သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံက ဆႏၵျပသူေတြကို ဝန္ႀကီးခ်ဳပ္ သတိေပး


ထိုင္းႏိုင္ငံ အစုိးရဆန္႔က်င္ေရး ဆႏၵျပပြဲျမင္ကြင္း

{{Zawgyi/Unicode}}

ထုိင္းႏုိင္ငံမွာ ဥပေဒခ်ိဳးေဖာက္ၿပီး ဆႏၵျပေနတဲ့သူေတြကို ဥပေဒအားလုံးနဲ႔ အေရးယူသြားမယ္လို႔ ထုိ္င္း၀န္ႀကီးခ်ဳပ္က ေျပာလိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္ ပရာယုသ္ ႏုတ္ထြက္ေပးဖို႔နဲ႔ ထုိင္းဘုရင္ရဲ႕အာဏာကို ထိန္းခ်ဳပ္တဲ့ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ဖို႔ ဆႏၵျပတာ ေတာင္းဆိုတာေတြ အရွိန္အဟုန္နဲ႔ ဆက္ျဖစ္ေနခ်ိန္မွာပဲ ထိုင္းဝန္ႀကီးခ်ဳပ္က အဲဒီလိုေျပာလိုက္တာပါ။

အေျခအေနေတြက တုိးတက္မႈမရွိဘဲ ေနာက္ထပ္အၾကမ္းဖက္မႈေတြ ထပ္ျဖစ္လာႏုိင္တဲ့ အႏၲရာယ္ေတြရွိၿပီး ဒါကိုကိုင္တြယ္ေျဖရွင္းတာ မလုပ္ဘူးဆုိရင္ တုိင္းျပည္နဲ႔ က်ေနာ္တုိ႔ခ်စ္တဲ့ ဘုရင္စနစ္လည္း ထိခုိက္လာႏုိင္တယ္လို႔ ၀န္ႀကီးခ်ဳပ္ ပရာယုသ္ကေၾကျငာခ်က္ထဲမွာ ေျပာထားပါတယ္။ ဥပေဒခ်ိဳးေဖာက္တဲ့ဆႏၵျပသူေတြကို အေရးယူဖို႔အတြက္ အစိုးရအေနနဲ႔ ဥပေဒေတြအားလုံးကို အသုံးျပဳၿပီး အေရးယူမႈေတြ ျပင္းျပင္းထန္ထန္လုပ္ေဆာင္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ ပရာယုသ္က ေျပာပါတယ္။

ထုိင္း၀န္ႀကီးခ်ဳပ္က အဲဒီလိုေျပာလိုက္တဲ့အတြက္ တက္ႂကြလႈပ္ရွားသူေတြဘက္ကေတာ့ ဘုရင္စနစ္ကို ေ၀ဖန္တဲ့သူေတြကုိ အေရးယူတဲ့ဥပေဒေတြနဲ႔ တရားစဲြတာေတြ ျပန္လုပ္လာမွာကို စိုးရိမ္ေနၾကပါတယ္။

ဆႏၵျပတဲ့သူေထာင္ေပါင္းမ်ားစြာက ထုိင္းရဲဌာနခ်ဳပ္ကို ေဆးေတြနဲ႔ ပက္ခဲ့ၿပီးတဲ့ေနာက္ ထုိင္း၀န္ႀကီးခ်ဳပ္က အဲဒီလိုေျပာလိုက္တာပါ။ ဆႏၵျပတဲ့သူေတြကေတာ့ ရဲတပ္ဖဲြ႔က သူတုိ႔ကို မီးသတ္ပိုက္ေတြ၊ မ်က္ရည္ယုိဗုံးေတြနဲ႔ ႏွိမ္ႏွင္းခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ အဲဒီလိုလုပ္တာလို႔ ေျပာပါတယ္။

..........................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်ပြီး ဆန္ဒပြနေတဲ့သူတွေကို ဥပဒေအားလုံးနဲ့ အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် ပရာယုသ် နုတ်ထွက်ပေးဖို့နဲ့ ထိုင်းဘုရင်ရဲ့အာဏာကို ထိန်းချုပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဆန္ဒပြတာ တောင်းဆိုတာတွေ အရှိန်အဟုန်နဲ့ ဆက်ဖြစ်နေချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်က အဲဒီလိုပြောလိုက်တာပါ။

အခြေအနေတွေက တိုးတက်မှုမရှိဘဲ နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိပြီး ဒါကိုကိုင်တွယ်ဖြေရှင်းတာ မလုပ်ဘူးဆိုရင် တိုင်းပြည်နဲ့ ကျနော်တို့ချစ်တဲ့ ဘုရင်စနစ်လည်း ထိခိုက်လာနိုင်တယ်လို့ ဝန်ကြီးချုပ် ပရာယုသ်ကကြေငြာချက်ထဲမှာ ပြောထားပါတယ်။ ဥပဒေချိုးဖောက်တဲ့ဆန္ဒပြသူတွေကို အရေးယူဖို့အတွက် အစိုးရအနေနဲ့ ဥပဒေတွေအားလုံးကို အသုံးပြုပြီး အရေးယူမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ပရာယုသ်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်က အဲဒီလိုပြောလိုက်တဲ့အတွက် တက်ကြွလှုပ်ရှားသူတွေဘက်ကတော့ ဘုရင်စနစ်ကို ဝေဖန်တဲ့သူတွေကို အရေးယူတဲ့ဥပဒေတွေနဲ့ တရားစွဲတာတွေ ပြန်လုပ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဆန္ဒပြတဲ့သူထောင်ပေါင်းများစွာက ထိုင်းရဲဌာနချုပ်ကို ဆေးတွေနဲ့ ပက်ခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်က အဲဒီလိုပြောလိုက်တာပါ။ ဆန္ဒပြတဲ့သူတွေကတော့ ရဲတပ်ဖွဲ့က သူတို့ကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နှင်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အဲဒီလိုလုပ်တာလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG