သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းကိုဗစ္အတည္ျပဳ ဦးေရတိုးသူေတြထဲ ျမန္မာအမ်ားစုပါဝင္


ဒီဇင္ဘာလ ၂၀ ရက္ေန႔က ပုဇြန္ေစ်းမွာေတြ႔ရတဲ့ အလုပ္သမားတခ်ိဳ႕။ (ဓာတ္ပံု - AAC - ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏိုင္ငံကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဌာနရဲ ႔ ထုတ္ျပန္ခ်က္အရ ၄ ရက္အတြင္း ကိုဗစ္ကပ္ပုိးကူးစက္သူ ၉၀၀ ေက်ာ္ရွိတဲ့အနက္ ျမန္မာအလုပ္သမားေတြက အမ်ားစုျဖစ္ေနတယ္ဆိုတဲ့သတင္းကို တင္ဆက္ေပးလိုပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ဒီဇင္ဘာလ ၂၀ ရက္ေန႔က ပုဇြန္ေစ်းျမင္ကြင္း။ (ဓာတ္ပံု - AAC - ဒီဇင္ဘာ ၂၀၊ ၂၀၂၀)
ဒီဇင္ဘာလ ၂၀ ရက္ေန႔က ပုဇြန္ေစ်းျမင္ကြင္း။ (ဓာတ္ပံု - AAC - ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

ထိုင္းႏို္င္ငံမွာ ကိုဗစ္ကပ္ေဘးတေက်ာ့ျပန္ ျဖစ္မလာဖို႔အတြက္ နယ္စပ္ေတြ ပိတ္ဆို႔ျပီး အ၀င္အထြက္ေတြကုိ တင္းၾကပ္ေနခ်ိန္မွာပဲ ျမန္မာေတြ ေထာင္နဲ႔ခ်ီေနထုိင္ေနတဲ့ စမုတ္ဆာခြန္းခရိုင္အတြင္းမွာ ပိုးကူးစက္ေတြက ေနစဥ္ရာဂဏန္းနဲ႔ တုိးလာေနပါတယ္။ ဒီထဲမွာကူးစက္သူ အမ်ားစုက ျမန္မာအလုပ္သမားေတြ ျဖစ္ေနတယ္လို႔ AAC အလုပ္သမားကူညီေရးအဖဲြ႔က ေျပာေရးဆိုခြင့္ရွိသူ ကုိရဲမင္းက အခုလိုေျပာပါတယ္။

"လက္ရွိထုိင္းႏို္င္ငံရဲ႕ ကုိဗစ္အေျခအေနကေတာ့ ကူးစက္မႈႏႈန္း အသက္ ၆၇ အရြယ္ထုိင္းအမ်ိဳးသမီးႀကီး တဦးကေန စတင္ကူးစက္ျပီးေတာ့ တေက်ာ့ျပန္ စမုတ္ဆာခြန္းခရိုင္မဟာခ်ိဳင္မွာ စျဖစ္တယ္။ အခု ဆိုရင္ ၄ ရက္အတြင္းမွာဆိုရင္ ကူးစက္သူက လူ ၉၀၀ ေက်ာ္သြားျပီ။ အဲဒီထဲမွာ ျမန္မာအလုပ္သမားေတြက အမ်ားဆံုး ကူးစက္တာေပါ့... ၉၀၀ ေက်ာ္ထဲမွာေပါ့။"

ထိုင္းနိုင္ငံ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ဌာနရဲ႕ ဒီဇင္ဘာလ ၂၁ ရက္ ဒီကေန ့ထုတ္ျပန္ခ်က္အရ ကပ္ေရာဂါပုိး ထပ္မံကူးစက္သူ လူနာ ၃၈၂ ဦး ရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ စမုတ္ဆာခြန္းခရိုင္ထဲမွာေတာ့ ပိတ္ဆုိ႔ကန္႔သတ္တဲ့အမိန္႔ေတြနဲ႔ စည္းကမ္းခ်က္ေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားေၾကာင္း ကုိရဲမင္းက အခုလိုဆက္ေျပာျပပါတယ္

"မဟာခ်ိဳင္ကုိေျပာခ်င္တာက အခုဆို ပုိးကူးစက္မႈ ရွိတဲ့သလာကြန္း (ပုဇြန္ေစ်း) ကို သံဆူးၾကိဳးေတြကာၿပီး lock down ခ်လိုက္တယ္။ လမ္းသြားရင္ ၿမိဳ႕နယ္ခရိုင္အတြင္းမွာ Mask မတပ္တဲ့သူေတြကုိ ဒဏ္ေငြ ဘတ္ေငြ ၂၀,၀၀၀ ေလာက္ထိ ဒဏ္ေငြရိုက္တယ္။ ျမန္မာေငြ ၉၀၀,၀၀၀ ေလာက္ထိရွိတယ္။ ေစ်းထိေျပးတာေပါ့ေနာ္... ဘန္ေကာက္အတြင္းထဲကို ေျပးတဲ့မီးရထားလိုင္းေပါ့... ေန႔စဥ္ၿမိဳ႕ပတ္ရထားလိုင္း။ အဲဒီရထားလိုင္းေတြဘာေတြဆို က်ေနာ္တို႔ ျမန္မာလုပ္သားေတြကို ေပးမစီးေတာ့တာေတြ ျဖစ္သြားတယ္။ အဲဒီရထားလိုင္းကေတာ့ လက္ရွိ ယာယီပိတ္လိုက္ၿပီ။"

အခုဆိုရင္ ကပ္ေရာဂါပုိး ကူးစက္မႈျဖစ္တဲ့ မဟာခ်ိဳင္ပုဇြန္ေစ်းႀကီးနားမွာပဲ ျမန္မာအလုပ္သမားေတြ စုေ၀းျပီး ေနထုိင္ေနၾကတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕လယ္ေခါင္က ကုန္တိုက္ငယ္တခုမွာလည္း ၀န္ထမ္းျမန္မာအမ်ိဳးသမီးတဦး ကုိဗစ္ကပ္ေရာဂါျဖစ္တာေၾကာင့္ အဲဒီကို ၀င္ထြက္သြားလာေနတဲ့သူေတြအေနနဲ႔ စိုးရိမ္ပူပန္မႈေတြ ျဖစ္ေနၾကပါတယ္။ ဒီကုန္တိုက္ဟာလည္း ျမန္မာေတြ အမ်ားစု၀င္ထြက္သြားလာေနတာျဖစ္ျပီး အေရာင္း၀န္ထမ္းအမ်ားစုက ျမန္မာႏို္င္ငံသားေတြျဖစ္ႀကပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၅,၀၀၀ နီးပါး ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၄၄၃ ဦးနဲ႔ ကူးစက္သူ ၁၁,၆၀၀၀ ေက်ာ္ ရွိေနတာပါ။ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားခ်ိန္မွာ အခုလို ျမန္မာအမ်ားစုရိွတဲ့ေနရာမွာ ကပ္ေရာဂါပုိးကူးစက္မႈေတြ တုိးလာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းကိုဗစ်အတည်ပြု ဦးရေတိုးသူတွေထဲ မြန်မာအများစုပါဝင်

ထိုင်းနိုင်ငံကပ်ရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ၄ ရက်အတွင်း ကိုဗစ်ကပ်ပိုးကူးစက်သူ ၉၀၀ ကျော်ရှိတဲ့အနက် မြန်မာအလုပ်သမားတွေက အများစုဖြစ်နေတယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးတကျော့ပြန် ဖြစ်မလာဖို့အတွက် နယ်စပ်တွေ ပိတ်ဆို့ပြီး အဝင်အထွက်တွေကို တင်းကြပ်နေချိန်မှာပဲ မြန်မာတွေ ထောင်နဲ့ချီနေထိုင်နေတဲ့ စမုတ်ဆာခွန်းခရိုင်အတွင်းမှာ ပိုးကူးစက်တွေက နေစဉ်ရာဂဏန်းနဲ့ တိုးလာနေပါတယ်။ ဒီထဲမှာကူးစက်သူ အများစုက မြန်မာအလုပ်သမားတွေ ဖြစ်နေတယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

"လက်ရှိထိုင်းနိုင်ငံရဲ့ ကိုဗစ်အခြေအနေကတော့ ကူးစက်မှုနှုန်း အသက် ၆၇ အရွယ်ထိုင်းအမျိုးသမီးကြီး တဦးကနေ စတင်ကူးစက်ပြီးတော့ တကျော့ပြန် စမုတ်ဆာခွန်းခရိုင်မဟာချိုင်မှာစဖြစ်တယ်။ အခု ဆိုရင် ၄ ရက်အတွင်းမှာဆိုရင် ကူးစက်သူက လူ ၉၀၀ ကျော်သွားပြီ။ အဲဒီထဲမှာ မြန်မာအလုပ်သမားတွေက အများဆုံး ကူးစက်တာပေါ့... ၉၀၀ ကျော်ထဲမှာပေါ့။"

ထိုင်းနိုင်ငံ ကပ်ရောဂါ ထိန်းချုပ်ရေး ဌာနရဲ့ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့ထုတ်ပြန်ချက်အရ ကပ်ရောဂါပိုး ထပ်မံကူးစက်သူ လူနာ ၃၈၂ ဦး ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စမုတ်ဆာခွန်းခရိုင်ထဲမှာတော့ ပိတ်ဆို့ကန့်သတ်တဲ့အမိန့်တွေနဲ့ စည်းကမ်းချက်တွေ တင်းတင်းကြပ်ကြပ်ချထားကြောင်း ကိုရဲမင်းက အခုလိုဆက်ပြောပြပါတယ်။

"မဟာချိုင်ကိုပြောချင်တာက အခုဆို ပိုးကူးစက်မှု ရှိတဲ့သလာကွန်း (ပုဇွန်ဈေး) ကို သံဆူးကြိုးတွေကာပြီး lock down ချလိုက်တယ်။ လမ်းသွားရင် မြို့နယ်ခရိုင်အတွင်းမှာ Mask မတပ်တဲ့သူတွေကို ဒဏ်ငွေ ဘတ်ငွေ ၂၀,၀၀၀ လောက်ထိ ဒဏ်ငွေရိုက်တယ်။ မြန်မာငွေ ၉၀၀,၀၀၀ လောက်ထိရှိတယ်။ ဈေးထိပြေးတာပေါ့နော်... ဘန်ကောက်အတွင်းထဲကို ပြေးတဲ့မီးရထားလိုင်းပေါ့... နေ့စဉ်မြို့ပတ်ရထားလိုင်း။ အဲဒီရထားလိုင်းတွေဘာတွေဆို ကျနော်တို့ မြန်မာလုပ်သားတွေကို ပေးမစီးတော့တာတွေ ဖြစ်သွားတယ်။ အဲဒီရထားလိုင်းကတော့ လက်ရှိ ယာယီပိတ်လိုက်ပြီ။"

အခုဆိုရင် ကပ်ရောဂါပိုး ကူးစက်မှုဖြစ်တဲ့ မဟာချိုင်ပုဇွန်ဈေးကြီးနားမှာပဲ မြန်မာအလုပ်သမားတွေ စုဝေးပြီး နေထိုင်နေကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့လယ်ခေါင်က ကုန်တိုက်ငယ်တခုမှာလည်း ဝန်ထမ်းမြန်မာအမျိုးသမီးတဦး ကိုဗစ်ကပ်ရောဂါဖြစ်တာကြောင့် အဲဒီကို ဝင်ထွက်သွားလာနေတဲ့သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။ ဒီကုန်တိုက်ဟာလည်း မြန်မာတွေ အများစုဝင်ထွက်သွားလာနေတာဖြစ်ပြီး အရောင်းဝန်ထမ်းအများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၅,၀၀၀ နီးပါး ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၄၄၃ ဦးနဲ့ ကူးစက်သူ ၁၁,၆၀၀၀ ကျော် ရှိနေတာပါ။ ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားချိန်မှာ အခုလို မြန်မာအများစုရှိတဲ့နေရာမှာ ကပ်ရောဂါပိုးကူးစက်မှုတွေ တိုးလာနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG