သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာ သတ္မွတ္လုပ္ခမရသူေတြ ေလ်ာ္ေၾကးရဖို႔ရွိ


ထိုင္းႏိုင္ငံ Pathum Thani ၿမိဳ႕က အထည္ခ်ဳပ္စက္ရံုတခုမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမားတဦး။ (စက္တင္ဘာ ၂၃၊ ၂၀၁၈)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ အစိုးရက သတ္မွတ္ထားတဲ့ လုပ္ခႏႈန္းထားအတုိင္း အျပည့္မရၾကတဲ့ အထည္ခ်ဳပ္စက္႐ံု အလုပ္သမားေတြအေနနဲ႔ ေလ်ာ္ေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ ၉၉,၀၀၀ နဲ႔ ညီမ ွ်တဲ့ ထိုင္းဘတ္ေငြ ၃,၀၀၀,၀၀၀ ကို အလုပ္ရွင္အပါအဝင္ Starbucks နဲ႔ Walt Disney လုိ ကုမၸဏီႀကီးေတြဆီကေန ရဖို႔ရွိပါတယ္။

ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ ႔က စက္႐ံုေတြမွာ လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမားအေတာ္မ်ားမ်ားဟာ အနိမ့္ဆုံး တေန႔လုပ္အားခ ဘတ္ေငြ ၃၁၀ မရၾကတာကို ရိုက္တာသတင္းဌာနက ၂၀၁၉ စက္တင္ဘာလမွာ စုံစမ္းေတြ႔ရွိခဲ့တာပါ။

အစိုးရတာ၀န္ရွိသူေတြ မႏွစ္က ၀င္ေရာက္စစ္ေဆးခဲ့တဲ့ စက္႐ုံတခုရဲ ႔ပိုင္ရွင္ကိုေတာ့ အဲဒီက အလုပ္သမား ၂၆ ေယာက္တု႔ိက သူတုိ႔ရဖို႔ရွိတဲ့ ဘတ္ေငြ ၃.၅ သန္းေပးဖို႔ တရားစြဲဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း ပုိင္ရွင္ဘက္ကဘတ္ ၁,၀၀၀,၀၀၀ ပဲေလ်ာ္ေၾကးေပးဖို႔ တတ္ႏုိင္တဲ့အတြက္ ဒီပမာဏနဲ႔ေၾကေအးဖို႔ ဒီလထဲမွာ သေဘာတူညီခဲ့တယ္လို႔ အလုပ္သမားေတြဖက္က ေရွ ႔ေနလိုက္ေပးတဲ့ HRDF အဖြဲ႔ေရွ ႔ေန Jirarat Moonsiri ကေျပာပါတယ္။ NGO အဖြဲ႔ေတြ ေတြ႔ဆုံေမးျမန္းခ်က္အရ အလုပ္သမားေတြဟာ Universal Studio အျပင္ ၿဗိတိန္နုိင္ငံရဲ ႔အႀကီးဆုံး Tesco ကုမၸဏီအတြက္ အ၀တ္အထည္ေတြ ခ်ဳပ္လုပ္ေပးေနတာျဖစ္ပါတယ္။ အဲဒီကုမၸဏီေတြကေတာ့ သူတို႔ကို ပစၥည္းေပးသြင္းေနသူေတြ၊ ဒါမွမဟုတ္ မိတ္ဖက္လုပ္ကိုင္ေနသူေတြက ကုမၸဏီဘက္က ခြင့္ျပဳခ်က္နဲ႔ မဟုတ္ဘဲ တဆင့္ခံစာခ်ဳပ္နဲ႔ လုပ္ကုိင္ေနတာလို႔ ေျပာၾကပါတယ္။

Disney ၊ Starbucks နဲ႔ Tesco ကုမၸဏီေတြဘက္ကလည္း နစ္နာခဲ့တ့ဲအလုပ္သမားေတြကို ေလ်ာ္ေၾကးေပးဖို႔ ဒီတပတ္ထဲမွာပဲ သေဘာတူညီခဲ့ပါတယ္။ ျမ၀တီတဘက္ကမ္း မဲေဆာက္ၿမိဳ ႔က စက္႐ုံအလုပ္႐ုံေပါင္း ၄၃၀ ေက်ာ္မွာ လုပ္ကိုင္ေနတဲ့အလုပ္သမား ၄၄,၀၀၀ ေက်ာ္ထဲမွာ ျမန္မာေရႊ႔ေျပာင္းအလုပ္သမား အမ်ားစုပါ၀င္တာျဖစ္ပါတယ္။ အဲဒီေဒသကအလုပ္သမားေတြကို ေတြ႔ဆုံေမးျမန္းထားတာအပါအ၀င္ ေလ့လာဆန္းစစ္ထားခ်က္အရ အနိမ့္ဆုံး လုပ္အားခမေပးတဲ့ စက္ရုံေပါင္း တဒါဇင္နီးပါးရိွမယ္္လို႔ HRDF နဲ႔ MAP ေဖာင္ေဒးရွင္းတုိ႔က ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းမှာ သတ်မှတ်လုပ်ခမရသူတွေ လျော်ကြေးရဖို့ရှိ

ထိုင်းနိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားအတိုင်း အပြည့်မရကြတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအနေနဲ့ လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၉,၀၀၀ နဲ့ ညီမ ျှတဲ့ ထိုင်းဘတ်ငွေ ၃,၀၀၀,၀၀၀ ကို အလုပ်ရှင်အပါအဝင် Starbucks နဲ့ Walt Disney လို ကုမ္ပဏီကြီးတွေဆီကနေ ရဖို့ရှိပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားအတော်များများဟာ အနိမ့်ဆုံး တနေ့လုပ်အားခ ဘတ်ငွေ ၃၁၀ မရကြတာကို ရိုက်တာသတင်းဌာနက ၂၀၁၉ စက်တင်ဘာလမှာ စုံစမ်းတွေ့ရှိခဲ့တာပါ။

အစိုးရတာဝန်ရှိသူတွေ မနှစ်က ဝင်ရောက်စစ်ဆေးခဲ့တဲ့ စက်ရုံတခုရဲ့ပိုင်ရှင်ကိုတော့ အဲဒီက အလုပ်သမား ၂၆ ယောက်တု့ိက သူတို့ရဖို့ရှိတဲ့ ဘတ်ငွေ ၃.၅ သန်းပေးဖို့ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ပိုင်ရှင်ဘက်ကဘတ် ၁,၀၀၀,၀၀၀ ပဲလျော်ကြေးပေးဖို့ တတ်နိုင်တဲ့အတွက် ဒီပမာဏနဲ့ကြေအေးဖို့ ဒီလထဲမှာ သဘောတူညီခဲ့တယ်လို့ အလုပ်သမားတွေဖက်က ရှေ့နေလိုက်ပေးတဲ့ HRDF အဖွဲ့ရှေ့နေ Jirarat Moonsiri ကပြောပါတယ်။ NGO အဖွဲ့တွေ တွေ့ဆုံမေးမြန်းချက်အရ အလုပ်သမားတွေဟာ Universal Studio အပြင် ဗြိတိန်နိုင်ငံရဲ့အကြီးဆုံး Tesco ကုမ္ပဏီအတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ သူတို့ကို ပစ္စည်းပေးသွင်းနေသူတွေ၊ ဒါမှမဟုတ် မိတ်ဖက်လုပ်ကိုင်နေသူတွေက ကုမ္ပဏီဘက်က ခွင့်ပြုချက်နဲ့ မဟုတ်ဘဲ တဆင့်ခံစာချုပ်နဲ့ လုပ်ကိုင်နေတာလို့ ပြောကြပါတယ်။

Disney ၊ Starbucks နဲ့ Tesco ကုမ္ပဏီတွေဘက်ကလည်း နစ်နာခဲ့တဲ့အလုပ်သမားတွေကို လျော်ကြေးပေးဖို့ ဒီတပတ်ထဲမှာပဲ သဘောတူညီခဲ့ပါတယ်။ မြဝတီတဘက်ကမ်း မဲဆောက်မြို့က စက်ရုံအလုပ်ရုံပေါင်း ၄၃၀ ကျော်မှာ လုပ်ကိုင်နေတဲ့အလုပ်သမား ၄၄,၀၀၀ ကျော်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုပါဝင်တာဖြစ်ပါတယ်။ အဲဒီဒေသကအလုပ်သမားတွေကို တွေ့ဆုံမေးမြန်းထားတာအပါအဝင် လေ့လာဆန်းစစ်ထားချက်အရ အနိမ့်ဆုံး လုပ်အားခမပေးတဲ့ စက်ရုံပေါင်း တဒါဇင်နီးပါးရှိမယ်လို့ HRDF နဲ့ MAP ဖောင်ဒေးရှင်းတို့က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG