ဗုံးဖောက်ခွဲမှုမှာ ပူးပေါင်းကြံစည်မှုမှာ ပါဝင်တဲ့ အီရန်လူမျိုးနှစ်ဦး ထိုင်းနိုင်ငံကနေပြီးတော့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသက် ၂၉နှစ်အရွယ် Saeid Moradi ကို လူသတ်မှုနဲ့ ဖောက်ခွဲပစ္စည်းတွေ လက်ဝယ် ပိုင်ဆိုင်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပြီး၊ ကျန်တဦးဖြစ်တဲ့ အသက် ၄၃နှစ်အရွယ် Mohammad Kharzei ကို ဖောက်ခွဲပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။
၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း သူတို့နှစ်ဦး ရဲ့နေအိမ်မှာ ဖောက်ခွဲပစ္စည်း မမျှော်လင့်ပဲ ပေါက်ကွဲခဲ့တဲ့ အတွက် အရေးယူခံခဲ့ရပါတယ်။ မော်ရာဒီကို လမ်းပေါ်ဖောက်ခွဲပစ္စည်းသယ်ယူလာပြီး ရဲတွေဆီကို ပစ်ပေါက်ဖို့ ကြိုးစားမှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။
ကျန်တဦးဖြစ်သူကိုတော့ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းထားပါတယ်။
အစ္စရေးနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ ဒီဖောက်ခွဲပစ္စည်းတွေဟာ အစ္စရေး သံတမန်အရာရှိတွေကို ဆန့်ကျင်တဲ့ အတိုက်အခံအဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ဆိုပေမဲ့ စွဲချက်တွေမှာတော့ ဒီအချက်ကို ထည့်သွင်းမထားခဲ့ပါဘူး။