(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ မၾကာေသးမီ သီတင္းပတ္ေတြအတြင္းက အသက္ ၁၆ ႏွစ္အရြယ္ ေက်ာင္းသားတဦး အပါအဝင္ ဆႏၵျပသူ ၃၅ ေယာက္ကို ေတာ္ဝင္မိသားစုကို အသေရဖ်က္မႈနဲ႔ ထိုင္းအာဏာပိုင္ေတြက စြဲခ်က္တင္ခဲ့တာက လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ စုေဝးခြင့္ကို ဖိႏွိပ္ခ်ဳပ္ခ်ယ္တာျဖစ္လို႔ စိုးရိမ္ပူပန္မိေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးက ေျပာပါတယ္။
ေတာ္ဝင္မိသားစုေတြကို အကာအကြယ္ေပးထားတဲ့ ဥပေဒကို အသုံးခ်ၿပီး အျမင့္ဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္ခဲ့တာက ထိုင္းႏုိင္ငံကိုယ္တိုင္ လက္မွတ္ေရးထိုးထားတဲ့ ႏုိင္ငံေရးနဲ႔ ျပည္သူအခြင့္အေရးဆိုင္ရာ ႏုိင္ငံတကာ ကြန္ဗင္းရွင္းကို လိုက္နာမယ္ဆိုတဲ့ ကတိကဝတ္ေတြနဲ႔ ကိုက္ညီမႈမရွိေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး ေျပာခြင့္ရ Ravina Shamdasani က ေျပာပါတယ္။
လူငယ္ေတြဟာ ေတာ္ဝင္မိသားစုကို ေျပာင္ေလွာင္တဲ့ ဖက္ရွင္႐ႈိးပုံစံ ျပပြဲတခုမွာ ပါဝင္ခဲ့တာေၾကာင့္ ဖမ္းဆီးခံရတာလို႔ Shamdasani ကေျပာပါတယ္။ အဲဒီဖက္ရွင္႐ႈိးက ေက်ာင္းသားေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲရဲ႕ အစိတ္အပိုင္းျဖစ္ၿပီး ဖက္ရွင္႐ႈိးမွာ ပါဝင္သူေတြက လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုတဲ့ သူတို႔ ရပိုင္ခြင့္ အခြင့္အေရးကို အသုံးခ်တာသာ ျဖစ္တယ္လို႔လည္း Ravina Shamdasani က ေျပာပါတယ္။
ေတာ္ဝင္မိသားစုကို အကာအကြယ္ေပးထားတဲ့ ဥပေဒကို က်ဴးလြန္ရင္ ရာဇဝတ္မႈအျဖစ္ သတ္မွတ္ထားတာကို ထိုင္းႏုိင္ငံကိုယ္တိုင္ လက္မွတ္ေရးထိုးတားတဲ့ ႏုိင္ငံတကာ စာခ်ဳပ္စာတမ္းပါ ကတိကဝတ္ေတြနဲ႔ ကိုက္ညီေအာင္ ျပဳျပင္ေျပာင္းလဲဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မတီ အပါအဝင္ ကုလ ေစာင့္ၾကည့္ေရးအဖြဲ႔ေတြရဲ႕ ထပ္တလဲလဲ ေတာင္းဆိုေနတာကို ထိုင္းတို႔ ဆက္ၿပီး လ်စ္လ်ဴ႐ႈေနတယ္လို႔လည္း သူက ေျပာပါတယ္။
အဲဒီဥပေဒက ထိုင္းအစိုးရကို အခြင့္အာဏာ အမ်ားအျပား ေပးထားလြန္းသလို ထိုင္းဘုရင္နဲ႔ အစိုးရကို ဆန္႔က်င္သူေတြ ႏႈတ္ပိတ္သြားေအာင္လည္း အဲဒီဥပေဒကို အသုံးခ်ေနေၾကာင္းလည္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး (HRW) က ေျပာပါတယ္။
---------------------------
(Unicode)
ထိုင်းနိုင်ငံတွင်း အတိုက်အခံတွေ ဖိနှိပ်ခံရမှု ကုလသမဂ္ဂ ရှုတ်ချ
ထိုင်းနိုင်ငံမှာ မကြာသေးမီ သီတင်းပတ်တွေအတွင်းက အသက် ၁၆ နှစ်အရွယ် ကျောင်းသားတဦး အပါအဝင် ဆန္ဒပြသူ ၃၅ ယောက်ကို တော်ဝင်မိသားစုကို အသရေဖျက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ခဲ့တာက လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်တာဖြစ်လို့ စိုးရိမ်ပူပန်မိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောပါတယ်။
တော်ဝင်မိသားစုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို အသုံးချပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာက ထိုင်းနိုင်ငံကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံရေးနဲ့ ပြည်သူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းကို လိုက်နာမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ကိုက်ညီမှုမရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရ Ravina Shamdasani က ပြောပါတယ်။
လူငယ်တွေဟာ တော်ဝင်မိသားစုကို ပြောင်လှောင်တဲ့ ဖက်ရှင်ရှိုးပုံစံ ပြပွဲတခုမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ Shamdasani ကပြောပါတယ်။ အဲဒီဖက်ရှင်ရှိုးက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဖက်ရှင်ရှိုးမှာ ပါဝင်သူတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ သူတို့ ရပိုင်ခွင့် အခွင့်အရေးကို အသုံးချတာသာ ဖြစ်တယ်လို့လည်း Ravina Shamdasani က ပြောပါတယ်။
တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ကျူးလွန်ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ထိုင်းနိုင်ငံကိုယ်တိုင် လက်မှတ်ရေးထိုးတားတဲ့ နိုင်ငံတကာ စာချုပ်စာတမ်းပါ ကတိကဝတ်တွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ အပါအဝင် ကုလ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ထပ်တလဲလဲ တောင်းဆိုနေတာကို ထိုင်းတို့ ဆက်ပြီး လျစ်လျူရှုနေတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီဥပဒေက ထိုင်းအစိုးရကို အခွင့်အာဏာ အများအပြား ပေးထားလွန်းသလို ထိုင်းဘုရင်နဲ့ အစိုးရကို ဆန့်ကျင်သူတွေ နှုတ်ပိတ်သွားအောင်လည်း အဲဒီဥပဒေကို အသုံးချနေကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေး (HRW) က ပြောပါတယ်။