(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ အစိုးရဆန္႔က်င္ ဆႏၵျပသူေတြအေနနဲ႔ မေန႔က ညီညီညာညာ တန္းစီခ်ီတက္ကာ ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးေရး၊ ဖြဲ႔စည္းပံုအသစ္ ေရးဆြဲေရးနဲ႔ ဘုရင္စနစ္ေျပာင္းလဲေရး မိန္႔ခြန္းေတြ ေဟာေျပာခဲ့ၾကပါတယ္။
စစ္အာဏာသိမ္းေခါင္းေဆာင္ေဟာင္း ဝန္ႀကီးခ်ဳပ္ Prayuth Chan-o-Cha အေနနဲ႔ ဥပေဒသံုး ႏွိမ္နင္းဖို႔ ၿခိမ္းေျခာက္တာနဲ႔ အရင္ ဆႏၵျပေခါင္းေဆာင္မ်ားစြာကို ဘုရင္စနစ္ကို ေစာ္ကားမႈနဲ႔ တရားစြဲခဲ့ေပမယ့္ ဆႏၵျပပြဲေတြဟာ ဒီသီတင္းပတ္ထဲ ပိုမိုအင္အားတိုးလာေနပါတယ္။
ရာဂဏန္းေတြနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြအေနနဲ႔လည္း ဘန္ေကာက္ၿမိဳ႕ အေနာက္ေျမာက္နဲ႔ အေရွ႕ေတာင္ဘက္ရွိ Nonthaburi နဲ႔ Bang Na အရပ္ေတြမွာ စုေဝးဆႏၵျပခဲ့ၾကပါတယ္။
အသက္ ၂၄ ႏွစ္အရြယ္ မၾကာခင္က ဘြဲ႔ရခဲ့တဲ့ A လို႔ သူ႔အိမ္္နာမည္ေျပာတဲ့ ေက်ာင္းသူက ဒီ ေဖာက္ျပန္တဲ့ အာဏာရွင္စနစ္ဒဏ္ ႏွစ္ေပါင္းၾကာရွည္ ခံစားလာေနရၿပီ၊ ဒါေၾကာင့္ ျပည္သူ႔အသံကို ထင္ဟပ္ေစမယ့္ ေရြးေကာက္ပြဲေတြ အလိုရွိတယ္လို႔ ေဟာေျပာခဲ့ပါတယ္။
ဒီဆႏၵျပသူေတြက ဝန္ႀကီးခ်ဳပ္ Prayuth အေနနဲ႔ သူ႔အာဏာသိမ္းအစိုးရကို တရားဝင္ေစဖို႔ စိတ္ႀကိဳက္ဖြဲ႔စည္းပံုနဲ႔ ေရြးေကာက္ပြဲ က်င္းပခဲ့တာသာ ျဖစ္တယ္လို႔ ဆိုေနခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ဘက္ကေတာ့ မဲေပးခဲ့တာက တရားမွ်တမႈ ရွိခဲ့တာမို႔ ႏုတ္ထြက္စရာ မလုိဘူးလို႔ ျပန္ေျပာထားပါတယ္။
ဘုရင့္နန္းေတာ္အေနနဲ႔ေတာ့ ဘယ္လိုေၾကညာခ်က္မွ မထုတ္ေပမယ့္ လက္ရွိဘုရင္ကေတာ့ ဒီဆႏၵျပသူေတြအေပၚလည္း အားလံုးလိုပဲ ေမတၱာတရား ထားပါတယ္လို႔ ေျပာခဲ့ပါတယ္။
------------------------
(Unicode)
ထိုင်းဆန္ဒပြပွဲ ဘန်ကောက်ဆင်ခြေဖုံးကို ရောက်ရှိ
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေအနေနဲ့ မနေ့က ညီညီညာညာ တန်းစီချီတက်ကာ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးနဲ့ ဘုရင်စနစ်ပြောင်းလဲရေး မိန့်ခွန်းတွေ ဟောပြောခဲ့ကြပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် Prayuth Chan-o-Cha အနေနဲ့ ဥပဒေသုံး နှိမ်နင်းဖို့ ခြိမ်းခြောက်တာနဲ့ အရင် ဆန္ဒပြခေါင်းဆောင်များစွာကို ဘုရင်စနစ်ကို စော်ကားမှုနဲ့ တရားစွဲခဲ့ပေမယ့် ဆန္ဒပြပွဲတွေဟာ ဒီသီတင်းပတ်ထဲ ပိုမိုအင်အားတိုးလာနေပါတယ်။
ရာဂဏန်းတွေနဲ့ချီတဲ့ ဆန္ဒပြသူတွေအနေနဲ့လည်း ဘန်ကောက်မြို့ အနောက်မြောက်နဲ့ အရှေ့တောင်ဘက်ရှိ Nonthaburi နဲ့ Bang Na အရပ်တွေမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
အသက် ၂၄ နှစ်အရွယ် မကြာခင်က ဘွဲ့ရခဲ့တဲ့ A လို့ သူ့အိမ်နာမည်ပြောတဲ့ ကျောင်းသူက ဒီ ဖောက်ပြန်တဲ့ အာဏာရှင်စနစ်ဒဏ် နှစ်ပေါင်းကြာရှည် ခံစားလာနေရပြီ၊ ဒါကြောင့် ပြည်သူ့အသံကို ထင်ဟပ်စေမယ့် ရွေးကောက်ပွဲတွေ အလိုရှိတယ်လို့ ဟောပြောခဲ့ပါတယ်။
ဒီဆန္ဒပြသူတွေက ဝန်ကြီးချုပ် Prayuth အနေနဲ့ သူ့အာဏာသိမ်းအစိုးရကို တရားဝင်စေဖို့ စိတ်ကြိုက်ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တာသာ ဖြစ်တယ်လို့ ဆိုနေချိန်မှာ ဝန်ကြီးချုပ်ဘက်ကတော့ မဲပေးခဲ့တာက တရားမျှတမှု ရှိခဲ့တာမို့ နုတ်ထွက်စရာ မလိုဘူးလို့ ပြန်ပြောထားပါတယ်။
ဘုရင့်နန်းတော်အနေနဲ့တော့ ဘယ်လိုကြေညာချက်မှ မထုတ်ပေမယ့် လက်ရှိဘုရင်ကတော့ ဒီဆန္ဒပြသူတွေအပေါ်လည်း အားလုံးလိုပဲ မေတ္တာတရား ထားပါတယ်လို့ ပြောခဲ့ပါတယ်။