သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင်စနစ်ပြုပြင်ရေး ဆန္ဒပြပွဲ ဘန်ကောက်မှာ အရှိန်ရဆဲ


ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (အောက်တိုဘာ ၁၄၊ ၂၀၂၀)
ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (အောက်တိုဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ စနေနေ့ညက မြို့တော် ဘန်ကောက်ရဲ့ အထိမ်းအမှတ် ကျောက်တိုင်အနီးမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။

လနဲ့ချီ ကြာမြင့်လာပြီဖြစ်တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာတော့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာအဆင့်ဆင့် ရယူလာခဲ့တဲ့ ဝန်ကြီးချုပ် Prayut Chan-O-Cha နုတ်ထွက်ပေးရေး၊ တော်ဝင်မိသားစုရဲ့ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုနေကြတာပါ။

အသက် ၁၆ နှစ်အရွယ် Benjamaporn Nivas ဟာ Bad Student လှုပ်ရှားမှုခေါင်းဆောင်တဦး ဖြစ်ပါတယ်။

“ပိုပြီး ဒီမိုကရေစီနည်းကျလာရင် ပြည်သူ့အခွန်ငွေတွေကို အမြတ်ထုတ်နေတာကလွဲလို့ ဘာမှမလုပ်တဲ့ အစိုးရလက်ထက်မှာ ရထားတဲ့ ပြောခွင့်ဆိုခွင့်ထက် ပိုပြီး ပြောဆိုခွင့်ရလာမှာ ဖြစ်ပါတယ်။”

စနေနေ့က မြို့တော် ဘန်ကောက်က ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်မှာ ဆန္ဒပြသူ ၂,၅၀၀ လောက် ရှိခဲ့ပါတယ်။ စနေနေ့က ရထားလိုင်းသစ် ဖွင့်ပွဲတက်တဲ့ ထိုင်းဘုရင် Maha Vajiralongkorn နဲ့ မိဖုရား Suthida တို့ စီးနင်းလာတဲ့ မော်တော်ယာဉ်တန်း ဘန်ကောက်မြို့လယ်ကနေ ဖြတ်သန်းသွားတာမှာလည်း ဆန္ဒပြသူတွေက ဘုရင်စနစ်ကို မကြိုက်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသလို လက်သုံးချောင်းထောင်ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို Hunger Games ထဲကလို အလေးပြုခဲ့ကြပါတယ်။

စနေနေ့က ရထားလိုင်းသစ်ဖွင့်ပွဲတက်တဲ့ ထိုင်းဘုရင်ကတော့ စည်းလုံးညီညွတ်မှု အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG