သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြကို ေငြညွစ္ေနတဲ့ ထိုင္း လဝက အတုဂုိဏ္း ၿဖိဳခဲြခံရ


လဝက အတုလုပ္ဂိုဏ္းကုိ ဖမ္းမိေႀကာင္းသတင္းစာရွင္းလင္းေနပံဳ ( ၂၂-၁၁-၂၀)

{{Zawgyi/Unicode}}

ထိုုင္းနိုင္ငံ ခ်ြန္ဘူရီခရိုင္နဲ့ ရေနာင္းခရိုင္ေတြမွာအလုပ္လုပ္ေနႀကတဲ့ ျမန္မာအလုပ္သမားေတြကုိ ဖမ္းဆီးေငြညွစ္ေနတဲ့ လဝက အတုဂိုဏ္းကို ေဖၚထုတ္ ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ထိုင္း လူဝင္မူႀကီးႀကပ္ေရးတာဝန္ရွိသူေတြက ေၾကညာခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ႏိုဝင္ဘာလ (၂၂) ရက္ေန႔က ျပဳလုပ္တဲ့ ထိုင္းလူ၀င္မႈႀကီးၾကပ္ေရးဌာန သတင္းစာရွင္းလင္းပဲြ အေၾကာင္း ဗီြအိုသတင္းေထာက္ မ ေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ျမိဳ ့ လဝက ဗ်ဴရိုရံုးမွာႏို၀င္ဘာလ ၂၂ရက္ေန့က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ထိုင္းလဝက ဒုရဲခ်ဳပ္ Sompong Chingduang စုန္ဖုန္ခ်င္ဒူ၀င္က ံခ်ြန္ဘူရီခရိုင္ နဲ့ ရေနာင္းခရိုင္ေတြမွာအလုပ္လုပ္ေနႀကတဲ့ ျမန္မာအလုပ္သမားမ်ားနဲ့ႏိုင္ငံျခားသားအလုပ္သမားေတြကို လ၀က အေယာင္ေဆာင္ျပီး ဖမ္းဆီးေငြညစ္ေနတဲ့ ထိုင္းႏိုင္ငံသားေတြဦးေဆာင္တဲ့ဂိုဏ္းကုိ ဖမ္းမိေႀကာင္းအခုလိုေျပာသြားပါတယ္ ။

ျမန္မာနဲ့လာအို၀့္ကေမၻာဒီယားစတဲ့ တရားမဝင္ အလုပ္သမားေတြကိုလိုက္ရွာဖမ္းဆီးျပီး ေငြရွာတဲ့ဂိုဏ္းျဖစ္ပါတယ္ ။ အဲဒီ ႏိုင္ငံျခားသားအလုပ္သမားေတြဆီက ေငြသာမက ေရြပါလည္းေရြ ေတြကုိခ်ြတ္ယူေနတဲ့ဂိုဏ္းျဖစ္တယ္ ။ က်ေနာ္တို့ အဲဒီသတင္းနဲပတ္သက္လို့ စံုစမ္းေနတာႀကာပါျပီ ။အခ်ိန္ယူျပီးေစာင့္ႀကည့္ျပီးမွာ အခုေတာ့သူတို့ရိွတဲ့ေနရာကုိ လိုက္ရွာဖမ္းႏိုင္ခဲ့ပါတယ္။ သူတုိ့အသံုးျပဳေနတဲ့လ၀ကရဲအမွတ္တံဆိပ္ပါတဲ့ကားေတြကိုေတာ့သက္ေသခံပစၥည္းအျဖစ္သိမ္းႏုိင္ခဲ့တယ္ ၊ ဆိုျပီး ထုိင္းဘာသာနဲ့ေျပာဆုိသြားတာပါ။

ရွင္းလင္းခ်က္ထဲမွာေတာ့ ထိုင္းနိုင္ငံသား Wisanu Khankalo နိုင္ဝိစႏု ခန္ကလို ဦးေဆာင္တဲ ့ ဂိုဏ္း၀င္(၆)ဦးဟာ ခ်ြန္ဘူရီနဲ ့ရေနာင္း ခရိုင္ေတြမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာနိုင္ငံသားအမ်ားစုကုိ ဖမ္းဆီးမူ ေငြညွစ္မွု ပစၥည္းဥစၥာ ပိုင္ဆိုင္မွုေတြ သိမ္းယူေနေတြ က်ဴးလြန္ေနခဲ့တာ နွစ္နွစ္ေက်ာ္ ရွိေနျပီလို့လည္းေျပာဆုိသြားပါတယ္"

လဝက အတုဂုိဏ္းဟာ ရဲနဲ့ သက္ဆုိင္တဲ့ ကား၊ ဝတ္စံု၊တဆိပ္အတုေတြသံုးျပီး တရားမဝင္ေနထိုင္ေနတဲ့ ျမန္မာနိုင္ငံသားေတြကို ဖမ္းဆီးကာ ရဲကားအေေယာင္ေဆာင္ကားေပၚမွာတင္ျပီး ေငြညွစ္ ေတာင္းခံေနတာျဖစ္ျပီး သူတို ့ကို အရးယူဖမ္းဆီးေပးဖို ့ သက္ေသခံ ရုပ္သံဖိုင္ေတြနဲ ့အတူ ျမန္္မာအလုပ္သမားေတြနဲ့ ထိုင္းလုပ္ငန္းရွင္ေတြက တိုင္ ၾကားခဲ့ၾကတာေၾကာင့္ နယ္ေျမခံ ရဲတပ္ဖြဲ ့ေတြဟာ ဒီလ၀က အတုဂိုဏ္းကို ေနာက္ေယာင္ခံစံုစမ္းေဖၚထုတ္နိုင္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

ထိုင္းႏိုင္ငံထဲမွာျမန္မာႏိုင္ငံသား ၃သန္းထက္မနည္း အလုပ္လုပ္ကုိင္ေနႀကတာျဖစ္ျပီး အမ်ားစုကေတာ့တရားမဝင္ ေနထုိင္အလုပ္လုပ္ကိုင္ေနႀကတာျဖစ္ပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နဲ့ ရနောင်းခရိုင်တွေမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ လဝက အတုဂိုဏ်းကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း လူဝင်မူကြီးကြပ်ရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုဝင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန သတင်းစာရှင်းလင်းပွဲ အကြောင်း ဗွီအိုသတင်းထောက် မ အေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လဝက ဗျူရိုရုံးမှာနိုဝင်ဘာလ ၂၂ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းလဝက ဒုရဲချုပ် Sompong Chingduang စုန်ဖုန်ချင်ဒူဝင်က ံချွန်ဘူရီခရိုင် နဲ့ ရနောင်းခရိုင်တွေမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများနဲ့နိုင်ငံခြားသားအလုပ်သမားတွေကို လဝက အယောင်ဆောင်ပြီး ဖမ်းဆီးငွေညစ်နေတဲ့ ထိုင်းနိုင်ငံသားတွေဦးဆောင်တဲ့ဂိုဏ်းကို ဖမ်းမိကြောင်းအခုလိုပြောသွားပါတယ် ။

မြန်မာနဲ့လာအိုဝ့်ကမ္ဘောဒီယားစတဲ့ တရားမဝင် အလုပ်သမားတွေကိုလိုက်ရှာဖမ်းဆီးပြီး ငွေရှာတဲ့ဂိုဏ်းဖြစ်ပါတယ် ။ အဲဒီ နိုင်ငံခြားသားအလုပ်သမားတွေဆီက ငွေသာမက ရွေပါလည်းရွေ တွေကိုချွတ်ယူနေတဲ့ဂိုဏ်းဖြစ်တယ် ။ ကျနော်တို့ အဲဒီသတင်းနဲပတ်သက်လို့ စုံစမ်းနေတာကြာပါပြီ ။အချိန်ယူပြီးစောင့်ကြည့်ပြီးမှာ အခုတော့သူတို့ရှိတဲ့နေရာကို လိုက်ရှာဖမ်းနိုင်ခဲ့ပါတယ်။ သူတို့အသုံးပြုနေတဲ့လဝကရဲအမှတ်တံဆိပ်ပါတဲ့ကားတွေကိုတော့သက်သေခံပစ္စည်းအဖြစ်သိမ်းနိုင်ခဲ့တယ် ၊ ဆိုပြီး ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ။

ရှင်းလင်းချက်ထဲမှာတော့ ထိုင်းနိုင်ငံသား Wisanu Khankalo နိုင်ဝိစနု ခန်ကလို ဦးဆောင်တဲ့ ဂိုဏ်းဝင်(၆)ဦးဟာ ချွန်ဘူရီနဲ့ရနောင်း ခရိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအများစုကို ဖမ်းဆီးမူ ငွေညှစ်မှု ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေ သိမ်းယူနေတွေ ကျူးလွန်နေခဲ့တာ နှစ်နှစ်ကျော် ရှိနေပြီလို့လည်းပြောဆိုသွားပါတယ်"

လဝက အတုဂိုဏ်းဟာ ရဲနဲ့ သက်ဆိုင်တဲ့ ကား၊ ဝတ်စုံ၊တဆိပ်အတုတွေသုံးပြီး တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးကာ ရဲကားအေယောင်ဆောင်ကားပေါ်မှာတင်ပြီး ငွေညှစ် တောင်းခံနေတာဖြစ်ပြီး သူတို့ကို အရးယူဖမ်းဆီးပေးဖို့ သက်သေခံ ရုပ်သံဖိုင်တွေနဲ့အတူ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေက တိုင် ကြားခဲ့ကြတာကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့တွေဟာ ဒီလဝက အတုဂိုဏ်းကို နောက်ယောင်ခံစုံစမ်းဖေါ်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံသား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး အများစုကတော့တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG