သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ကုတို့သင်္ဘောပေါက်ကွဲ ၅၀ ကျော် ဒဏ်ရာရ


၂၀၁၅ သြဂုတ်လက ပုံအဟောင်းဖြစ်ပါတယ်။
၂၀၁၅ သြဂုတ်လက ပုံအဟောင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က မြစ်ကြောင်းမှာပြေးဆွဲနေတဲ့ ကူးတို့သင်္ဘောတစင်း ဆိပ်ကမ်းကို ကပ်အလာမှာ စနေနေ့က ပေါက်ကွဲမှု ဖြစ်သွားခဲ့တဲ့အတွက် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာသွားပါတယ်။

ဘန်ကောက်မြို့က အလုပ်သမားလူတန်းစားတွေ နေထိုင်တဲ့ Wat Thepleela ဆိပ်ကမ်းမှာ စနေနေ့မနက် ဝေလီဝေလင်းအချိန် ဖြစ်သွားခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့် လူ ၅၂ ဦး ထိခိုက်ဒဏ်ရာသွားတယ်လို့ အစောပိုင်း သတင်းတွေအရ သိရှိရကြောင်း ဒုတိယ ရဲမှူးကြီး Chaitanan Jirapiyaset က ပြောပါတယ်။

အခင်းဖြစ်တဲ့အချိန် သင်္ဘောပေါ်မှာ လူ (၇၀) လောက် ပါလာပြီး ပေါက်ကွဲမှုကြောင့် ခရီးသည်တချို့ ရေထဲကို ခုန်ချကုန်ကြတယ်လို့ ဒုတိယ ရဲမှူးကြီးက ပြောပါတယ်။ ခရီးသည် ၂ ဦး မီးလောင်တဲ့ဒဏ် ဆိုးရွားစွာ ခံလိုက်ရပေမဲ့ သေဆုံးသူတော့ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီ ကူးတို့သင်္ဘော ဘာကြောင့် ပေါက်ကွဲတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG