခၚသြင္းလာမယ့္သူေတြကို ေထာင္ဒဏ္ ၁၀ ႏွစ္နဲ႔ ေငြဒဏ္ ဘတ္ေငြတသိန္း ခ်မွာျဖစ္ၿပီး တရားမဝင္လမ္းေၾကာင္းကေန ဝင္လာတဲ့ ႏုိင္ငံျခားသားေတြဆိုရင္ေတာ့ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ ေငြဒဏ္ ၅၀,၀၀၀၊ ဒဏ္ ၂ ရပ္လံုးကုိျဖစ္ေစ က်ခံရမွာျဖစ္တယ္လို႔ ထိုုင္းႏိုင္ငံက ဥပေဒထုတ္ျပန္ခဲ့တာပါ။ ဒါ့အျပင္ ႏုိင္ငံျခားသားေတြကုိ လက္ခံထားတဲ့သူေတြဆိုရင္ေတာ့ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ ေငြ ဒဏ္ ၅၀,၀၀၀ ဒဏ္ခ်မယ္လို႔လည္း ျပင္းထန္တဲ့ ဥပေဒေတြ ထုတ္ျပန္ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄,၂၀၀ နီးပါးရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၂၂၀ ဦးနဲ႔ ကူးစက္သူ ၁၀၆,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အဝင္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမႇင့္ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းနိုင်ငံထဲခိုးဝင်တဲ့ မြန်မာ ၁၀၀ ကျော် နိုဝင်ဘာလအတွင်း ဖမ်းဆီးမိ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးဖြစ်ပွားမှု မြင့်တက်နေတာကြောင့် နယ်စပ်တွေမှာ လုံခြုံရေး တိုးချထားနေချိန် ခိုးဝင်လို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း လူပေါင်း ၁၀၀ ကျော်ရှိသွားပြီဖြစ်သလို ဒီလူတွေကို ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ထိုင်းနိုင်ငံဘက်က ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ထိ ခိုးဝင်ကြတဲ့ မြန်မာတွေကို ဖမ်းမိနေတာပါ။ ၂၀၂၀ နိုဝင်ဘာလအတွင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ တာ့ခ်၊ မယ်ဟောင်ဆောင်ဒေသတွေကနေ တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၈၃ ဦးကို နယ်ခြားစောင့် အမှတ် ၃ တပ်ရင်းက ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒီရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားတွေအနေနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။

အခုဆိုရင် ရက်ပေါင်း ၄၀ လောက်အတွင်း နယ်စပ်တလျှောက် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်လောက်ရှိနေပြီလို့ AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

“တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကပ်ရောဂါဆိုင်ရာ ဥပဒေ၊ လက်ရှိ ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ကပ်ရောဂါထိန်းချုပ်ရေး ဥပဒေတွေနဲ့ အရေးယူခံရတော့မယ်။ နှစ်နိုင်ငံနယ်ခြားကနေ ခိုးဝင်မှုတွေရောပေါ့။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ၁၂ ရက်ကြား ဖမ်းခံရတာ လူပေါင်း ၁၀၀ ကျော် ဖမ်းခံရတယ်။ ဖမ်းမိတဲ့နေရာတွေက ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်ဟောင်ဆောင်၊ ချင်းရိုင်၊ ချင်းမိုင်ခရိုင်တွေဘက်ကနေ ဖမ်းမိနေတာပါ။”

ထိုင်းနိုင်ငံမှာတော့ ကပ်ရောဂါကာလမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူတွေနဲ့ လက်ခံထားသူတွေကို ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေးဖို့ ပြီးခဲ့တဲ့ စနေနေ့ကပဲ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ခေါ်သွင်းလာမယ့်သူတွေကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ဘတ်ငွေတသိန်း ချမှာဖြစ်ပြီး တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့ နိုင်ငံခြားသားတွေဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ် ၅၀,၀၀၀၊ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေ ကျခံရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံက ဥပဒေထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် နိုင်ငံခြားသားတွေကို လက်ခံထားတဲ့သူတွေဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်နဲ့ ငွေ ဒဏ် ၅၀,၀၀၀ ဒဏ်ချမယ်လို့လည်း ပြင်းထန်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၂၀၀ နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၂၂၀ ဦးနဲ့ ကူးစက်သူ ၁၀၆,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG