သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းဘုရင္ကိုယ္တိုင္တက္ေရာက္တဲ့ ဘဲြ႔ႏွင္းသဘင္ Thammasat တကၠသိုလ္ ဘဲြ႔ယူေက်ာင္းသား တ၀က္ေက်ာ္ သပိတ္ေမွာက္ 


Thammasat တကၠသိုလ္မွာ ေသာၾကာေန႔က ထိုင္းဘုရင္ Maha Vajiralongkorn ကိုယ္တိုင္ မိန္႔ခြန္းစကားေျပာၿပီးဘြဲ႕လက္မွတ္ေပးအပ္တဲ့ အခမ္းအနား

(Zawgyi/Unicode)

ထိုင္းဘုရင္ကိုယ္တိုင္ တက္ေရာက္ ဂုဏ္ျပဳစကား ေျပာၾကားတဲ့ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ဘြဲ႕ယူ ထိုင္းေက်ာင္းသား တစ္ဝက္ေက်ာ္ မတက္ေရာက္ဘဲ သပိတ္ေမွာက္ ဆႏၵျပခဲ့ၾကပါတယ္။

Thammasat တကၠသိုလ္မွာ ေသာၾကာေန႔က ထိုင္းဘုရင္ Maha Vajiralongkorn ကိုယ္တိုင္ မိန္႔ခြန္းစကားေျပာၿပီးဘြဲ႕လက္မွတ္ေပးအပ္တဲ့ အခမ္းအနားဟာ ဘြဲ႕ရ ေက်ာင္းသားေတြနဲ႔ မိသားစုေတြအတြက္ ထိုင္းဘုရင္နဲ႔ အတူ တြဲရိုက္ခြင့္ရတဲ့ ဓါတ္ပုံေတြကို အိမ္ဦးခန္းမွာ ခ်ိတ္ဆြဲခြင့္ရနိုင္တဲ့ အခြင့္အေရး တစ္ခုျဖစ္ပါတယ္။

ဒါေပမဲ့ ထိုင္း ဘုရင္နဲ႔ စည္းမ်ဥ္းခံ ဘုရင္စနစ္အေပၚ ေဒါသထြက္ေနတဲ့ ေက်ာင္းသားေတြကေတာ့ ဒီ အခြင့္အေရးကို လက္လႊတ္ခံခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ႏွစ္ ဘြဲ႕ႏွင္းသဘင္ အခမ္းအနားထက္ တက္ေရာက္သူ နည္းပါးတဲ့ ဒီ အခမ္းအနားကေနတဆင့္ စည္းမ်ဥ္းခံ ဘုရင္စနစ္ အေပၚ မေက်မနပ္ျဖစ္ေနတာကို သြယ္ဝိုက္ ေျပာတဲ့ သတင္းစကား ဘုရင့္ဆီကို ေရာက္သြားမယ္လို႔ ေမၽွာ္လင့္တယ္လို႔လည္း သပိတ္ ေမွာက္တဲ့ ေက်ာင္းသား တစ္ခ်ိဳ႕က ေျပာပါတယ္။

ထိုင္းနိုင္ငံအတြင္း ေက်ာင္းသားေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲေတြ ဇူလိုင္လလယ္ကတည္းက ျဖစ္ပြားေနတာ ျဖစ္ၿပီး ဆႏၵျပသူေတြ က ထိုင္း ဘုရင္ကို ပြင့္ပြင့္လင္းလင္း ေဝဖန္ၾကသလို ဘုရင့္ အာဏာကို ေလၽွာ့ခ်ဖို႔ကိုလည္း ေတာင္းဆိုေနခဲ့တာ ျဖစ္ပါတယ္။ lese majeste ေခၚတဲ့ ထိုင္း ဥပေဒအရ ထိုင္း ဘုရင္ကို ေစာ္ကား ေဝဖန္ရင္ ေထာင္ ၁၅ ႏွစအထိ က်ခံနိုင္ပါတယ္။

ေသာၾကာေန႔ ေႏွာင္းပိုင္းမွာေတာ့ ထင္ရွားတဲ့ ထိုင္းဆႏၵျပ ေက်ာင္းသားတစ္ေယာက္ ရဲစခန္းမွာ ထိန္းသိမ္းခံထားရာကေန ျပန္လႊတ္လိုက္အၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ရာက ထိခိုက္ဒဏ္ရာရ ေမ့ေမ်ာသြားတာေၾကာင့္ ေဆး႐ုံပို႔လိုက္ရပါတယ္။

Mike လို႔လည္း လူသိမ်ားတဲ့ Panupon Jadnok ကို ေဆး႐ုံကားေပၚ တင္ေဆာင္ေခၚသြား တာကို ေတြ႕လိုက္ရတယ္လို႔ AFP သတင္းက ေျပာပါတယ္။ ေဒသခံ သတင္းဌာနေတြကေတာ့ အရပ္ဝတ္ ဝတ္ထားတဲ့ ရဲေတြက လည္ပင္းကို ခ်ဳပ္ကိုင္ ဖမ္းဆီးၿပီးတဲ့ေနာက္ အခုလို ေမ့ေမ်ာ သြားတာလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ထိုင်းဘုရင်ကိုယ်တိုင်တက်ရောက်တဲ့ ဘွဲ့နှင်းသဘင် Thammasat တက္ကသိုလ် ဘွဲ့ယူကျောင်းသား တဝက်ကျော် သပိတ်မှောက်

(Unicode)

ထိုင်းဘုရင်ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုစကား ပြောကြားတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဘွဲ့ယူ ထိုင်းကျောင်းသား တစ်ဝက်ကျော် မတက်ရောက်ဘဲ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

Thammasat တက္ကသိုလ်မှာ သောကြာနေ့က ထိုင်းဘုရင် Maha Vajiralongkorn ကိုယ်တိုင် မိန့်ခွန်းစကားပြောပြီးဘွဲ့လက်မှတ်ပေးအပ်တဲ့ အခမ်းအနားဟာ ဘွဲ့ရ ကျောင်းသားတွေနဲ့ မိသားစုတွေအတွက် ထိုင်းဘုရင်နဲ့ အတူ တွဲရိုက်ခွင့်ရတဲ့ ဓါတ်ပုံတွေကို အိမ်ဦးခန်းမှာ ချိတ်ဆွဲခွင့်ရနိုင်တဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်း ဘုရင်နဲ့ စည်းမျဉ်းခံ ဘုရင်စနစ်အပေါ် ဒေါသထွက်နေတဲ့ ကျောင်းသားတွေကတော့ ဒီ အခွင့်အရေးကို လက်လွှတ်ခံခဲ့ကြတာပါ။

ပြီးခဲ့တဲ့ နှစ် ဘွဲ့နှင်းသဘင် အခမ်းအနားထက် တက်ရောက်သူ နည်းပါးတဲ့ ဒီ အခမ်းအနားကနေတဆင့် စည်းမျဉ်းခံ ဘုရင်စနစ် အပေါ် မကျေမနပ်ဖြစ်နေတာကို သွယ်ဝိုက် ပြောတဲ့ သတင်းစကား ဘုရင့်ဆီကို ရောက်သွားမယ်လို့ မျှော်လင့်တယ်လို့လည်း သပိတ် မှောက်တဲ့ ကျောင်းသား တစ်ချို့က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဇူလိုင်လလယ်ကတည်းက ဖြစ်ပွားနေတာ ဖြစ်ပြီး ဆန္ဒပြသူတွေ က ထိုင်း ဘုရင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြသလို ဘုရင့် အာဏာကို လျှော့ချဖို့ကိုလည်း တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ lese majeste ခေါ်တဲ့ ထိုင်း ဥပဒေအရ ထိုင်း ဘုရင်ကို စော်ကား ဝေဖန်ရင် ထောင် ၁၅ နှစအထိ ကျခံနိုင်ပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာတော့ ထင်ရှားတဲ့ ထိုင်းဆန္ဒပြ ကျောင်းသားတစ်ယောက် ရဲစခန်းမှာ ထိန်းသိမ်းခံထားရာကနေ ပြန်လွှတ်လိုက်အပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာက ထိခိုက်ဒဏ်ရာရ မေ့မျောသွားတာကြောင့် ဆေးရုံပို့လိုက်ရပါတယ်။

Mike လို့လည်း လူသိများတဲ့ Panupon Jadnok ကို ဆေးရုံကားပေါ် တင်ဆောင်ခေါ်သွား တာကို တွေ့လိုက်ရတယ်လို့ AFP သတင်းက ပြောပါတယ်။ ဒေသခံ သတင်းဌာနတွေကတော့ အရပ်ဝတ် ဝတ်ထားတဲ့ ရဲတွေက လည်ပင်းကို ချုပ်ကိုင် ဖမ်းဆီးပြီးတဲ့နောက် အခုလို မေ့မျော သွားတာလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG