သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းသံဃာေတြ ဆႏၵျပပြဲမွာ မပါၾကဖုိ႔ ထုိင္းသံဃာ့မဟာနာယကအဖြဲ႔ အမိန္႔ထုတ္


ေအာင္တိုဘာလ ၁၈ ရက္ေန႔တုန္းက ဦးပဇင္း တဦးကို ဆႏၵျပပြဲအတြင္း ေတြ႔ရစဥ္ (AP/ gemuni Amarasinghe)

(Zawgyi/Unicode)

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္-ခ်န္အိုခ်ာ ႏုတ္ထြက္ေပးေရးနဲ႔ ထုိင္းဘုရင္မင္းျမတ္ရဲ႕ လုပ္ပိုင္ခြင့္အာဏာ ေလွ်ာ့ခ်ေပးေရး ေတာင္းဆိုေနတဲ့ လက္ရွိ ဆႏၵျပပြဲေတြမွာ ထိုင္းသံဃာေတာ္ေတြ ပါဝင္ျခင္း မျပဳၾကဖို႔ ၊ ထိုင္း ႏိုင္ငံေတာ္သံဃာ့ မဟာနာယကအဖဲြ႔က ဗုဒၶဟူးေန႔က အမိန္႔ထုတ္ျပန္ထားပါတယ္။

ထိုင္းသံဃာေတာ္ေတြ၊ ကိုရင္ေတြ အေနနဲ႔ ႏိုင္ငံေရးမွာ ပါဝင္တာ ၊ ဆႏၵျပပြဲေတြမွာ ဝင္ေရာက္လႈပ္ရွားတာ၊ ႏိုင္ငံေရး ထင္ျမင္ယူဆခ်က္ ထုတ္ေဖၚေျပာဆိုတာေတြ မလုပ္ၾကဖို႔ အျမင့္ဆုံး သံဃာ့ ေကာင္စီက ဆုံးျဖတ္ခ်က္ခ်ခဲ့ေၾကာင္း ထိုင္းအစိုးရအဖဲြ႔႐ုံး ႏိုင္ငံေတာ္ ဗုဒၶဘာသာေရးရာဌာန ေျပာခြင့္ရက ဆုိပါတယ္။

လူဦးေရ သန္း(၇၀)နီးပါးရွိတဲ့ ထုိင္းႏိုင္ငံမွာ ၉၀% ေက်ာ္က ဗုဒၶဘာသာဝင္ေတြျဖစ္ၿပီး အစဥ္အလာအရ ထိုင္းလူ႔အဖဲြ႔အစည္းအတြင္း ဘုရင္စနစ္နဲ႔အတူ ဗုဒၶဘာသာက အဓိက မ႑ိဳင္လို ျဖစ္ေနပါတယ္။

လတ္တေလာ ထိုင္းဒီမုိကေရစီေရး လႈပ္ရွားမႈ ဆႏၵျပပြဲေတြမွာ ထုိင္းဘုန္းေတာ္ၾကီးေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ပါဝင္တာမ်ဳိး မရွိေသးေပမယ့္ ဆႏၵျပ လူအုပ္ၾကားထဲမွာေတာ့ သကၤန္းဝတ္ေတြကို ေတြ႔လာရပါတယ္။ ဆႏၵျပပဲြ ၃ ခုေလာက္မွာ ပါဝင္ခဲ့တဲ့ သက္ေတာ္ ၂၁ အရြယ္ ဦးပဇင္း Chistnupong Praiparee ကေတာ့ သံဃာအမ်ားစုရဲ႕သေဘာထားကို ျပသႏိုင္ဖို႔ ဆႏၵျပပြဲေတြမွာ ဆက္လက္ ပါဝင္သြားမယ္လို႔ မိန္႔ပါတယ္။ ဒါ့အျပင္ ထုိင္းႏိုင္ငံရဲ႕ ႏိုင္ငံေတာ္သံဃာ့ မဟာနာယကအဖဲြ႔ကုိလည္း ျပဳျပင္ေျပာင္းလဲေရး လုပ္ဖို႔ ဆႏၵျပပြဲေတြမွာ ထည့္သ ြင္း ေတာင္းဆို သြားမယ္လို႔ ဆုိပါတယ္။

ဝန္ႀကီးခ်ဳပ္ ခ်န္အိုခ်ာ အစိုးရလက္ထက္မွာ သံဃာ့ေကာင္စီက အျခား ဆရာေတာ္တပါးကို အဆုိျပဳရင္ေတာင္ ထိုင္းႏိုင္ငံေတာ္သံဃာ့ မဟာနာယကအဖဲြ႔ ဥေသွ်ာင္ဆရာေတာ္ကို ဘုရင္က စိတ္ႀကဳိက္ခန္႔ခ ြင့္ ရွိၿပီး ၊ သံဃာေတာ္ေတြ မဲေပးခြင့္ မရွိသလို၊ ႏိုင္ငံေရးမွာလည္း ပါဝင္ခြင့္ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

ထိုင်းသံဃာတွေ ဆန္ဒပြပွဲမှာ မပါကြဖို့ ထိုင်းသံဃာ့မဟာနာယကအဖွဲ့ အမိန့်ထုတ်

(Unicode)

ထိုင်းဝန်ကြီးချုပ် ပရာရွတ်-ချန်အိုချာ နုတ်ထွက်ပေးရေးနဲ့ ထိုင်းဘုရင်မင်းမြတ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ချပေးရေး တောင်းဆိုနေတဲ့ လက်ရှိ ဆန္ဒပြပွဲတွေမှာ ထိုင်းသံဃာတော်တွေ ပါဝင်ခြင်း မပြုကြဖို့ ၊ ထိုင်း နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့က ဗုဒ္ဓဟူးနေ့က အမိန့်ထုတ်ပြန်ထားပါတယ်။

ထိုင်းသံဃာတော်တွေ၊ ကိုရင်တွေ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်တာ ၊ ဆန္ဒပြပွဲတွေမှာ ဝင်ရောက်လှုပ်ရှားတာ၊ နိုင်ငံရေး ထင်မြင်ယူဆချက် ထုတ်ဖေါ်ပြောဆိုတာတွေ မလုပ်ကြဖို့ အမြင့်ဆုံး သံဃာ့ ကောင်စီက ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့ရုံး နိုင်ငံတော် ဗုဒ္ဓဘာသာရေးရာဌာန ပြောခွင့်ရက ဆိုပါတယ်။

လူဦးရေ သန်း(၇၀)နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ၉၀% ကျော်က ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး အစဉ်အလာအရ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ဘုရင်စနစ်နဲ့အတူ ဗုဒ္ဓဘာသာက အဓိက မဏ္ဍိုင်လို ဖြစ်နေပါတယ်။

လတ်တလော ထိုင်းဒီမိုကရေစီရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ထိုင်းဘုန်းတော်ကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တာမျိုး မရှိသေးပေမယ့် ဆန္ဒပြ လူအုပ်ကြားထဲမှာတော့ သင်္ကန်းဝတ်တွေကို တွေ့လာရပါတယ်။ ဆန္ဒပြပွဲ ၃ ခုလောက်မှာ ပါဝင်ခဲ့တဲ့ သက်တော် ၂၁ အရွယ် ဦးပဇင်း Chistnupong Praiparee ကတော့ သံဃာအများစုရဲ့သဘောထားကို ပြသနိုင်ဖို့ ဆန္ဒပြပွဲတွေမှာ ဆက်လက် ပါဝင်သွားမယ်လို့ မိန့်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒပြပွဲတွေမှာ ထည့်သ ွင်း တောင်းဆို သွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ချန်အိုချာ အစိုးရလက်ထက်မှာ သံဃာ့ကောင်စီက အခြား ဆရာတော်တပါးကို အဆိုပြုရင်တောင် ထိုင်းနိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဥသျှောင်ဆရာတော်ကို ဘုရင်က စိတ်ကြိုက်ခန့်ခ ွင့် ရှိပြီး ၊ သံဃာတော်တွေ မဲပေးခွင့် မရှိသလို၊ နိုင်ငံရေးမှာလည်း ပါဝင်ခွင့် မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG