သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႔ ဌာနခ်ဳပ္အနီး ဆႏၵျပ


ထုိင္းဘုရင့္ကုိယ္ရံေတာ္တပ္ဖြဲ႔ ဌာနခ်ဳပ္အနီး ဆႏၵျပသူေတြကို ေစာင့္ၾကည့္ေနတဲ့ ထုိင္းရဲတပ္ဖြဲ႔ဝင္မ်ား။ (ႏုိဝင္ဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ တနဂၤေႏြေန႔က ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြက ေလထိုးထားတဲ့ အဝါေရာင္ ဘဲ႐ုပ္ေတြကို ေခါင္းနဲ႔ရြက္ၿပီး စစ္တပ္ လက္ေရြးစင္တပ္ဖြဲ႔ရွိရာကို ခ်ီတက္ၿပီး ဘုရင့္အခြင့္အာဏာ ကန္႔သတ္ေရး ဆႏၵျပၾကပါတယ္။ ထုိင္းဘုရင္ Maha Vajiralongkorn ရဲ႕ လက္ေအာက္မွာရွိတဲ့ ဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႔ ဌာနခ်ဳပ္ အျပင္ဘက္မွာ ခ်ီတက္ ဆႏၵျပသူေတြက ျပည္သူ႔အခြန္ေငြေတြလို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

“ဒီႏုိင္ငံမွာ စစ္တပ္ဟာ ျပည္သူကို ဘယ္တုန္းကမွ မကာကြယ္ခဲ့ဘူး၊ ဒါေပမယ့္ သူတို႔ဟာ ေတာ္ဝင္မိသားစုကိုပဲ အၿမဲကာကြယ္တယ္” လို႔ အသက္ ၂၇ ႏွစ္အရြယ္ ဆႏၵျပသူ Bom က ေျပာပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ဂရပ္ဖစ္ဒီဇိုင္နာ Angkana ကေတာ့ Hammer of the Gods ႐ုပ္ရွင္ကို ရည္ညႊန္းၿပီး Thor ကေတာ့ သူ႔တို႔မွာ တူရွိၿပီး ငါတို႔မွာ ဘဲေတြရွိတယ္၊ အနည္းဆံုးေတာ့ သူတို႔က အကာအကြယ္ရတယ္လို႔ ေျပာပါတယ္။ ရာဘာဘဲ႐ုပ္ေတြဟာ လူထုလႈပ္ရွားမႈရဲ႕ အမွတ္သေကၤတ ျဖစ္လာခဲ့ပါတယ္။

ဆႏၵျပသူေတြဟာ ဘုရင့္အာဏာနဲ႔ ဆက္စပ္မႈေတြ အားလံုးကို ပစ္မွတ္ထားလာေနပါတယ္။ ဘုရင့္ပိုင္ဆိုင္မႈ ေဒၚလာ ၂ ဒသမ ၃ ဘီလ်ံရွိတဲ့ ထိုင္းႏုိင္ငံရဲ႕ ထိပ္တန္းဘဏ္တခုကေန သူ႔ရဲ႕ လက္ေရြးစင္တပ္ဖြဲ႔ေတြနဲ႔ ဂ်ာမနီက အနားယူ အပန္းေျဖအိမ္ရာေတြအထိ ပစ္မွတ္ထားလာေနပါတယ္။

လူႀကိဳက္မမ်ားတဲ့ ဝန္ႀကီးခ်ဳပ္ Prayuth Chan-O-Cha အေပၚ ဘုရင္က ေထာက္ခံထားတာကို ႐ုပ္သိမ္းေရးအတြက္ ဆႏၵျပသူေတြက ဘုရင္စနစ္အေပၚ ဖိအားေပး ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ ဌာနချုပ်အနီး ဆန္ဒပြ

ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက လေထိုးထားတဲ့ အဝါရောင် ဘဲရုပ်တွေကို ခေါင်းနဲ့ရွက်ပြီး စစ်တပ် လက်ရွေးစင်တပ်ဖွဲ့ရှိရာကို ချီတက်ပြီး ဘုရင့်အခွင့်အာဏာ ကန့်သတ်ရေး ဆန္ဒပြကြပါတယ်။ ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ လက်အောက်မှာရှိတဲ့ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ ဌာနချုပ် အပြင်ဘက်မှာ ချီတက် ဆန္ဒပြသူတွေက ပြည်သူ့အခွန်ငွေတွေလို့ ကြွေးကြော်ခဲ့ကြပါတယ်။

“ဒီနိုင်ငံမှာ စစ်တပ်ဟာ ပြည်သူကို ဘယ်တုန်းကမှ မကာကွယ်ခဲ့ဘူး၊ ဒါပေမယ့် သူတို့ဟာ တော်ဝင်မိသားစုကိုပဲ အမြဲကာကွယ်တယ်” လို့ အသက် ၂၇ နှစ်အရွယ် ဆန္ဒပြသူ Bom က ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂရပ်ဖစ်ဒီဇိုင်နာ Angkana ကတော့ Hammer of the Gods ရုပ်ရှင်ကို ရည်ညွှန်းပြီး Thor ကတော့ သူ့တို့မှာ တူရှိပြီး ငါတို့မှာ ဘဲတွေရှိတယ်၊ အနည်းဆုံးတော့ သူတို့က အကာအကွယ်ရတယ်လို့ ပြောပါတယ်။ ရာဘာဘဲရုပ်တွေဟာ လူထုလှုပ်ရှားမှုရဲ့ အမှတ်သင်္ကေတ ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ဘုရင့်အာဏာနဲ့ ဆက်စပ်မှုတွေ အားလုံးကို ပစ်မှတ်ထားလာနေပါတယ်။ ဘုရင့်ပိုင်ဆိုင်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလျံရှိတဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဘဏ်တခုကနေ သူ့ရဲ့ လက်ရွေးစင်တပ်ဖွဲ့တွေနဲ့ ဂျာမနီက အနားယူ အပန်းဖြေအိမ်ရာတွေအထိ ပစ်မှတ်ထားလာနေပါတယ်။

လူကြိုက်မများတဲ့ ဝန်ကြီးချုပ် Prayuth Chan-O-Cha အပေါ် ဘုရင်က ထောက်ခံထားတာကို ရုပ်သိမ်းရေးအတွက် ဆန္ဒပြသူတွေက ဘုရင်စနစ်အပေါ် ဖိအားပေး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG