သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဆႏၵျပေခါင္းေဆာင္ ၁၂ ေယာက္ေပၚ ထိုင္းရဲတပ္ဖြဲ႔ တရားစြဲဆို


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ဆႏၵျပပြဲ ျမင္ကြင္း။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံမွာ ဒီမိုကေရစီေရး ဦးေဆာင္ဆႏၵျပတဲ့ ေက်ာင္းသားေခါင္းေဆာင္တခ်ိဳ ႔ကုိ ထုိင္းအာဏာပိုင္ေတြက ဥပေဒေၾကာင္းအရ အေရးယူဖို႔ အရွိန္ျမွင့္ေဆာင္႐ြက္ေနတာမွာ ေတာ္၀င္မိသားစုကို အကာအကြယ္ေပးထားတဲ့ တင္းၾကပ္တဲ့ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ေက်ာင္းသားေခါင္းေဆာင္ ၁၂ ေယာက္ကို အေရးယူလိုက္ပါတယ္။

ထုိင္း၀န္ႀကီးခ်ဳပ္ ပရာယုသ္ ခ်န္အိုခ်ာႏုတ္ထြက္ေပးေရး၊ ဖြဲ႔စည္းပုံျပင္ဆင္ေရးန႔ဲ ဘုရင္စနစ္ျပဳျပင္ေရး ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြ ဘန္ေကာက္ၿမိဳ ႔မွာ ဒီကေန႔ထပ္ၿပီး က်င္းပဖို႔ျပင္ဆင္ေနခ်ိန္မွာ ဒီသတင္းထြက္ေပၚလာတာပါ။ အဲဒီဆႏၵျပေခါင္းေဆာင္ ၁၂ ေယာက္ကို ေတာ္၀င္မိသားစု သိကၡာက်ဆင္းေအာင္လုပ္ေဆာင္မႈ ဒါမွမဟုတ္ ေစာ္ကားမႈစြဲခ်က္ န႔ဲ လာေရာက္အဖမ္းခံဖို႔ ဆင့္ေခၚလိုက္တာျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၁၅ ႏွစ္ထိ ျပစ္ဒဏ္ က်ခံရႏုိင္ပါတယ္။

ဒီ ဥပေဒအရ ေတာ္၀င္မိသားစုနဲ႔ အာဏာပိုင္ေတြတင္မကဘဲ ဘယ္သူမဆို တုိင္ၾကားႏုိင္သလို ႏုိင္ငံေရးအရ လက္တုံ႔ျပန္တဲ့ေနရာမွာ ဒီဥပေဒကို အရင္တုန္းက အသုံးခ်ခဲ့ဖူးတာေၾကာင့္ အျငင္းပြါးစရာလည္းျဖစ္ေနပါ။ ဒါေပမဲ့လည္း ဒီဥပေဒကို အသုံးခ်တာမ်ိဳး မျမင္ခ်င္ဘူးလို႔ ဘုရင္ Maha Vajiralongkorn က ထုိင္းအစိုးရအဖြဲ႔ ကို အေၾကာင္းၾကားခဲ့ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ၃ ႏွစ္ေလာက္ကစၿပီး ဒီဥပေဒနဲ႔ အေရးယူတာမ်ိဳး မရွိခဲ့ပါဘူး။

ထုိင္းဘုရင္ကလည္း အဲဒီအခ်ိန္ကတည္းက ဒီဥပေဒနဲ႔ ပတ္သက္လို႔ လူသိရွင္ၾကားမွတ္ခ်က္ေပးေျပာဆိုတာမ်ိဳး မရွိပါဘူး။ ထိုင္းတရားေရးရာကိစၥမွာ ကူညီေပးေနတဲ့ လူ႔အခြင့္အေရးေရွ႕ေနအဖြဲ႔ တခုရဲ ႔အဆိုအရ ခုအေရးယူခံထားရတဲ့ေခါင္းေဆာင္ ၁၂ ဦးထဲမွာ ေတာ္၀င္မိသားစုကို လူသိရွင္ၾကားေ၀ဖန္တဲ့ေနရာမွာ ထင္ရွားတဲ့သူေတြလည္း ပါ၀င္တယ္လို႔ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းဆန္ဒပြခေါင်းဆောင် ၁၂ ယောက်ပေါ် ထိုင်းရဲတပ်ဖွဲ့ တရားစွဲဆို

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး ဦးဆောင်ဆန္ဒပြတဲ့ ကျောင်းသားခေါင်းဆောင်တချို့ကို ထိုင်းအာဏာပိုင်တွေက ဥပဒေကြောင်းအရ အရေးယူဖို့ အရှိန်မြှင့်ဆောင်ရွက်နေတာမှာ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ တင်းကြပ်တဲ့ဥပဒေကို ချိုးဖောက်မှုနဲ့ ကျောင်းသားခေါင်းဆောင် ၁၂ ယောက်ကို အရေးယူလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာနုတ်ထွက်ပေးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့မှာ ဒီကနေ့ထပ်ပြီး ကျင်းပဖို့ပြင်ဆင်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာပါ။ အဲဒီဆန္ဒပြခေါင်းဆောင် ၁၂ ယောက်ကို တော်ဝင်မိသားစု သိက္ခာကျဆင်းအောင်လုပ်ဆောင်မှု ဒါမှမဟုတ် စော်ကားမှုစွဲချက် နဲ့ လာရောက်အဖမ်းခံဖို့ ဆင့်ခေါ်လိုက်တာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

ဒီ ဥပဒေအရ တော်ဝင်မိသားစုနဲ့ အာဏာပိုင်တွေတင်မကဘဲ ဘယ်သူမဆို တိုင်ကြားနိုင်သလို နိုင်ငံရေးအရ လက်တုံ့ပြန်တဲ့နေရာမှာ ဒီဥပဒေကို အရင်တုန်းက အသုံးချခဲ့ဖူးတာကြောင့် အငြင်းပွါးစရာလည်းဖြစ်နေပါ။ ဒါပေမဲ့လည်း ဒီဥပဒေကို အသုံးချတာမျိုး မမြင်ချင်ဘူးလို့ ဘုရင် Maha Vajiralongkorn က ထိုင်းအစိုးရအဖွဲ့ ကို အကြောင်းကြားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ဒီဥပဒေနဲ့ အရေးယူတာမျိုး မရှိခဲ့ပါဘူး။

ထိုင်းဘုရင်ကလည်း အဲဒီအချိန်ကတည်းက ဒီဥပဒေနဲ့ ပတ်သက်လို့ လူသိရှင်ကြားမှတ်ချက်ပေးပြောဆိုတာမျိုး မရှိပါဘူး။ ထိုင်းတရားရေးရာကိစ္စမှာ ကူညီပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေအဖွဲ့ တခုရဲ့အဆိုအရ ခုအရေးယူခံထားရတဲ့ခေါင်းဆောင် ၁၂ ဦးထဲမှာ တော်ဝင်မိသားစုကို လူသိရှင်ကြားဝေဖန်တဲ့နေရာမှာ ထင်ရှားတဲ့သူတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG