သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ အက်ဥ္းသား (၃) ေယာက္ ထိုင္းျပန္လႊတ္


မွတ္တမ္းဓါတ္ပံု ၂၀၁၃ တုန္းက ဘန္ေကာက္ျပစ္မႈဆိုင္ရာတရားရံုးတြင္ေတြ႔ရေသာ Saeid Moradi၊ Mohammad Khazaei ႏွင့္ သက္ဆိုင္ရာ ရဲအရာရွိမ်ား

(Zawgyi/Unicode)

ဘန္ေကာက္ျမိဳ ့မွာ ဗံုးခြဲဖို ့ၾကံစည္မွုနဲ ့ ၂၀၁၂ ကတည္းက ထိုင္းအစိုးရကဖမ္းဆီးထားတဲ့ အီရန္အက်ဥ္းသား သံုးေယာက္ကို အီရန္အစိုးရထံ ျပန္လည္လွြဲေျပာင္းေပးလိုက္ျပီလို ့ေၾကညာပါတယ္။ အီရန္အစိုးရက သူလွ်ိဳလုပ္မွုနဲ ့စြတ္စြဲထားတဲ့ ၾသစေၾတးလ်-ျဗိတိန္ႏြယ္ဖြား တကၠသိုလ္ကထိကတဦးကို လြွတ္ေပးျပီးေနာက္ အခုလို ထိုင္းအစိုးရက ေၾကညာခဲ့တာျဖစ္ပါတယ္။

ထိုင္းဘုရင့္ အက်ဥ္းဦးစီးဌာနကေတာ့ အီရန္အက်ဥ္းသားနွစ္ဦးျဖစ္တဲ့ Masoud Sedaghatzadeh နဲ ့ Saeid Moradi ကိုေတာ့ အက်ဥ္းသားအေနနဲ ့ပဲ အီရန္အစိုးရထံလြွဲေျပာင္းေပးခဲ့ျပီး က်န္အက်ဥ္းသားတဦးျဖစ္တဲ့ , Mohammad Khazaei ကိုေတာ့ ျပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ လြတ္ျငိမ္းခ်မ္းသာခြင့္နဲ ့ လြွဲေျပာင္းေပးခဲ့တယ္လို ့ဆိုပါတယ္။

အီရန္ကသူလ်ိဳမွုနဲ ့၂ နွစ္အၾကာစြပ္စြဲဖမ္းဆီးထားတဲ့ အေရွ ့အလယ္ပိုင္းေရးရာက်ြမ္းက်င္သူ Kylie Moore-Gilbert ကို ၾသစေၾတးလ်ကို ျပန္လည္လွြဲေျပာင္းေပးတာနဲ ့ပတ္သက္လို ့ ၄င္းတို ့လွြဲေျပာင္းေပးတဲ့ အစီအစဥ္ဟာ ဆက္စပ္မွုရွိတယ္လို ့ေတာ့ ထိုင္းအရာရွိက အတိအလင္းမေျပာပါဘူး။

ဒါေပမယ့္လည္း ျပီးခဲ့တဲ့ ဗုဒၶဟူးေန ့က ထုတ္လြွင့္တဲ့ အီရန္နိုင္ငံရဲ့ ရုပ္ျမင္သံၾကားသတင္းေတြမွာေတာ့ Moore-Gilbert ကိုလွြတ္ေပးလိုက္တာဟာ ထိုင္းက အီရန္အက်ဥ္းသားသံုးဦးနဲ ့အလဲအလွယ္လုပ္လိုက္တာလို ့ဆိုပါတယ္။

ကမၻာတ၀ွမ္းမွာရွိတဲ့ အစၥေရးသံတမန္ေတြကို ဗံုးခြဲတိုက္ခိုက္ဖို ့ၾကံစည္လုပ္ေဆာင္မွုနဲ ့နဲ ့အီရန္နိုင္ငံသားသံုးဦးကို ထိုင္းအစိုးရက ဖမ္းဆီးထားခဲ့တာျဖစ္ပါတယ္။

ဗန္ေကာက္ျမိဳ ့စြန္မွာရွိတဲ့ ေနအိမ္တခုထဲ ၂၀၁၂ ခုနွစ္ ခ်စ္သူမ်ားေန ့မွာ ဗံုးမေတာ္တဆေပါက္ကြဲခဲ့စဥ္ ဒီအစီအစဥ္ကို ရဲအဖြဲ ့က သဲလြန္စရခဲ့တာျဖစ္ပါတယ္။

ၾကံစည္သူနွစ္ဦးကို ေလဆိမ္မွာ ဖမ္းဆီးရမိခဲ့ျပီး တဦးကေတာ့ သူ ့ကို ေလဆိပ္မွာ လာေရာက္ဖမ္းဆီးတဲ့ရဲတပ္ဖြဲ ့ေတြဆီ ဗံုးပစ္ထည့္စဥ္ ေျခတဖတ္ ဆံုးရွဳံးခဲ့ပါတယ္။ က်န္တဦးကေတာ့ မေလးရွားနိုင္ငံကို ထြက္ေျပးလြတ္ေျမာက္သြားျပီး မေလးရွားအစိုးရက ျပန္လည္ဖမ္းဆီးေပးခဲ့ပါတယ္။ အဲဒီေနာက္ တရားခံလြဲွေျပာင္းေရးအစီအစဥ္နဲ ့မေလးရွားကေန ထိုင္းနိုင္ငံမွာျပန္လည္ဖမ္းဆီးထားတာျဖစ္ပါတယ္။ ေနာက္ထပ္ သံသယရွိသူ ၂ ဦးကေတာ့ အီရန္နိုင္ငံဆီ ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။

ယခုဖမ္းဆီးရမိသူ သံုးဦးအနက္ ရဲတပ္ဖြဲ ့ကို ျပန္လည္းတို္က္ခိုက္ခဲ့တဲ့ Moradi ကို တသက္တက်ြန္းအျပစ္ဒဏ္စီရင္ခဲ့ျပီး က်န္နွစ္ဦးျဖစ္တဲ့ Khazaei နဲ ့ Sedaghatzadeh ကိုေတာ့ ေဖာက္ခြဲေရးပစၥည္းေတြ လက္၀ယ္ပိုင္ဆိုင္မွုနဲ ့ ေထာင္ဒဏ္ ၁၅ နွစ္စီနဲ ့ဖမ္းဆီးထားတာပါ။

ထိုင္းနိုင္ငံျခားေရး၀န္ၾကီးဌာနေျပာခြင့္ရွိသူတဦးရဲ့ အဆိုအရ အခုလို အက်ဥ္းသားလြဲွေျပာင္းေပးျခင္းဟာ လက္ရွိတည္ဆဲအက်ဥ္းသားလဲလွယ္ေရးစာခ်ဳပ္အရ အီရန္အစိုးရနဲ ့နွစ္ဘက္သေဘာတူညီခ်က္ေတြေၾကာင့္လို ့ဆိုပါတယ္။

အီရန္သံရံုးက အတည္ျပဳေျပာၾကားရာမွာေတာ့ ၄င္းတို ့ထံ မၾကာေသးမီက လြွဲေျပာင္းတဲ့ အက်ဥ္းသားေလးဦးရွိခဲ့ျပီး ေနာက္ထပ္မွတ္ခ်က္တစံုတရာေျပာဆိုတာမရွိေၾကာင္းသိရပါတယ္။

အီရန္ အစိုးရပိုင္ ရုပ္ျမင္သံၾကားသတင္းဌာနေတြမွာေတာ့ ယခုလို အီရန္အက်ဥ္းသားသံုးဦးလြတ္ေျမာက္လာမွုအေပၚ သူရဲေကာင္းမ်ားအျဖစ္ ဂုဏ္ျပဳၾကိုဆိုေနၾကေၾကာင္း ျပသေနပါတယ္။

အီရန္ အက်ဥ္းသား (၃) ေယာက္ ထိုင္းျပန္လႊတ္
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္


..............

အီရန် အကျဉ်းသား (၃) ယောက် ထိုင်းပြန်လွှတ်
(Unicode)

ဘန်ကောက်မြို့မှာ ဗုံးခွဲဖို့ကြံစည်မှုနဲ့ ၂၀၁၂ ကတည်းက ထိုင်းအစိုးရကဖမ်းဆီးထားတဲ့ အီရန်အကျဉ်းသား သုံးယောက်ကို အီရန်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီလို့ကြေညာပါတယ်။အီရန်အစိုးရက သူလျှိုလုပ်မှုနဲ့စွတ်စွဲထားတဲ့ သြစတြေးလျ-ဗြိတိန်နွယ်ဖွား တက္ကသိုလ်ကထိကတဦးကို လွှတ်ပေးပြီးနောက် အခုလို ထိုင်းအစိုးရက ကြေညာခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင့် အကျဉ်းဦးစီးဌာနကတော့ အီရန်အကျဉ်းသားနှစ်ဦးဖြစ်တဲ့ Masoud Sedaghatzadeh နဲ့ Saeid Moradi ကိုတော့ အကျဉ်းသားအနေနဲ့ပဲ အီရန်အစိုးရထံလွှဲပြောင်းပေးခဲ့ပြီး ကျန်အကျဉ်းသားတဦးဖြစ်တဲ့ , Mohammad Khazaei ကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။

အီရန်ကသူလျိုမှုနဲ့၂ နှစ်အကြာစွပ်စွဲဖမ်းဆီးထားတဲ့အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ Kylie Moore-Gilbert ကို သြစတြေးလျကို ပြန်လည်လွှဲပြောင်းပေးတာနဲ့ပတ်သက်လို့ ၎င်းတို့လွှဲပြောင်းပေးတဲ့ အစီအစဉ်ဟာ ဆက်စပ်မှုရှိတယ်လို့တော့ ထိုင်းအရာရှိက အတိအလင်းမပြောပါဘူး။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်တဲ့ အီရန်နိုင်ငံရဲ့ ရုပ်မြင်သံကြားသတင်းတွေမှာတော့ Moore-Gilbert ကိုလွှတ်ပေးလိုက်တာဟာ ထိုင်းက အီရန်အကျဉ်းသားသုံးဦးနဲ့အလဲအလှယ်လုပ်လိုက်တာလို့ဆိုပါတယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ အစ္စရေးသံတမန်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်လုပ်ဆောင်မှုနဲ့နဲ့အီရန်နိုင်ငံသားသုံးဦးကို ထိုင်းအစိုးရက ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။

ဗန်ကောက်မြို့စွန်မှာရှိတဲ့ နေအိမ်တခုထဲ ၂၀၁၂ ခုနှစ် ချစ်သူများနေ့မှာ ဗုံးမတော်တဆပေါက်ကွဲခဲ့စဉ် ဒီအစီအစဉ်ကို ရဲအဖွဲ့က သဲလွန်စရခဲ့တာဖြစ်ပါတယ်။

ကြံစည်သူနှစ်ဦးကို လေဆိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး တဦးကတော့ သူ့ကို လေဆိပ်မှာ လာရောက်ဖမ်းဆီးတဲ့ရဲတပ်ဖွဲ့တွေဆီ ဗုံးပစ်ထည့်စဉ် ခြေတဖတ် ဆုံးရှုံးခဲ့ပါတယ်။ ကျန်တဦးကတော့ မလေးရှားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားပြီး မလေးရှားအစိုးရက ပြန်လည်ဖမ်းဆီးပေးခဲ့ပါတယ်။ အဲဒီနောက် တရားခံလွဲှပြောင်းရေးအစီအစဉ်နဲ ့မလေးရှားကနေ ထိုင်းနိုင်ငံမှာပြန်လည်ဖမ်းဆီးထားတာဖြစ်ပါတယ်။ နောက်ထပ် သံသယရှိသူ ၂ ဦးကတော့ အီရန်နိုင်ငံဆီ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ယခုဖမ်းဆီးရမိသူ သုံးဦးအနက် ရဲတပ်ဖွဲ့ကို ပြန်လည်းတိုက်ခိုက်ခဲ့တဲ့ Moradi ကို တသက်တကျွန်းအပြစ်ဒဏ်စီရင်ခဲ့ပြီး ကျန်နှစ်ဦးဖြစ်တဲ့ Khazaei နဲ့ Sedaghatzadeh ကိုတော့ ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ထောင်ဒဏ် ၁၅ နှစ်စီနဲ့ဖမ်းဆီးထားတာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရှိသူတဦးရဲ့ အဆိုအရ အခုလို အကျဉ်းသားလွဲှပြောင်းပေးခြင်းဟာ လက်ရှိတည်ဆဲအကျဉ်းသားလဲလှယ်ရေးစာချုပ်အရ အီရန်အစိုးရနဲ့နှစ်ဘက်သဘောတူညီချက်တွေကြောင့်လို့ဆိုပါတယ်။

အီရန်သံရုံးက အတည်ပြုပြောကြားရာမှာတော့ ၎င်းတို့ထံ မကြာသေးမီက လွှဲပြောင်းတဲ့ အကျဉ်းသားလေးဦးရှိခဲ့ပြီး နောက်ထပ်မှတ်ချက်တစုံတရာပြောဆိုတာမရှိကြောင်းသိရပါတယ်။

အီရန် အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာနတွေမှာတော့ ယခုလို အီရန်အကျဉ်းသားသုံးဦးလွတ်မြောက်လာမှုအပေါ် သူရဲကောင်းများအဖြစ် ဂုဏ်ပြုကြိုဆိုနေကြကြောင်း ပြသနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG