သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်ဝင်မိသားစု အသရေဖျက်မှုနဲ့ ထိုင်းဆန္ဒပြခေါင်းဆောင်တွေ စွဲချက်တင်ခံရ


(Zawgyi/Unicode)

ထိုင်းဘုရင့်တော်ဝင် မိသားစုကို အသရေ ဖျက်မှုဆိုင်ရာ စွဲချက်တွေကို ကြားနာဖို့ နဲ့ ရဲတပ်ဖွဲ့ဆီကို သတင်းပို့ဖို့ ထိုင်း ဆန္ဒပြပွဲတွေမှာ အဓိကအခန်းက ပါဝင်နေတဲ့ ခေါင်းဆောင် ငါးယောက်က တနင်္လာနေ့က ဘန်ကောက်မြို့က ရဲစခန်းတစ်ခုကို သွားရောက်ခဲ့ရပါတယ်။

ထိုင်းဘုရင့်တော်ဝင် မိသားစုကို အကာအကွယ်ပေးထားတဲ့ ထိုင်းနိုင်ငံရဲ့ ရာဇသတ်ကြီး ပုဒ်မ အခန်း ၁၁၂ ဟာ ကမ္ဘာမှာ တော်ဝင် မိသားစုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေထဲ အပြင်းထန်ဆုံး ဥပဒေတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင် ကာလတွေထဲ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတွေကို ဦးဆောင်သူတွေက ထိုင်း စည်းမျဉ်းခံ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလာခဲ့ကြတာပါ။ အဲဒီ အထဲ ဒီ ဥပဒေကို ဖျက်သိမ်းဖို့လည်း ပါဝင်တာကြောင့် ထိုင်း လူမှု အသိုက် အဝိုင်းထဲ ထိတ်လန့် အံ့ဩစရာ ဖြစ်ခဲ့ရပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ Anon Numpaက စည်းမျဉ်းခံ ဘုရင်စနစ် ပြောင်းလဲဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေသူ ဖြစ်ပါတယ်။

"အမှန်ကိုပြောရင် ဒီ ပုဒ်မ ၁၁၂ နဲ့ နှုတ်ဆိတ်အောင် လုပ်ပါတယ်။ ဘုရင့် ပိုင်ဆိုင်မှုအကြောင်း၊ စစ်တပ်ခွဲတစ်ခွဲကိုဘုရင့်လက်အောက် သွတ်သွင်းတဲ့ အကြောင်း ကျွန်တော်တို့ ပြောတာတွေ အားလုံးအပေါ် ပုဒ်မ ၁၁၂ နဲ့ ပဲ တရားစွဲမှာကို အားလုံးက နားလည်နေကြပါတယ်။ ဒါကြောင့် ဒီ တိုင်းပြည်နဲ့ ဒီ ဥပဒေ တစ်ခုခု မှားနေတယ်ဆိုတာကို ထောက်ပြနေပါတယ်" လို့Anon Numpa က ပြောပါတယ်။

တနင်္လာနေ့က သူနဲ့ အတူ တစ်ခြား ဆန္ဒပြ ခေါင်းဆောင် လေးယောက် ဘန်ကောက်မြို့က ရဲစခန်းတစ်ကို သွားရောက်ခဲ့ရတာပါ။

စက်တင်ဘာလတုန်းက လူဝေး ဆန္ဒပြမှုနဲ့ သူတို့အားလုံး တရားစွဲဆိုခံထားရပြီး အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ရင်တော့ စွဲချက် တစ်ခုချင်းစီအတွက် အများဆုံး ၁၅ နှစ်အထိ ထောင်ဒဏ် ချခံရမှာ ဖြစ်ပါတယ်။ သူတို့အားလုံးက အပြစ်မရှိကြောင်း ငြင်းဆိုထားတယ်လို့လည်းAnonက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၁၄ ခုနှစ်မှာ အဲဒီ ဥပဒေနဲ့ စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခံရသူ အရေအတွက် ၆ ဦးကနေ ၁၆၉ အထိ မြင့်တက်သွားခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)









XS
SM
MD
LG