[Zawgyi/Unicode]
[Unicode Version]
မန္တလေးမြို့ ခရစ္စမတ် အကြို ပြင်ဆင်မှု မြင်ကွင်း
မန္တလေးတိုင်းမှာတော့ ကပ်ရောဂါကြောင့် ခရစ္စမတ်ကာလကို လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားပြီး ဘုရားရှစ်ခိုးကျောင်းတွေကလည်း ဝတ်ပြုဆုတောင်းသူတွေကို လူမှုကွန်ယက်ကနေတဆင့် ဝတ်ပြုဆုတောင်းနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။
မန္တလေးတိုင်း မန္တလေးခရိုင်ဟာ ရန်ကုန်ပြီးရင် ကူးစက်သူအများးဆုံးဖြစ်ပြီး မှာတော့ ကူးစက်သူ နေ့စဉ် ၂၀၀ ကျော်ရှိပါတယ်။ လက်ရှိအချိန်ထိ မန္တလေးတိုင်းမှာ ကူးစက်သူ အတည်ပြုလူနာ ၉,၄၀၀ ကျော်နဲ့ သေဆုံးသူ ၁၄၅ ဦးထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၆,၈၀၀ ကျော်ရှိပါတယ်။