သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖဲြ႕စည္းပံုဆိုင္ရာတရားရံုး ဆံုးျဖတ္ခ်က္ ထိုင္း၀န္ႀကီးခ်ဳပ္လိုက္နာမည္


(Zawgyi/Unicode)

ထိုင္း စစ္တပ္ပိုင္ အိမ္ေတာ္မွာ ေနထိုင္တာက ဥပေဒကို ခ်ိဳးေဖာက္တာ ျဖစ္ေၾကာင္း ထိုင္း အေျခခံ ဥပေဒ ခုံ႐ုံးက မနက္ျဖန္မွာ ဆုံးျဖတ္မယ္ဆိုရင္ အဲဒီ ဆုံးျဖတ္ခ်က္ကို လက္ခံမွာ ျဖစ္တယ္လို႔ ထိုင္း ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က ေျပာပါတယ္။

အေျခခံ ဥပေဒ ခုံ႐ုံးရဲ့ ဆုံးျဖတ္ခ်က္ကို ေစာင့္ေမၽွာ္ေနေၾကာင္း၊ ဆုံးျဖတ္ခ်က္က ခုံ႐ုံးအေပၚမွာ မူတည္ေနေၾကာင္း၊ အေျဖတိတိ က်က် သိရဖို႔သာ ရွိေၾကာင္း၊ အျပစ္ရွိရင္ ရွိေၾကာင္းနဲ႔ အျပစ္ မရွိရင္ မရွိေၾကာင္း ခံယူမွာ ျဖစ္ေၾကာင္း ထိုင္း ဝန္ႀကီးခ်ဳပ္ Prayut က ေျပာပါတယ္။

အာဏာသိမ္းေခါင္းေဆာင္ကေန ဝန္ႀကီးခ်ဳပ္ ျဖစ္လာသူ Prayut Chan-o-cha က ထိုင္းစစ္တပ္ အႀကီးအကဲ ရာထူးကေန အနား ယူခဲ့ၿပီး ျဖစ္ေပမယ့္ စစ္တပ္ပိုင္အိမ္ေတာ္ရာမွာ ၂၀၁၄ ခုႏွစ္ကစၿပီး အခုအခ်ိန္အထိ ဆက္လက္ေနထိုင္ေနဆဲ ျဖစ္ပါတယ္။ဒါက ထိုင္းစစ္တပ္ ရဲ့ ဥပေဒ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ေနနိုင္တာလည္း ျဖစ္ပါတယ္။

ထိုင္း အေျခခံ ဥပေဒ ခုံ႐ုံးက အျပစ္ ရွိတယ္လို႔ ဆုံးျဖတ္ခ်က္ခ်ရင္ Prayut Chan-o-cha အေနနဲ႔ ဝန္ႀကီးခ်ဳပ္ ရာထူးကို စြန္႔လႊတ္ရမွာ ျဖစ္ၿပီး နိုင္ငံေရးလုပ္ကိုင္ခြင့္ ၂ ႏွစ္ၾကာ ပိတ္ပင္ခံရမွာလည္း ျဖစ္ပါတယ္။

အဲဒီလို ျဖစ္လာမယ္ဆိုရင္ေတာ့ ထိုင္း လူငယ္ ဆႏၵျပသမားေတြ ေတာင္းဆိုေနတဲ့ အခ်က္ ၃ ခ်က္ထဲက တစ္ခ်က္ ျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ ရာထူးက ႏုတ္ထြက္ေပးေရး ဆိုတဲ့ အခ်က္ကို ျဖည့္ဆည္းေပးလိုက္သလို ျဖစ္သြားမွာပါ။ က်န္တဲ့ ေတာင္းဆိုခ်က္ ႏွစ္ခ်က္က ေတာ့ အေျခခံ ဥပေဒ ျပန္လည္ ေရးဆြဲေရးနဲ႔ ထိုင္း စည္းမ်ဥ္းခံ ဘုရင္ စနစ္ ျပဳျပင္ေျပာင္းလဲေရးတို႔ပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဖွဲ့စည်းပုံဆိုင်ရာတရားရုံး ဆုံးဖြတ်ချက် ထိုင်းဝန်ကြီးချုပ်လိုက်နာမည်

(Unicode)

ထိုင်း စစ်တပ်ပိုင် အိမ်တော်မှာ နေထိုင်တာက ဥပဒေကို ချိုးဖောက်တာ ဖြစ်ကြောင်း ထိုင်း အခြေခံ ဥပဒေ ခုံရုံးက မနက်ဖြန်မှာ ဆုံးဖြတ်မယ်ဆိုရင် အဲဒီ ဆုံးဖြတ်ချက်ကို လက်ခံမှာ ဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် Prayut Chan-o-cha က ပြောပါတယ်။

အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြောင်း၊ ဆုံးဖြတ်ချက်က ခုံရုံးအပေါ်မှာ မူတည်နေကြောင်း၊ အဖြေတိတိ ကျကျ သိရဖို့သာ ရှိကြောင်း၊ အပြစ်ရှိရင် ရှိကြောင်းနဲ့ အပြစ် မရှိရင် မရှိကြောင်း ခံယူမှာ ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် Prayut က ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်ကနေ ဝန်ကြီးချုပ် ဖြစ်လာသူ Prayut Chan-o-cha က ထိုင်းစစ်တပ် အကြီးအကဲ ရာထူးကနေ အနား ယူခဲ့ပြီး ဖြစ်ပေမယ့် စစ်တပ်ပိုင်အိမ်တော်ရာမှာ ၂၀၁၄ ခုနှစ်ကစပြီး အခုအချိန်အထိ ဆက်လက်နေထိုင်နေဆဲ ဖြစ်ပါတယ်။ဒါက ထိုင်းစစ်တပ် ရဲ့ ဥပဒေ စည်းမျဉ်းတွေကို ချိုးဖောက်နေနိုင်တာလည်း ဖြစ်ပါတယ်။

ထိုင်း အခြေခံ ဥပဒေ ခုံရုံးက အပြစ် ရှိတယ်လို့ ဆုံးဖြတ်ချက်ချရင် Prayut Chan-o-cha အနေနဲ့ ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်ရမှာ ဖြစ်ပြီး နိုင်ငံရေးလုပ်ကိုင်ခွင့် ၂ နှစ်ကြာ ပိတ်ပင်ခံရမှာလည်း ဖြစ်ပါတယ်။

အဲဒီလို ဖြစ်လာမယ်ဆိုရင်တော့ ထိုင်း လူငယ် ဆန္ဒပြသမားတွေ တောင်းဆိုနေတဲ့ အချက် ၃ ချက်ထဲက တစ်ချက် ဖြစ်တဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးရေး ဆိုတဲ့ အချက်ကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားမှာပါ။ ကျန်တဲ့ တောင်းဆိုချက် နှစ်ချက်က တော့ အခြေခံ ဥပဒေ ပြန်လည် ရေးဆွဲရေးနဲ့ ထိုင်း စည်းမျဉ်းခံ ဘုရင် စနစ် ပြုပြင်ပြောင်းလဲရေးတို့ပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG