သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္း ဖန္ငခ႐ိုင္တြင္း ျမန္မာလုပ္သားတဦး ကိုယ့္ကိုယ္ကို အဆံုးစီရင္


ျမန္မာအလုပ္သမားေတြ အလုပ္လုပ္ေနတဲ့ ဖန္ငခ႐ုိင္က ငါးဖမ္းစက္ေလွမ်ား။

(Zawgyi / Unicode)

ထိုင္းႏုိင္ငံေတာင္ပိုင္း ဖန္ငခ႐ိုင္မွာ ကိုဗစ္ကာလအတြင္း ျမန္မာေလွလုပ္သားတဦး မိမိကုိယ္မိမိ အဆံုးစီရင္မႈ ျဖစ္ပြားခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံေတာင္ပိုင္း ဖန္ငခ႐ိုင္က ကူရဘူရီၿမိဳ႕နယ္ ဘန္ကူရငါးဖမ္းေက်းရြာက ငါးအတင္အခ်လုပ္တဲ့ ဂိုေထာင္ ‘ဖယ္ခ်ာလီ’ အနီးက တန္းလ်ားမွာ ေနထိုင္ေနတဲ့ ေရလုပ္သား အသက္ ၂၆ ႏွစ္အရြယ္ ေမာင္ဗိုလ္တင္ေအာင္ဟာ ေအာက္တိုဘာလ ၂၃ ရက္ေန႔က မိမိကိုယ္မိမိ အဆုံးစီရင္ခဲ့ေၾကာင္း ထုိင္းေတာင္ပုိင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ဦးမင္းဦးက ေျပာျပပါတယ္။

“မေန႔ညက ၈ နာရီခဲြေလာက္က အခန္းေဖာ္ေတြက ေတြ႔တာ။ သူ႔ကုိ က်ေနာ္တို႔နားက ဖန္ငခ႐ုိင္ ခူရာတ္ဘူရီအပုိင္မွာ ဘန္ကူရတံငါရြာမွာျဖစ္တာ။ သူက အခန္းေဖာ္ေတြနဲ႔ ငွားေနတာ။ ျဖစ္တာ မနက္ပိုင္းေလာက္တည္းက ျဖစ္တာ။ ဆရာဝန္မွတ္ခ်က္အရ အေလာင္းက ေသတာ ၁၀ နာရီေလာက္ကတည္းက ေသတာလို႔ ေျပာတယ္။ ကယ္ဆယ္ေရးကေတာ့ အေလာင္းကုိ သြားထူတဲ့အခါမွာ ကုိယ္ေတြ လက္ေတြက ေကြးေကာက္ၿပီး လွ်ာေတြထြက္ေနၿပီ။ ႀကိဳးက အားေသးေတာ့ ပ်က္က်တာ လူက ၂၆ ႏွစ္ပဲရွိတယ္။ ရခုိင္ျပည္နယ္ မင္းျပားက။ ရွင္းရွင္းေျပာရရင္ က်ေနာ္တုိ႔ဆီမွာက တရားဝင္သာ မထြက္လာတာ။ တကယ့္တကယ္လည္း ကုိဗစ္ကာလမွာ ေသတဲ့သူေတြ စာရင္းေတြက ရွိတယ္။ မေလးရွားေလာက္ေတာ့ မမ်ားဘူးေပါ့။”

ကိုဗစ္ကပ္ေရာဂါကာလမွာ အလုပ္အကုိင္ေတြက ပံုမွန္မရိွတာ၊ ျမန္မာျပည္က မိသားစုကုိ ေငြျပန္မပုိ႔ႏိုင္တာေတြေၾကာင့္ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ၾကသူေတြလည္း ေသာင္းနဲ႔ခ်ီရွိေနပါတယ္။ တခ်ိဳ႕ကေတာ့ အလုပ္သမားလက္မွတ္ သက္တမ္းတုိးဖို႔ မတတ္ႏုိင္တာ၊ အလုပ္ရွာေဖြဖို႔ ခက္ခဲတာ၊ အလုပ္ေျပာင္းေရႊ႕ဖို႔အတြက္ အခက္အခဲေတြ ႀကံဳရတာေတြလည္း ရွိေနတာပါ။ ဒီကာလမွာ ကိုဗစ္ကပ္ေရာဂါရဲ႕ ေနာက္ဆက္တဲြအျဖစ္ စိတ္ဖိစီးမႈေတြ မ်ားလာၿပီး အခုလိုမ်ိဳး မိမိကုိယ္ကုိ အဆံုးစီရင္တဲ့ အေျခအေနေတြအထိ ေရာက္လာတယ္လို႔လည္း ဦးမင္းဦးက ေျပာျပပါတယ္။

“မိသားစုနဲ႔ ပတ္သက္တဲ့ ပူပင္ေသာကေတြေပါ့။ ကုိဗစ္နဲ႔ ပတ္သက္သလားဆိုရင္ ပတ္သက္တယ္ေျပာရမယ္။ ဝင္ေငြပံုမွန္မရွိေတာ့ မိသားစုေတြဆီလည္း မပုိ႔ႏုိင္ဘူး။ ဒီေတာ့ ဟုိဘက္ကလည္း ျပႆနာေတြတက္၊ ဒီဘက္ကလည္း စိတ္ေတြပူရင္း အဲဒိီလို ျပႆနာေတြ ျဖစ္ရတာ။”

ထိုင္းႏိုင္ငံမွာေတာ့ ကုိဗစ္အေရးေပၚကာလအတြင္း အလားတူျဖစ္ရပ္မ်ိဳး ျမန္မာႏိုင္ငံသာေးတြျဖစ္တာ ၈ မႈေလာက္ရွိပါတယ္။ ထိုင္းႏုိင္ငံမွာ ျမန္မာလုပ္သမား ၃ သန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကတာျဖစ္ၿပီး ကုိဗစ္ကာလမွာ အလုပ္လက္မဲ့ျဖစ္တာေၾကာင့္ ေနရပ္ျပန္သူ ေသာင္းနဲ႔ခ်ီ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ထိုင်းတောင်ပိုင်း ဖန်ငခရိုင်တွင်း မြန်မာလုပ်သားတဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှာ ကိုဗစ်ကာလအတွင်း မြန်မာလှေလုပ်သားတဦး မိမိကိုယ်မိမိ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်က ကူရဘူရီမြို့နယ် ဘန်ကူရငါးဖမ်းကျေးရွာက ငါးအတင်အချလုပ်တဲ့ ဂိုထောင် ‘ဖယ်ချာလီ’ အနီးက တန်းလျားမှာ နေထိုင်နေတဲ့ ရေလုပ်သား အသက် ၂၆ နှစ်အရွယ် မောင်ဗိုလ်တင်အောင်ဟာ အောက်တိုဘာလ ၂၃ ရက်နေ့က မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမင်းဦးက ပြောပြပါတယ်။

“မနေ့ညက ၈ နာရီခွဲလောက်က အခန်းဖော်တွေက တွေ့တာ။ သူ့ကို ကျနော်တို့နားက ဖန်ငခရိုင် ခူရာတ်ဘူရီအပိုင်မှာ ဘန်ကူရတံငါရွာမှာဖြစ်တာ။ သူက အခန်းဖော်တွေနဲ့ ငှားနေတာ။ ဖြစ်တာ မနက်ပိုင်းလောက်တည်းက ဖြစ်တာ။ ဆရာဝန်မှတ်ချက်အရ အလောင်းက သေတာ ၁၀ နာရီလောက်ကတည်းက သေတာလို့ ပြောတယ်။ ကယ်ဆယ်ရေးကတော့ အလောင်းကို သွားထူတဲ့အခါမှာ ကိုယ်တွေ လက်တွေက ကွေးကောက်ပြီး လျှာတွေထွက်နေပြီ။ ကြိုးက အားသေးတော့ ပျက်ကျတာ လူက ၂၆ နှစ်ပဲရှိတယ်။ ရခိုင်ပြည်နယ် မင်းပြားက။ ရှင်းရှင်းပြောရရင် ကျနော်တို့ဆီမှာက တရားဝင်သာ မထွက်လာတာ။ တကယ့်တကယ်လည်း ကိုဗစ်ကာလမှာ သေတဲ့သူတွေ စာရင်းတွေက ရှိတယ်။ မလေးရှားလောက်တော့ မများဘူးပေါ့။”

ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်အကိုင်တွေက ပုံမှန်မရှိတာ၊ မြန်မာပြည်က မိသားစုကို ငွေပြန်မပို့နိုင်တာတွေကြောင့် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ကြသူတွေလည်း သောင်းနဲ့ချီရှိနေပါတယ်။ တချို့ကတော့ အလုပ်သမားလက်မှတ် သက်တမ်းတိုးဖို့ မတတ်နိုင်တာ၊ အလုပ်ရှာဖွေဖို့ ခက်ခဲတာ၊ အလုပ်ပြောင်းရွှေ့ဖို့အတွက် အခက်အခဲတွေ ကြုံရတာတွေလည်း ရှိနေတာပါ။ ဒီကာလမှာ ကိုဗစ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲအဖြစ် စိတ်ဖိစီးမှုတွေ များလာပြီး အခုလိုမျိုး မိမိကိုယ်ကို အဆုံးစီရင်တဲ့ အခြေအနေတွေအထိ ရောက်လာတယ်လို့လည်း ဦးမင်းဦးက ပြောပြပါတယ်။

“မိသားစုနဲ့ ပတ်သက်တဲ့ ပူပင်သောကတွေပေါ့။ ကိုဗစ်နဲ့ ပတ်သက်သလားဆိုရင် ပတ်သက်တယ်ပြောရမယ်။ ဝင်ငွေပုံမှန်မရှိတော့ မိသားစုတွေဆီလည်း မပို့နိုင်ဘူး။ ဒီတော့ ဟိုဘက်ကလည်း ပြဿနာတွေတက်၊ ဒီဘက်ကလည်း စိတ်တွေပူရင်း အဲဒီလို ပြဿနာတွေ ဖြစ်ရတာ။”

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်အရေးပေါ်ကာလအတွင်း အလားတူဖြစ်ရပ်မျိုး မြန်မာနိုင်ငံသာေးတွဖြစ်တာ ၈ မှုလောက်ရှိပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်တာကြောင့် နေရပ်ပြန်သူ သောင်းနဲ့ချီ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG