သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူေမွာင္ခိုေတြ ခိုးသြင္းတဲ့ ျမန္မာ ၅၀ နီးပါး ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီး


ႏို၀င္ဘာလ ၂၄ ရက္ေန႔မွာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - ႏိုဝင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ ၀င္ထြက္သြားလာမႈေတြ ပိတ္ထားတဲ့ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ ထုိင္းႏုိင္ငံ ကန္ခ်နဘူရီ ခ႐ုိင္မွာ တရားမ၀င္ ၀င္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ၅၀ နီးပါး ဖမ္းဆီးခံရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ လံုျခံဳေရးတင္းၾကပ္ထားတဲ့ ကမ္ခ်နဘူရီခရိုင္ ဘုရားသံုးဆူေဒသမွာ တရားမ၀င္ နယ္စပ္ေတာလမ္းကေန ၀င္လာတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ထုိင္းလုံၿခံဳေရးတပ္ဖဲြ႔ေတြ ဒီကေန႔ အေစာပုိင္းမွာပဲ ဖမ္းဆီးမိခဲ့တာပါ။ ထုိင္းႏုိင္ငံနယ္စပ္မွာ လူေမွာင္ခုိပဲြစားေတြ လာေခၚမွာကုိ ေစာင့္ဆုိင္းေနၾကတဲ့ ျမန္မာႏုိင္ငံသား ၅၀ နီးပါး ပါ၀င္တဲ့ အုပ္စု ၂ စုကုိ ကင္းလွည့္ေနတဲ့ ထုိင္းနယ္ျခားေစာင့္ တပ္ဖဲြ႔ေတြ ေတြ႔ရွိၿပီး ဖမ္းဆီးမိခဲ့တာလုိ႔လည္း AAC အလုပ္သမားကူညီေရးအဖဲြ႔က ကုိရဲမင္းက ေျပာပါတယ္။

"ၾကားရတာ ဒီေန႔ ထူးျခားျဖစ္စဥ္ေပါ့ေနာ္။ ထုိင္းႏိုင္ငံထဲကုိ လူပဲြစားေတြနဲ႔ ခ်ိတ္ဆက္ျပီးေတာ့ ဖမ္းမိတာ ျမန္မာျပည္သားအားလံုး လူေပါင္း ၄၇ ဦး ဖမ္းမိတယ္လို႔ သိရတယ္။ တေနရာထဲမွာ ဖမ္းမိတာေတာ့ မဟုတ္ဘူး။ တဖဲြ႔က တေနရာ၊ တဖဲြ ့က တေနရာမွာ ဖမ္းမိတယ္။ ႏွစ္ဖဲြ႔ေပါင္း ၄၇ ဦး ဒီေန႔တရက္ထဲ တျပိဳင္နက္ထဲ ဖမ္းမိတယ္ဆုိတာသိရပါတယ္။"

ဖမ္းဆီးခ်ိန္မွာ ျမန္မာႏိုင္ငံသားတခ်ဳိ႕ ထြက္ေျပးသြားခဲ့ေပမဲ့ အမ်ဳိးသမီးေတြနဲ႔ မိသားစုေတြကေတာ့ အဖမ္းခံခဲ့ၾကေၾကာင္းလည္း ေဒသခံနယ္ျခားေစာင့္တပ္မွဴး Lt. Supakit Sapcharoen က သတင္းေထာက္ေတြကုိ ေျပာခဲ့ေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။

ကပ္ေရာဂါကာလ နယ္စပ္ေဒသမွာ လုံၿခံဳေရး တင္းၾကပ္ထားေပမဲ့ လူေမွာင္ခုိပဲြစားေတြနဲ႔ ထုိင္းႏုိင္ငံထဲ ၀င္ေရာက္ဖုိ႔ ႀကိဳးစားသူေတြ ရွိေနဆဲျဖစ္တယ္လုိ႔လည္း အလုပ္သမားေရးလႈပ္ရွားသူ ကုိရဲမင္းက ေျပာပါတယ္။

"အခုလို ခုိး၀င္လာၾကတဲ့အေၾကာင္းရင္းက လူပဲြစားေတြကတဆင့္ ျမန္မာဘက္မွာ ျမန္မာပဲြစား ထုိင္းဘက္ကဆို ထိုင္းပဲြစားေတြက ေခၚၾကတယ္။ ထုိင္းဘက္မွာ အလုပ္ေတြေကာင္းတယ္။ အေထာက္အထား မရွိလည္း လုပ္လို႔ ရတယ္ဆိုျပီး အဲဒီလို မက္လံုးေတြေပးျပိီးေခၚၾကတာ ကမ္ခ်နဘူရီဘက္မွာက ရာသီေပၚသီးႏွံစုိက္ခ်ိန္ ၾကံခင္းေတြ၊ နာနတ္ခင္းေတြ၊သစ္သီး၀လံနဲ႔ ပတ္သက္တဲ့လုပ္ငန္းေတြေပါ့၊ သီးႏွံေပၚရင္ေပၚသလို လူလိုေလ့ရွိတယ္။ တခ်ိဳ႕လည္း အလုပ္တကယ္ရွိတယ္။ တခ်ိဳ႕လည္း အလုပ္တကယ္မရွိတာ။ တခ်ိဳ႕လည္း အလုပ္ကရိွတယ္။ ပံုမွန္အလုပ္မရွိဘူး။ အမ်ိဳးမ်ိဳးနဲ႔ ျမန္မာျပည္သားေတြကုိ ပံုစံမ်ိဳးစံုနဲ႔ လူပဲြစားေတြကျမဴဆြယ္ျပီးေခၚၾကတာ။"

နယ္စပ္အ၀င္အထြက္ ပိတ္ထားတာကုိ မသိခဲ့သလုိ၊ ထုိင္းႏုိင္ငံမွာ ပုံမွန္အတုိင္း အလုပ္လုပ္ႏုိင္ၿပီလုိ႔ ပြဲစားေတြက ေျပာဆုိခဲ့တာေၾကာင့္ အက်ဳိးေဆာင္ခ ထုိင္းဘတ္ေငြ ၁၈,၀၀၀ အထိေပးၿပီး လာခဲ့တာလုိ႔လည္း ဖမ္းဆီးခံရသူ ျမန္မာအမ်ဳိးသမီးတဦးက ထြက္ဆုိခဲ့ေၾကာင္း ထုိင္းအာဏာပုိင္ေတြရဲ႕ ေျပာဆုိခ်က္ကုိ ကုိးကားၿပီး ထုိင္းသတင္းေတြက ေဖာ္ျပၾကပါတယ္။ ဖမ္းဆီးခံရသူေတြကုိေတာ့ ကပ္ေရာဂါကာလ အေရးေပၚဥပေဒ ခ်ဳိးေဖာက္မႈ၊ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္မႈေတြနဲ႔ အေရးယူမွာ ျဖစ္ေၾကာင္းလည္း ထုိင္းအာဏာပုိင္ေတြက ေျပာပါတယ္။ အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြ ရွိေနတဲ့ ထုိင္းႏိုင္ငံကေတာ့ tire 2 ေစာင့္ႀကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူမှောင်ခိုတွေ ခိုးသွင်းတဲ့ မြန်မာ ၅၀ နီးပါး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ကိုဗစ်ကပ်ရောဂါကာလ ဝင်ထွက်သွားလာမှုတွေ ပိတ်ထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ နီးပါး ဖမ်းဆီးခံရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ကပ်ရောဂါကူးစက်မှုတွေကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ ကမ်ချနဘူရီခရိုင် ဘုရားသုံးဆူဒေသမှာ တရားမဝင် နယ်စပ်တောလမ်းကနေ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ အစောပိုင်းမှာပဲ ဖမ်းဆီးမိခဲ့တာပါ။ ထိုင်းနိုင်ငံနယ်စပ်မှာ လူမှောင်ခိုပွဲစားတွေ လာခေါ်မှာကို စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသား ၅၀ နီးပါး ပါဝင်တဲ့ အုပ်စု ၂ စုကို ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တွေ တွေ့ရှိပြီး ဖမ်းဆီးမိခဲ့တာလို့လည်း AAC အလုပ်သမားကူညီရေးအဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"ကြားရတာ ဒီနေ့ ထူးခြားဖြစ်စဉ်ပေါ့နော်။ ထိုင်းနိုင်ငံထဲကို လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ ဖမ်းမိတာ မြန်မာပြည်သားအားလုံး လူပေါင်း ၄၇ ဦး ဖမ်းမိတယ်လို့ သိရတယ်။ တနေရာထဲမှာ ဖမ်းမိတာတော့ မဟုတ်ဘူး။ တဖွဲ့က တနေရာ၊ တဖွဲ့က တနေရာမှာ ဖမ်းမိတယ်။ နှစ်ဖွဲ့ပေါင်း ၄၇ ဦး ဒီနေ့တရက်ထဲ တပြိုင်နက်ထဲ ဖမ်းမိတယ်ဆိုတာသိရပါတယ်။"

ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံသားတချို့ ထွက်ပြေးသွားခဲ့ပေမဲ့ အမျိုးသမီးတွေနဲ့ မိသားစုတွေကတော့ အဖမ်းခံခဲ့ကြကြောင်းလည်း ဒေသခံနယ်ခြားစောင့်တပ်မှူး Lt. Supakit Sapcharoen က သတင်းထောက်တွေကို ပြောခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကပ်ရောဂါကာလ နယ်စပ်ဒေသမှာ လုံခြုံရေး တင်းကြပ်ထားပေမဲ့ လူမှောင်ခိုပွဲစားတွေနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားသူတွေ ရှိနေဆဲဖြစ်တယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။

"အခုလို ခိုးဝင်လာကြတဲ့အကြောင်းရင်းက လူပွဲစားတွေကတဆင့် မြန်မာဘက်မှာ မြန်မာပွဲစား ထိုင်းဘက်ကဆို ထိုင်းပွဲစားတွေက ခေါ်ကြတယ်။ ထိုင်းဘက်မှာ အလုပ်တွေကောင်းတယ်။ အထောက်အထား မရှိလည်း လုပ်လို့ ရတယ်ဆိုပြီး အဲဒီလို မက်လုံးတွေပေးပြီးခေါ်ကြတာ ကမ်ချနဘူရီဘက်မှာက ရာသီပေါ်သီးနှံစိုက်ချိန် ကြံခင်းတွေ၊ နာနတ်ခင်းတွေ၊သစ်သီးဝလံနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေပေါ့၊ သီးနှံပေါ်ရင်ပေါ်သလို လူလိုလေ့ရှိတယ်။ တချို့လည်း အလုပ်တကယ်ရှိတယ်။ တချို့လည်း အလုပ်တကယ်မရှိတာ။ တချို့လည်း အလုပ်ကရှိတယ်။ ပုံမှန်အလုပ်မရှိဘူး။ အမျိုးမျိုးနဲ့ မြန်မာပြည်သားတွေကို ပုံစံမျိုးစုံနဲ့ လူပွဲစားတွေကမြူဆွယ်ပြီးခေါ်ကြတာ။"

နယ်စပ်အဝင်အထွက် ပိတ်ထားတာကို မသိခဲ့သလို၊ ထိုင်းနိုင်ငံမှာ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပြီလို့ ပွဲစားတွေက ပြောဆိုခဲ့တာကြောင့် အကျိုးဆောင်ခ ထိုင်းဘတ်ငွေ ၁၈,၀၀၀ အထိပေးပြီး လာခဲ့တာလို့လည်း ဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးတဦးက ထွက်ဆိုခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ ကပ်ရောဂါကာလ အရေးပေါ်ဥပဒေ ချိုးဖောက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG