(Zawgyi/Unicode)
ထိုင္းႏိုင္ငံမွာ လူငယ္ေတြဦးေဆာင္ခဲ့ၿပီး ေထာင္ဂဏန္းေတြခ်ီမ်ားလာတဲ့ ဆႏၵျပသူေတြအေနနဲ႔ ဘန္ေကာက္ၿမိဳ႕က အေရးပါတဲ့လမ္းဆံုလမ္းခြကို အျပည့္ေနရာ ယူၿပီး ဆႏၵျပေနၾကပါတယ္။ စစ္တပ္က အာဏာသိမ္းမယ္လုိ႔ ေကာလဟာလေတြ ထြက္ေနခ်ိန္မွာ အာဏာသိမ္းဖုိ႔ ႀကိဳးပမ္းမႈဟူသမွ်ကုိ ခုခံသြားမယ္လုိ႔ ဆႏၵျပသူေတြက ေျပာၾကားလုိက္ပါတယ္။
ထိုင္းအစိုးရႏုတ္ထြက္ေပးၿပီး၊ ေျပာမရဲဆိုမရဲျဖစ္ခဲ့တဲ့ ဘုရင္စနစ္ပါ ေျပာင္းလဲေရး ေတာင္းဆို ဆႏၵျပလာသူေတြနဲ႔ အေျပာင္းအလဲမလုပ္ဖို႔ တင္းခံေနတဲ့ ေရြးေကာက္ပြဲကတဆင့္လာေပမဲ့ စစ္အာဏာသိမ္းေခါင္းေဆာင္ ဦးေဆာင္တဲ့ အစိုးရအၾကား ေျဖရွင္းမရျဖစ္ေနတာကို ရပ္တန္႔ဖို႔ ခုလို အာဏာသိမ္းႏိုင္မယ္ဆုိတဲ့ ေကာလဟာလေတြထြက္ေနတာပါ။
၁၉၃၂ ခုႏွစ္ေတာ္လွန္းေရးကတည္းက အာဏာသိမ္းမူေပါင္း ၁၃ ခုျဖစ္ခဲ့ၿပီး၊ စည္းမ်ဥ္းခံဘုရင္စနစ္ က်င့္သံုးလာတဲ့ ထိုင္းႏိုင္ငံမွာ၊ ေနာက္ဆံုး ၂၀၁၄ ခုႏွစ္ အာဏာသိမ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း Prayuth Chan-O-Cha အေနနဲ႔၊ စစ္တပ္စိတ္ႀကိဳက္ေရးထားတဲ့ ဖြဲ႔စည္းပံုေအာက္မွာ၊ ၿပီးခဲ့တဲႏွစ္ေရြးေကာက္ပြဲကေနတဆင့္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့တာပါ။
ဒါေပမဲ့ ႏိုင္ငံေရးကေနျပန္မထြက္လိုတဲ့ ဒီစစ္တပ္ေခါင္းေဆာင္ ၆ ႏွစ္ၾကာအုပ္ခ်ဳပ္လာၿပီး၊ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အရင္ရွင္ရိုေသလူရိုေသ ဘုရင့္သားေတာ္လက္ထက္မွာ၊ ဒီဆႏၵျပပြဲပြဲေတြျဖစ္လာၿပီး၊ လက္ရွိမ်ိဳးဆက္သစ္ေတြအၾကား တပ္ေရာနန္းေတာ္ပါ သိကၡာက်ဆင္းလာေနတယ္လို႔ သံုးသပ္မူေတြရွိေနပါတယ္။
လက္ရွိမွာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုေျပာင္းလဲေရးကိုပါေတာင္းဆိုလာတဲ့ ဆႏၵျပမူေတြအေပၚ လိုက္ေလ်ာဖို႔တင္းခံေနတဲ့ အစိုးရေခါင္းေဆာင္ Prayuth ကို တရားရံုးအာဏာနဲ႔ဲဲျဖဳတ္ခ်တာ (သို႔မဟုတ္) ၾကည္းတပ္အုပ္စုတစ္စုကို အာဏာသိမ္းခိုင္းတာျဖစ္ႏိုင္တဲ့ ေကာလဟာလထြက္လာေနခ်ိန္မွာ၊ ထိုင္းအေရးကၽြမ္းက်င္သူေတြကလည္း လာမဲ့ရက္ပိုင္းအတြင္း ႏိုင္ငံမွာအႏၱရာယ္က်ေရာက္ႏိုင္တယ္လို႔ သံုးသပ္ေနၾကပါတယ္။
.........
ထိုင်းစစ်တပ်အာဏာသိမ်းလျှင် ဆန္ဒပြသမားတွေ ခုခံမည်
(Unicode)
ထိုင်းနိုင်ငံမှာ လူငယ်တွေဦးဆောင်ခဲ့ပြီး ထောင်ဂဏန်းတွေချီများလာတဲ့ ဆန္ဒပြသူတွေအနေနဲ့ ဘန်ကောက်မြို့က အရေးပါတဲ့လမ်းဆုံလမ်းခွကို အပြည့်နေရာ ယူပြီး ဆန္ဒပြနေကြပါတယ်။ စစ်တပ်က အာဏာသိမ်းမယ်လို့ ကောလဟာလတွေ ထွက်နေချိန်မှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုဟူသမျှကို ခုခံသွားမယ်လို့ ဆန္ဒပြသူတွေက ပြောကြားလိုက်ပါတယ်။
ထိုင်းအစိုးရနုတ်ထွက်ပေးပြီး၊ ပြောမရဲဆိုမရဲဖြစ်ခဲ့တဲ့ ဘုရင်စနစ်ပါ ပြောင်းလဲရေး တောင်းဆို ဆန္ဒပြလာသူတွေနဲ့ အပြောင်းအလဲမလုပ်ဖို့ တင်းခံနေတဲ့ ရွေးကောက်ပွဲကတဆင့်လာပေမဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရအကြား ဖြေရှင်းမရဖြစ်နေတာကို ရပ်တန့်ဖို့ ခုလို အာဏာသိမ်းနိုင်မယ်ဆိုတဲ့ ကောလဟာလတွေထွက်နေတာပါ။
၁၉၃၂ ခုနှစ်တော်လှန်းရေးကတည်းက အာဏာသိမ်းမူပေါင်း ၁၃ ခုဖြစ်ခဲ့ပြီး၊ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးလာတဲ့ ထိုင်းနိုင်ငံမှာ၊ နောက်ဆုံး ၂၀၁၄ ခုနှစ် အာဏာသိမ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း Prayuth Chan-O-Cha အနေနဲ့၊ စစ်တပ်စိတ်ကြိုက်ရေးထားတဲ့ ဖွဲ့စည်းပုံအောက်မှာ၊ ပြီးခဲ့တဲနှစ်ရွေးကောက်ပွဲကနေတဆင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့ နိုင်ငံရေးကနေပြန်မထွက်လိုတဲ့ ဒီစစ်တပ်ခေါင်းဆောင် ၆ နှစ်ကြာအုပ်ချုပ်လာပြီး၊ ကျောထောက်နောက်ခံပေးထားတဲ့ အရင်ရှင်ရိုသေလူရိုသေ ဘုရင့်သားတော်လက်ထက်မှာ၊ ဒီဆန္ဒပြပွဲပွဲတွေဖြစ်လာပြီး၊ လက်ရှိမျိုးဆက်သစ်တွေအကြား တပ်ရောနန်းတော်ပါ သိက္ခာကျဆင်းလာနေတယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။
လက်ရှိမှာ ဖွဲ့စည်းအုပ်ချုပ်ပုံပြောင်းလဲရေးကိုပါတောင်းဆိုလာတဲ့ ဆန္ဒပြမူတွေအပေါ် လိုက်လျောဖို့တင်းခံနေတဲ့ အစိုးရခေါင်းဆောင် Prayuth ကို တရားရုံးအာဏာနဲ့ဲဖြုတ်ချတာ (သို့မဟုတ်) ကြည်းတပ်အုပ်စုတစ်စုကို အာဏာသိမ်းခိုင်းတာဖြစ်နိုင်တဲ့ ကောလဟာလထွက်လာနေချိန်မှာ၊ ထိုင်းအရေးကျွမ်းကျင်သူတွေကလည်း လာမဲ့ရက်ပိုင်းအတွင်း နိုင်ငံမှာအန္တရာယ်ကျရောက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။