သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းလႊတ္ေတာ္ေရွ႕ဆႏၵျပမႈ ရဲတပ္ဖဲြ႕တားဆီး


ထိုင္းဆႏၵျပပြဲ ထိုင္းရဲတပ္ဖြဲ႔ လံုျခံဳေရးယူတားဆီးစဥ္

ထိုိင္းႏုိင္ငံဘန္ေကာက္ၿမိဳ ႔မွာ အေျခခံဥပေဒျပင္ဆင္ႏုိင္မယ့္ အလားအလာေတြ ေဆြးေႏြးေနၾကတဲ့လႊတ္ေတာ္ထဲကို သံဆူးၾကိဳးေတြကိုေက်ာ္ၿပီး ၀င္ေရာက္ဖို႔ ၾကိဳးစားတဲ့ ဆႏၵျပသူေတြကို ထုိင္းရဲတို႔က မီးသတ္ပိုက္ေတြသုံးၿပီး တားဆီးခဲ့ပါတယ္။

(ZAWGYI/UNICODE)
ထိုိင္းႏုိင္ငံဘန္ေကာက္ၿမိဳ ႔မွာ အေျခခံဥပေဒျပင္ဆင္ႏုိင္မယ့္ အလားအလာေတြ ေဆြးေႏြးေနၾကတဲ့လႊတ္ေတာ္ထဲကို သံဆူးၾကိဳးေတြကိုေက်ာ္ၿပီး ၀င္ေရာက္ဖို႔ ၾကိဳးစားတဲ့ ဆႏၵျပသူေတြကို ထုိင္းရဲတို႔က မီးသတ္ပိုက္ေတြသုံးၿပီး တားဆီးခဲ့ပါတယ္။ ထုိင္းႏုိင္ငံရဲ႕ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒျပင္ဆင္ေရး၊ ၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha ႏုတ္ထြက္ေပးေရး နဲ႔ ထုိင္းေတာ္၀င္မိသားစုရဲ ႔အာဏာေလွ်ာ့ခ်ေရးကို ဆႏၵျပသူေတြေ လေတြနဲ႔ခ်ီ ေတာင္းဆိုေနၾကတာပါ။ အကာအရံေတြခ်ထားတဲ့ ထုိင္းလႊတ္ေတာ္အေဆာက္အအုံေရွ႔မွာ ရာနဲ႔ခ်ီတဲ့အစိုးရေထာက္ခံသူေတြကလည္း တန္ျပန္ဆႏၵျပခဲ့ၾကသလို အေျခခံဥပေဒ ျပင္ဆင္တာေတြမလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ လႊတ္ေတာ္ေရွ႔က သံဆူးႀကိဳးေတြဖယ္ရွားပစ္ဖို႔ ဆိုင္ကယ္ဦးထုပ္ေတြ၊ ႏွာေခါင္းစည္းေတြနဲ႔ ေရာက္လာတဲ့ အစိုးရဆန္႔က်င္ဆႏၵျပသူေတြကို အဓိက႐ုဏ္းေျဖရွင္းေရး ထိုင္းရဲတပ္ဖြဲ႔က မီးသတ္ပိုက္နဲ႔ ထိုးၿပီး တားဆီးခဲ့တာကို တုိက္႐ိုက္ထုတ္လႊင့္တဲ့ ဗီဒီယိုပုံရိပ္ေတြမွာေတြ႔ရပါတယ္။

ဆႏၵျပသူေတြကလည္း ေရာင္စုံမီးခိုးေငြ႔ေတြထြက္တဲ့ ဗုံးေတြနဲ႔ ရဲေတြကို ျပန္ၿပီးပစ္ခတ္ခဲ့ၾကပါတယ္။ လႊတ္ေတာ္အနီး မီတာ ၅၀ အကြာထိ ဘယ္သူမွ ကပ္မလာဖို႔လည္း ရဲေတြက တားျမစ္ခဲ့ပါတယ္။ အနီးအနားမွာေတာ့ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြစုေ၀းခဲ့ၾကပါတယ္။ ထုိင္းဖြဲ႔စည္းပုံဥပေဒ ျပင္ဆင္ႏုိင္မယ့္ နည္းလမ္းေပါင္းစုံကို လႊတ္ေတာ္အမတ္ေတြက တင္ျပေဆြးေႏြးတာျဖစ္ပါတယ္။ စစ္အႀကီးအကဲေဟာင္းလည္းျဖစ္တဲ့ ၀န္ႀကီးခ်ဳပ္ ခ်န္အိုခ်ာႏုတ္ထြြက္ေပးေရးနဲ႔ ဖြဲ႔စည္းပုံျပင္ဆင္ေရး ဆႏၵျပသူေတြ ကနဦးေတာင္းဆိုခဲ့ေပမယ့္ေနာက္ပိုင္းမွာေတာ့ ဘုရင္စနစ္ျပဳျပင္ေရးကိုပါ ေတာင္းဆိုလာၾကတာလည္းျဖစ္ပါတယ္။

ထိုင္းလႊတ္ေတာ္ေရွ႕ဆႏၵျပမႈ ရဲတပ္ဖဲြ႕တားဆီး
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

(UNICODE)
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အခြေခံဥပဒေပြင်ဆင်နိုင်မယ့် အလားအလာတွေ ဆွေးနွေးနေကြတဲ့လွှတ်တော်ထဲကို သံဆူးကြိုးတွေကိုကျော်ပြီး ဝင်ရောက်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ထိုင်းရဲတို့က မီးသတ်ပိုက်တွေသုံးပြီး တားဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ပေးရေး နဲ့ ထိုင်းတော်ဝင်မိသားစုရဲ့အာဏာလျှော့ချရေးကို ဆန္ဒပြသူတွေေ လတွေနဲ့ချီ တောင်းဆိုနေကြတာပါ။ အကာအရံတွေချထားတဲ့ ထိုင်းလွှတ်တော်အဆောက်အအုံရှေ့မှာ ရာနဲ့ချီတဲ့အစိုးရထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြခဲ့ကြသလို အခြေခံဥပဒေ ပြင်ဆင်တာတွေမလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ လွှတ်တော်ရှေ့က သံဆူးကြိုးတွေဖယ်ရှားပစ်ဖို့ ဆိုင်ကယ်ဦးထုပ်တွေ၊ နှာခေါင်းစည်းတွေနဲ့ ရောက်လာတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို အဓိကရုဏ်းဖြေရှင်းရေး ထိုင်းရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ထိုးပြီး တားဆီးခဲ့တာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုပုံရိပ်တွေမှာတွေ့ရပါတယ်။

ဆန္ဒပြသူတွေကလည်း ရောင်စုံမီးခိုးငွေ့တွေထွက်တဲ့ ဗုံးတွေနဲ့ ရဲတွေကို ပြန်ပြီးပစ်ခတ်ခဲ့ကြပါတယ်။ လွှတ်တော်အနီး မီတာ ၅၀ အကွာထိ ဘယ်သူမှ ကပ်မလာဖို့လည်း ရဲတွေက တားမြစ်ခဲ့ပါတယ်။ အနီးအနားမှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေစုဝေးခဲ့ကြပါတယ်။ ထိုင်းဖွဲ့စည်းပုံဥပဒေ ပြင်ဆင်နိုင်မယ့် နည်းလမ်းပေါင်းစုံကို လွှတ်တော်အမတ်တွေက တင်ပြဆွေးနွေးတာဖြစ်ပါတယ်။ စစ်အကြီးအကဲဟောင်းလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ချန်အိုချာနုတ်ထွက်ပေးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြသူတွေ ကနဦးတောင်းဆိုခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ဘုရင်စနစ်ပြုပြင်ရေးကိုပါ တောင်းဆိုလာကြတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG