သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ဖို႔ အတိုက္အခံပါတီေတာင္းဆို


ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

အစိုးရ ဆန္႔က်င့္ေရးဆႏၵျပပဲြေတြနဲ႔ ပတ္သက္ၿပီးေဆြးေႏြးဖို႔ ေခၚယူတဲ့ ထိုင္းလႊတ္ေတာ္အထူးအစည္းအေ၀းတရပ္မွာ ၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha ႏုတ္ထြက္ဖို႔ ထိုင္းအတိုက္အခံပါတီႀကီးက တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

၀န္ႀကီးခ်ဳပ္ဟာ တိုင္းျပည္ရဲ႕အေႏွာက္အတား တခုလို ျဖစ္ေနတာေၾကာင့္ ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္လိုက္မယ္ဆိုရင္ အားလံုးအဆင္ေျပသြားလိမ့္မယ္လို႔ အတိ္ုက္အခံပါတီ Pheu Thai ပါတီရဲ႕ ေခါင္းေဆာင္ Sompong Amornvivat က လႊတ္ေတာ္တြင္းမွာ တိုက္တြန္းခဲ့ပါတယ္။

ထုိင္းႏိုင္ငံမွာ ေက်ာင္းသားေတြနဲ႔ တျခား ဆႏၵျပသူေတြက ဝန္ႀကီးခ်ဳပ္ ရာထူးကႏုတ္ထြက္ေပးဖို႔ ေန႔တုိင္းနီးပါး လမ္းေပၚထြက္ၿပီး ဒီမိုကေရစီေရး ဆႏၵျပေတာင္းဆိုေနၾကတာကို ေျဖရွင္းဖို႔ ဒီကေန႔ တနလၤာေန႔မွာ လႊတ္ေတာ္ အထူးအစည္းအေဝး စတင္ေခၚယူခဲ့ပါတာပါ။

လႊတ္ေတာ္ဥကၠ႒က အစည္းအေဝးစတင္ခဲ့ခ်ိန္မွာ လႊတ္ေတာ္ ႏွစ္ရပ္လံုးက ကုိယ္စားလွယ္ ၇၃၁ ဦးအနက္ တက္ေရာက္ဖို႔ လက္မွတ္ထိုးခဲ့သူက ၄၅၀ ပဲ ရွိခဲ့ပါတယ္။

ဘန္ေကာက္နဲ႔ တျခားၿမိဳ႕ႀကီးေတြက ေက်ာင္းသားေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲေတြမွာ ဝန္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အိုခ်ာ ရာထူးက ႏုတ္ထြက္ေပးဖို႔၊ ပိုၿပီး ဒီမုိကေရစီရွိေစမယ့္ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ဖို႔နဲ႔ ပိုၿပီး တာဝန္ယူမႈရွိတဲ့ ဘုရင္စနစ္ျဖစ္လာေစမယ့္ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ဖို႔စတဲ့ အခ်က္ ၃ ခ်က္ကို ေတာင္းဆုိထားပါတယ္။

မဲေပးဆံုးျဖတ္ခြင့္မရွိတဲ့ လႊတ္ေတာ္အစည္းအေဝးကို ၂ ရက္ၾကာ က်င္းပမယ္လို႔ ယူဆရပါတယ္။

ဆန္႔က်င္ဆႏၵျပေနသူေတြကေတာ့ အစိုးရရဲ႕ လုပ္ရပ္ေတြဟာ မ႐ိုးသားဘူးလို႔ ေၾကညာၿပီး လႊတ္ေတာ္ အစည္းအေဝးေတြအေပၚ ယံုၾကည္မႈမရွိပါဘူး။

ဝန္ႀကီးခ်ဳပ္ပရာရြတ္ အစိုးရအဖြဲ႔က တင္ျပတဲ့အေၾကာင္းရာေတြဟာ ဆႏၵျပသူေတြရဲ႕ ေတာင္းဆိုခ်က္ေတြအေပၚ ေဆြးေႏြးၾကဖို႔ မဟုတ္ဘဲ ဆန္႔က်င္ကန္႔ကြက္မႈေတြနဲ႔ပတ္သက္လို႔ အေဝဖန္ခံေနရတာေတြအေပၚ အေရးယူ ေဆာင္ရြက္မႈရွိေၾကာင္း ဟန္ေဆာင္ဖံုးကြယ္ၾကဖုိ႔ျဖစ္တယ္လို႔ ဆႏၵျပသူေတြက ေျပာေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ဖို့ အတိုက်အခံပါတီတောင်းဆို

အစိုးရ ဆန့်ကျင့်ရေးဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ခေါ်ယူတဲ့ ထိုင်းလွှတ်တော်အထူးအစည်းအဝေးတရပ်မှာ ဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ဖို့ ထိုင်းအတိုက်အခံပါတီကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ တိုင်းပြည်ရဲ့အနှောက်အတား တခုလို ဖြစ်နေတာကြောင့် ဝန်ကြီးချုပ်နုတ်ထွက်လိုက်မယ်ဆိုရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ အတိုက်အခံပါတီ Pheu Thai ပါတီရဲ့ ခေါင်းဆောင် Sompong Amornvivat က လွှတ်တော်တွင်းမှာ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကျောင်းသားတွေနဲ့ တခြား ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ပေးဖို့ နေ့တိုင်းနီးပါး လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရေး ဆန္ဒပြတောင်းဆိုနေကြတာကို ဖြေရှင်းဖို့ ဒီကနေ့ တနင်္လာနေ့မှာ လွှတ်တော် အထူးအစည်းအဝေး စတင်ခေါ်ယူခဲ့ပါတာပါ။

လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးစတင်ခဲ့ချိန်မှာ လွှတ်တော် နှစ်ရပ်လုံးက ကိုယ်စားလှယ် ၇၃၁ ဦးအနက် တက်ရောက်ဖို့ လက်မှတ်ထိုးခဲ့သူက ၄၅၀ ပဲ ရှိခဲ့ပါတယ်။

ဘန်ကောက်နဲ့ တခြားမြို့ကြီးတွေက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ရာထူးက နုတ်ထွက်ပေးဖို့၊ ပိုပြီး ဒီမိုကရေစီရှိစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့နဲ့ ပိုပြီး တာဝန်ယူမှုရှိတဲ့ ဘုရင်စနစ်ဖြစ်လာစေမယ့် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့စတဲ့ အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။

မဲပေးဆုံးဖြတ်ခွင့်မရှိတဲ့ လွှတ်တော်အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမယ်လို့ ယူဆရပါတယ်။

ဆန့်ကျင်ဆန္ဒပြနေသူတွေကတော့ အစိုးရရဲ့ လုပ်ရပ်တွေဟာ မရိုးသားဘူးလို့ ကြေညာပြီး လွှတ်တော် အစည်းအဝေးတွေအပေါ် ယုံကြည်မှုမရှိပါဘူး။

ဝန်ကြီးချုပ်ပရာရွတ် အစိုးရအဖွဲ့က တင်ပြတဲ့အကြောင်းရာတွေဟာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေအပေါ် ဆွေးနွေးကြဖို့ မဟုတ်ဘဲ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ပတ်သက်လို့ အဝေဖန်ခံနေရတာတွေအပေါ် အရေးယူ ဆောင်ရွက်မှုရှိကြောင်း ဟန်ဆောင်ဖုံးကွယ်ကြဖို့ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG