သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်အပေါ်စွဲချက် ထိုင်း အခြေခံဥပဒေခုံရုံး ပယ်ချ


ထိုင်းဝန်ကြီးချူပ် Prayuth Chan-ocha။ (နိုဝင်ဘာ ၂၇၊ ၂၀၂၀)
ထိုင်းဝန်ကြီးချူပ် Prayuth Chan-ocha။ (နိုဝင်ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင်းအခြေခံဥပဒေမှာ ပါရှိတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဌာန်းချက်ကို ထိုင်းဝန်ကြီးချူပ် Prayuth Chan-ocha က ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်မှာ အပြစ်မရှိဘူးလို့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးရဲ့ အခုဆုံးဖြတ်ချက်ကြောင့် မစ္စတာ Prayuth အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်ပြီး လုပ်သွားနိုင်တော့မှာပါ။

သူက စစ်တပ်ပိုင်အိမ်တော်မှာ ဆက်ပြီးနေထိုင်နေခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်တခုကို ချိုးဖောက်တယ်ဆိုပြီး ပါလီမန်တွင်း အကြီးဆုံး အတိုက်အခံ Pheu Thai ပါတီက စွပ်စွဲခဲ့တာပါ။ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရ ဝန်ကြီးတွေအနေနဲ့ နိုင်ငံတော်အဖွဲ့အစည်းတခုခု၊ ဒါမှမဟုတ် ပုဂ္ဂလိကပိုင် စီးပွါးရေးလုပ်ငန်းတခုခုကနေ အထူးအခွင့်အရေး ရယူတာမျိုးကို လုပ်ခွင့်မရှိပါဘူး။ တကယ်လို့ ဒီလို အခွင့်အရေးတွေရယူကြောင်းထင်ရှားရင် ရာထူးက ထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေခေါင်းဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေကို ဝန်ကြီးချုပ် Prayuth ရင်ဆိုင်နေရချိန်မှာ အခုလို သူ့မှာအပြစ်မရှိကြောင်း တရားရုံးက အမိန့် ချမှတ်လိုက်တာပါ။ သူဟာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့ချိန် ၂၀၁၄ ခုနှစ်က အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ရွေးကောက်ခံအရပ်သား အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အဲ့ဒီနောက်စစ်အစိုးရကို ၅ နှစ်ကြာဦးဆောင်ခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဖြစ်လာတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Prayuth နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေက ပါလီမန်မှာ ဆင်ဆာဖြတ်တောက်မှုကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းခံရချိန် အတိုက်အခံ Pheu Thai ပါတီ ခေါင်းဆောင်က စစ်တပ်ပိုင်အိမ်တော်မှာ ဝန်ကြီးချုပ်နေထိုင်နေတာတရား၊ ဝင်မဝင်ဆိုတဲ့ မေးခွန်းကို မေးခဲ့ဖူးပါတယ်။

ဝန်ကြီးချူပ် Prayuth က ဝန်ကြီးချုပ်အိမ်တော်ကို ပြင်ဆင်မွမ်းမံနေတဲ့ အတွက် စစ်တပ်အိမ်တော်မှာ နေထိုင်နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းစစ်တပ်ကလည်း ဒီအိမ်တော်က အထူးဧည့်သည်တွေအတွက် ထားတဲ့ အိမ်တော်ဖြစ်တယ်ဆိုပြီး ဝန်ကြီးချူပ် Prayuth ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဒီတရားရုံးဆုံးဖြတ်ချက်ကြောင့် ထိုင်းဝန်ကြီးချုပ် ၃ ဦးဖြုတ်ချခံခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG